" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အမေရိကန်. Show all posts
Showing posts with label အမေရိကန်. Show all posts

Wednesday, March 30, 2022

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန် ထောက်ပံ့ငွေ ထပ်ပေး

RFA
လွတ်လပ်တဲ့အာရှအသံ
2022.03.30

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကုတုပလောင် ဒုက္ခသည်စခန်းအား ၂၀၂၂ မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: AFP 

မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း တုံ့ပြန်ရေးအစီအစဉ်ကို ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံက နောက် ထပ် ဒေါ်လာ ၁၅၂ သန်းကျော် ထည့်ဝင်မယ်လို့ မတ်လ ၂၉ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေး ဆိုခွင့်ရှိသူ Ned Price က ထုတ်ဖော်ပြောဆိုပါတယ်။

Tuesday, March 29, 2022

ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမေရိ ကန်၏ ဆုံးဖြတ်ချက်ကို အရပ်ဘက်လူထုအဖွဲ့အစည်းများ က ကြိုဆို

PV ( Prograssive Voice of Myanmar )
March 29th, 2022
Author: 357 Civil Society Organizations


 

၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်


ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမေရိကန်၏ ဆုံးဖြတ်ချက်ကို အရပ်ဘက်လူထုအဖွဲ့အစည်းများက ကြိုဆို
မြန်မာစစ်တပ်ခေါင်းဆောင်များကို တရားစွဲဆိုရမည်


နောက်ကျပြီးမှဖြစ်သော်လည်း ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာစစ်တပ်မှ ကျူး လွန်ခဲ့သည့် အကြမ်းဖက်မှုများက လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ မြောက်ကြောင်း တရားဝင်အသိအမှတ်ပြုသည့် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်ကို မြန်မာအရပ်ဘက် လူထု အဖွဲ့အစည်းများ၊ နှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်း ပေါင်း ၃၅၇ ဖွဲ့တို့က ကြိုဆိုလိုက်သည်။

ဤဆုံးဖြတ်ချက်သည် ရိုဟင်ဂျာများ၏ လေးနှစ်ကျော်ကြာအောင် မလျှော့သော ဇွဲလုံ့လ ကြိုးပမ်းအားထုတ်မှုနှင့် အတူ မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့်အရေးအဖွဲ့များ၏ သွေးစည်းညီညွတ်သော ပံ့ပိုးကူညီမှုတို့ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ရိုဟင်ဂျာများသည် ၎င်းတို့အတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာ စေ ရေး၊ နှင့် ၎င်းတို့၏ နိုင်ငံသားဖြစ်မှု ပြန်လည်ရရှိရေး၊ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်နှင့် ရခိုင်ပြည်နယ်တွင်ရှိ သော ၎င်းတို့၏ နေအိမ်များသို့ ဘေးကင်းလုံခြုံစွာဖြင့် ၎င်းတို့သဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန် နိုင်ရေး တို့အပါအဝင် ၎င်းတို့၏ အခွင့်အရေး ပြန်လည်အသိအမှတ်ပြုခံရရေးအတွက် ဆက်လက်ကြိုးစား လုပ် ဆောင်နေကြသည်။

Wednesday, March 23, 2022

လူမျိုးတုံးသတ်ဖြတ်မှု အမေရိကန် သတ်မှတ်ချက် ARSA အဖွဲ့ ကြိုဆို

RFA
Radio Free Asia
2022.03.23 

 ၂ဝ၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ရှိ Holocaust Museum လူမျိုးတုံးသတ်ဖြတ်မှု မှတ်တမ်းပြတိုက်မှာ မှတ်တမ်းများ ကြည့်ရူ့နေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်။

ရိုဟင်ဂျာတွေဟာ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ခံနေရတယ်လို့ အမေရိကန်ပြည်ထောင်စုက သတ် မှတ် လိုက်တာကို ကြိုဆိုကြောင်း ARSA ခေါ် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်က မတ်လ ၂၃ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

အရပ်သား အစိုးရတွေ အပါအဝင် မြန်မာအစိုးရ အဆက်ဆက်က ရိုဟင်ဂျာတွေကို လူမျိုးတုံးစေဖို့ လုပ်ဆောင်ခဲ့ တယ်လို့လည်း ဆိုပါတယ်။

 

Tuesday, March 22, 2022

လူမျိုးတုံးသတ်ဖြတ်မှု အမေရိကန် သတ်မှတ်ချက် မြန်မာစစ် ကောင်စီ ကန့်ကွက်

RFA
Radio Free Asia
2022.03.22

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အမေရိကန် အစိုးရရဲ့ သတ် မှတ်ချက်ကို အာဏာသိမ်း စစ်ကောင်စီဘက်က ကန့်ကွက်လိုက်ပါတယ်။

