ဘူးသီးတောင်အခြေစိုက် စကခ (၁၅) မှ အရာရှိ ဗိုလ်မှူးတစ်ဦး၏ ဇနီး လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ပါဆယ် ဗုံးကြောင့် သေဆုံး
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အခြေစိုက် စကခ (၁၅) မှ အရာရှိ ဗိုလ်မှူးတစ်ဦး၏ အမျိုးသမီးမှာ ယ နေ့ဖေဖေါ်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ပေးပို့လိုက်သည့် ပါဆယ်ဗုံးပေါက် ကွဲ မှုကြောင့် သေဆုံးသွားကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးကော်မတီမှ ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက အကုန်သိသတင်းဌာနကို အတည်ပြုပြောကြားခဲ့သည်။
စကခ (၁၅)မှ အရာရှိ ဗိုလ်မှူး ကျော်စွာနှင့် သေဆုံးသွားသည့် ဇနီးဖြစ်သူ နန်းမို့မို့ဇော်တို့မှာ မင်္ဂလာဆောင် ထား သည်မှာ ရက် ပိုင်းမျှသာရှိသေးပြီး နေပြည်တော်မှ ဘူးသီးထောင်သို့ ပြောင်းရွေ့တာဝန်ထမ်းဆောင် ရသည့်အတွက် အိမ်ထောင်ပြောင်း ပစ္စည်း များ သည်ဆောင်လာစဉ် လက်နက်ကိုင်အဖွဲ့မှ အရပ်ဝတ် အဖွဲ့ များ မှ လက် ဆောင်ပစ္စည်းဟုဆိုကာ ပါဆယ်ဗုံး ထည့်ပေးလိုက် ခြင်းဖြစ်ကြောင်း သိရသည်။
“ မနေ့ညကမှ ရောက်တာပေါ့ကွာ။ မနေ့ညကမှ ရောက်တော့ ဒီမနက် ပစ္စည်းတွေချ၊ ဘာညာပေါ့။ ပေါက်ကွဲ တာကတော့ ဒီနေ့ မ နက်မှ ဖြစ်တာ။ သူ့ တပ်ရင်းရုံးမှာပေါ့။ သူ့အမျိုးသမီးက ရှမ်းပေါ့။ နန်းမို့မို့ဇော်လို့ခေါ် ပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အကုန်သိသတင်းဌာနကို ပြောသည်။အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက် ၍ ယနေ့ ဖေဖေါ်ဝါရီလ ၂၆ ရက် နံနက်ပိုင်းတွင် Facebook စာမျက်နှာများတွင် ပျံ့နှံ့နေခြင်း ဖြစ်ပြီး AA လက်နက်ကိုင်အဖွဲ့၏ လက် ချက်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေခြင်း ဖြစ်သည်။
ထွက်ပေါ်နေသော သတင်းများအရ မင်္ဂလာဆောင် လက်ဖွဲ့အဖြစ် AA လက်နက်ကိုင်အဖွဲ့မှ ပါဆယ်ဗုံးပေး ခဲ့ခြင်းဖြစ်ကြောင်း သ တင်းများထွက်ပေါ်နေခြင်းဖြစ်ပြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်၏ အတည်ပြုပြောကြား မှုတွင် အိမ်ထောင်ပြောင်း ပစ္စည်းများ တင် ဆောင်လာသည့်ကားဖြင့် ထည့်ပေးလိုက်ခြင်း ဖြစ်ကြောင်းသာ ပြောကြားခဲ့သည်။
Source – မျိုးသူအောင်ငြိမ်း (အကုန်သိသတင်းဌာန)
Link : Here
No comments:
Post a Comment