RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-10
မြောက်ဦးမြို့နယ် လက္ကာကျေးရွာက ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေရဲ့ မိသားစုဝင်တွေကို စစ်တွေမြို့မှာ ၂ဝ၁၉ ခုနှစ် မေလ ၉ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာကနေဖမ်းဆီးခံရတဲ့လူ ၂၇ ဦးအနက် သုံးဦးဟာစစ်တွေတပ်နယ် မှာ စစ်ဆေးခံရချိန်အတွင်း သေဆုံးခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ အဖြစ်မှန်ကိုစုံစမ်းပြီး တာဝန်ရှိသူတွေ ကို အရေးယူပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။
လွတ်လပ်တဲ့ အာရှအသံ
2019-05-10

အရင် မူးယစ်ဆေးဝါးသုံးစွဲတဲ့ဒဏ်ကြောင့် သေဆုံးတယ်ဆိုတဲ့ ဦးမောင်သန်းနုဟာ ဆေးလိပ်၊ ကွမ်းယာ၊ အရက် သောက်သုံးတာတောင်မရှိဘူးလို့ သူ့ရဲ့ဇနီး ဒေါ်သန်းခင်ကြည်နဲ့ လက္ကာကျေးရွာက အိမ်နီးနား ချင်းတွေက RFA ကိုပြောဆိုသလို ကြိုးဆွဲချသေဆုံးတယ်ဆိုတဲ့ ဦးသန်းထွန်းစိန်ဟာလည်း ကျန်းမာရေး ကောင်းမွန်တာကြောင့် တပ်မတော်ဘက်က ထုတ်ပြန်ချက်အပေါ် ယုံကြည်မှုမရှိဘူးလို့ မိသားစုက ပြောပါ တယ်။
လူ သုံးဦး သေဆုံးတဲ့ကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံက မေလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ပြည် နယ် အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းခဲ့ရာမှာ ဦးမောင်သန်းနုဟာ ကျန်းမာရေးချို့တဲ့လာတဲ့အတွက် သေဆုံးတာလို့ ပြောဆိုခဲ့ပြီး တပ်မတော်ဘက်ကပြောသလို မူးယစ်ဆေးဝါးဒဏ်ကြောင့် သေဆုံးတယ်လို့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
RFA ရဲ့သတင်းရင်းမြစ်အချို့က ဖမ်းဆီးစစ်ဆေးခံရချိန်အတွင်း သေဆုံးတဲ့ကိစ္စအပေါ် တပ်မတော်ရဲ့ ထုတ်ပြန် ချက်ဟာ ပကတိအခြေအနေနဲ့ ကွဲလွဲနေတယ်လို့ ပြောဆိုတာကြောင့် ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ ကြည်လွင်ကို ဆက်သွယ်မေးမြန်းရာမှာ ဆေးရုံရဲ့မှတ်တမ်းတွေကို ထုတ်ဖော်ပြောဖို့ ငြင်းဆိုထားပါတယ်။
Link : Here
No comments:
Post a Comment