အမေရိကန် အစိုးရရဲ့ သတ်မှတ်ချက်ဟာ မမှန်ကန်တဲ့ အချက်အလက်တွေကို ကိုးကားဆုံးဖြတ်ခဲ့တာလို့ မတ်လ ၂၂ ရက် ဒီကနေ့ညပိုင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ တုံ့ပြန်ထားပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုကျူးလွန် ဟု အမေရိကန်အစိုးရ ဆုံးဖြတ်

ဧရာဝတီ

22 March 2022 

                                ၂၀၁၇ မောင်တောမြို့နယ်၊ ဂေါတုသာရရွာ မီးရှို့ခံရစဉ် / ဧရာဝတီ

မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု မြောက်ကြောင်း အမေရိကန် သမ္မတ ဘိုင်ဒင်အစိုးရက တရားဝင် ဆုံးဖြတ်လိုက်သည်။

ယင်းသည် အာဏာသိမ်း မြန်မာစစ်ကောင်စီကို အရေးယူရန် အားထုတ်မှုများအား အထောက်အကူ ဖြစ်နိုင် ကြောင်း ရိုဟင်ဂျာအရေး လှုပ်ရှားသူများက ပြောသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်ထော်နီ ဘလင်ကန်သည် ထိုဆုံးဖြတ်ချက်ကို ဝါရှင်တန်ရှိ အမေရိ ကန် လူမျိုးတုံးသတ်ဖြတ်မှု အမှတ်တရ ပြတိုက်တွင် တနင်္လာနေ့တွင် ကြေညာသည်။ ထိုပြတိုက်သည် လတ်တ လောတွင် ရိုဟင်ဂျာတို့၏ ဆိုးရွားလှသော ကံကြမ္မာနှင့် ပတ်သက်သည့် ပြပွဲတခု ကျင်းပနေသည်။

Monday, March 21, 2022

မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန် ခဲ့ဟု အမေရိကန်အစိုးရ သတ်မှတ်

DVB
Published By DVB | 21 March, 2022

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသား မျိုး နွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ သမ္မတဘိုင်ဒင်အစိုးရအဖွဲ့က တရားဝင်သတ် မှတ် ဆုံးဖြတ်ထားကြောင်း အမေရိကန်အရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။


လက်ရှိ ရိုဟင်ဂျာဒုက္ခသည်များဆိုင်ရာ ပြပွဲကို ပြသထားတဲ့ ဝါရှင်တန်ရှိ US Holocaust Memorial ပြတိုက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က တနင်္လာနေ့ကျရင် ဒီဆုံးဖြတ်ချက်ကို ကြေညာမှာလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

Tuesday, January 11, 2022

အမေရိကန်တို့ အဘယ်ကြောင့် အာဖဂန်နစ္စတန် တွင် မအောင်မြင်ခဲ့ရသနည်း - ကစ်ဆင်ဂျား

ဘာသာပြန်ဆောင်းပါး
25-08-2021

အမေရိကန်တို့ အဘယ်ကြောင့် အာဖဂန်နစ္စတန် တွင် မအောင်မြင်ခဲ့ရသနည်း - ကစ်ဆင်ဂျား

(ဩဂုတ် ၂၅ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းတွင် ပါရှိသည့် အမေရိကန် နိုင်ငံခြားရေး မူဝါဒ ဂုရုကြီး ဖြစ် ခဲ့သည့် ဟင်နရီ ကစ်ဆင်ဂျား ရေးသားသည့် “Why American failed in Afghanistan” ဆောင်းပါးကို ပြန်လည် တင်ပြသည်)

Thursday, September 23, 2021

ရိုဟင်ဂျာတွေအတွက် အမေရိကန်က နောက်ထပ်ဒေါ်လာ သန်း ၁၈၀ ကူညီမည်

VOA
VOA (မြန်မာပိုင်း)
23 စက်တင်ဘာ၊ 2021

 ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield (အလယ်)

ရိုဟင်ဂျာ မွတ်ဆလင်တွေအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၁၈၀ နီးပါး ကူညီမယ့်အကြောင်း အမေရိကန် ပြည်ထောင်စုက ကြေညာလိုက်ပါတယ်။

Monday, June 7, 2021

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အမေရိကန်ရဲ့ အကူအညီ (SW/TKK) Editorial

VOA
အမေရိကန်အစိုးရမူဝါဒ
June 04, 2021
Cox's Bazar ဒုက္ခသည်စခန်းတွင် ရိုဟင်ဂျာတဦးရေချိုးနေစဉ် (ဓာတ်ပုံ-Courtesy)

အကူအညီတွေ အပူတပြင်းလိုအပ်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ၊ ဘင်္ဂလားဒက်ရှ်နိုင်ငံက ဒုက္ခသည်တွေကို လက်ခံထားတဲ့ အသိုင်းအဝိုင်းနဲ့ ဆက်လက်ဖြစ်ပွားနေဆဲ၊ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ရခိုင်၊ ကချင်၊ ရှမ်းနဲ့ ချင်းပြည်နယ်က ပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စုက လူမှုရေးစာနာမှု အေ ထာက်အပံ့အတွက် နောက်ထပ် ဒေါ်လာ ၁၅၅ သန်းပံ့ပိုးမှာဖြစ်ပါတယ်။

Wednesday, May 5, 2021

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကုလသမဂ္ဂ ကိုယ် စားလှယ် ဦးကျော်မိုးထွန်းကို အမေရိကန် ကွန်ဂရက်အမတ် ဘရတ်ရှာမန်းမေးမြန်းခဏ်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကုလသမဂ္ဂကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို အမေရိကန် ကွန်ဂရက်အမတ် ဘရတ်ရှာမန်းမေးမြန်းခဏ်း
https://twitter.com/BradShe.../status/1389675308538859527...

 
မေး - အခုဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၂၈ယောက်မှာ ရိုဟင်ဂျာတစ်ယောက်မှ မပါဘူး။
(၁) ရိုဟင်ဂျာတွေကို အမျိုးသားညီညွတ်ရေးအစိုးရမှာ ထည့်ပေးဖို့ အစီအစဉ်ရှိလား။
(၂) မြန်မာပြည်နဲ့ ဒုက္ခသည်စခန်းမှာ မွေးတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပါမယ်လို့ NUGအစိုးရက ကြေညာမလား။ (ဘရက်အဒမ် အမတ်)

ဖြေ - အခုလို ဖြေဆိုခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ ကျနော်အထက်မှာ ပြောခဲ့တဲ့အတိုင်း စစ်အစိုးရကို အဓိက တိုက်ခိုက်ပြီးတဲ့နောက် ကျနော်တို့ဟာ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေကို ပိုမိုကာကွယ်ပေးနိုင်တဲ့ အနေ အထားမှာ ရှိနေမှာဖြစ်တယ်။ (NUGအစိုးရ၏ ကုလသံ ဦးကျော်မိုးထွန်း)

Thursday, May 14, 2020

မြန်မာ့လူ့အခွင့်အရေး တိုးတက်အောင် ဆောင်ရွက်ပေးဖို့ ကန် နိုင်ငံခြားရေးဝန်ကြီးကို လူ့အခွင့်အရေးဖွဲ့ ၆၄ ဖွဲ့ တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
14 ေမ၊ 2020  
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေတိုးတက်လာစေဖို့အရေး အရေးယူ ဆောင်ရွက်ပေး ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ကို တိုက်တွန်းတောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာ တစ် စောင်ကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ ၆၄ခုကပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။

Sunday, February 16, 2020

ရခိုင်စစ်ပွဲ ကလေးငယ်များထိခိုက်မှု စိုးရိမ်ကြောင်း အမေ ရိကန်၊ ဗြိတိန်နှင့် ကနေဒါသံရုံးတို့မှ ကြေညာချက် ထုတ်ပြန်

နိရဉ္စရာ
ဆောင်းဇာခြည်
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၅/ ၂၀၂၀



ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးငယ်များ ထိခိုက် ဒဏ်ရာရရှိ မှုများရှိနေသည့် အပေါ် ရန်ကုန်အခြေစိုက် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါသံရုံးတို့မှ စိုးရိမ်ကြောင်း ကြေ ညာချက်များ အသီးသီးထုတ်ပြန်ခဲ့သည်။

Thursday, November 7, 2019

လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ကန် သတိပေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
07 နိုဝင်ဘာ၊ 2019
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်များ (နိုဝင်ဘာ၊ ၁၅၊၂၀၁၈)
 
ဘင်္ဂလားဒေ့ရှ် အစိုးရက လူမှောင်ခိုမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် မလုပ်နိုင်ဘူး ဆို ရင် အမေရိကန်က အကူအညီ အထောက်အပံ့တွေ ဖြတ်တောက်မှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

Tuesday, July 30, 2019

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆီကို ဒီနေ့ (ဇူလိုင်လ ၂၉) ရေးတဲ့စာ

အမေရိကန်ကွန်ဂရက် နိုင်ငံခြားရေးရာကော်မီတီ က -

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆီကို ဒီနေ့ (ဇူလိုင်လ ၂၉) ရေးတဲ့စာမှာ ပါတဲ့အချက်တွေက -

(၁) မင်းအောင်လှိုင်၊ ဗိုလ်ချုပ် (၃) ဦးနဲ့ မိသားစုတွေကို အမေရိကားကို ခရီးသွားလာခွင့် ပိတ်ပင်တာက လုံလောက်တဲ့ ဒဏ်ခတ်အရေးယူမှု မဟုတ်တဲ့အကြောင်း

(၂) ဒီထက် ပြင်းထန်တဲ့ ဘဏ္ဍာရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေ၊ အခြား အကျိုးသက်ရောက်မှုရှိတဲ့ ဒဏ်ခတ်အရေး ယူမှု လုပ်ဖို့ အကြောင်း

(၃) ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်နဲ့အစိုးရက ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို အမေရိကန်အစိုးရက - ဂျီနိုဆိုက် -- လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ဖို့ အကြောင်း

ဒီစာကို လက်မှတ်ထိုးထားတဲ့ထဲမှာ -- ဟိုတလောက ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံမှာ အကာအကွယ် မပေးနိုင်ဘူးဆိုရင် အာရ်ကာန်ဒေသကို ဘင်္ဂလားဒေ့ရှ်ကို လွှဲပြောင်းပေးလိုက်ဖို့ အဆိုတင်ခဲ့တဲ့ Brad Sherman လည်းပါတယ်။

Friday, July 19, 2019

ရိုဟင်ဂျာနှိပ်ကွပ်မူ ကန်အရေးယူပုံ ယန်ဟီးလီ ဝေဖန်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
19 ဇူလိုင်၊ 2019
ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူ့အခွင့်ရေး ချိုးဖောက်မှု ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်ခေါင်း ဆောင် တွေအပေါ် အမေရိကန်အစိုးရရဲ့ ဒီသီတင်းပတ်အတွင်း ချမှတ်လိုက်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေဟာ လုံလောက်မှု မရှိဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းရေးမှူး Yanghee Lee က ကြာ သပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ပြစ်မှု ကန်လျစ်လျူ ရှုမည် မဟုတ်

VOA  
ဗွီအိုအေ (မြန်မာဌာန
19 ဇူလိုင်၊ 2019
ဒေါ်ခင်မျိုးသက်
   အမေရိကန်ဒုသမ္မတ Mike Pence
မြန်မာနိုင်ငံက လူနည်းစု ရိုဟင်ဂျာမူဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အမေရိကန်ပြည် ထောင်စုအနေနဲ့ လျစ်လျူရှုထားမှာ မဟုတ်ကြောင်း အမေရိကန်ဒုသမ္မတ Mike Pence က ကြာသပေ တးနေ့မှာ ပြောကြားလိုက်ပါတယ်။

Thursday, July 4, 2019

ရခိုင်ဒေသတချို့ဘင်္ဂလားဒေ့ရှ် လွှဲပေးရေးအမေရိကန် ပြော ဆိုမှု ကန့်ကွက်ရန် စဉ်းစားနေဟု ဆို

ဧရာဝတီ
By ထက်နိုင်ဇော်
4 July 2019
ဘင်္ဂလာဒေ့ရှ် နယ်စပ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဤသို့တွေ့ရ / ဧရာဝတီ


အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ ကြားနာမှုတခုတွင် မြန်မာနိုင်ငံအနေဖြင့် ရခိုင် ပြည်နယ် က မွတ်စလင်များ နေထိုင်သည့် အစိတ်အပိုင်းတခုကို ဘင်္ဂလားဒေ့ရှိသို့ လွှဲပြောင်းပေးရေး လွှတ်တော် အမတ် တဦး၏ ပြောဆိုမှုကို တရားဝင် ကန့်ကွက်ရန် မြန်မာ အစိုးရက စဉ်းစားနေသည်ဟု ဆိုသည်။

Sunday, June 30, 2019

ရခိုင်နဲ့ ချင်း Internet ပြန်ဖွင့်ပေးဖို့ ကန် တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
30 ဇွန်၊ 2019
 ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်းစေတီပုထိုးများ (နိုဝင်ဘာ၊ ၀၈၊ ၂၀၁၂)

တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွင်းက ဒေသတွေမှာ မြန်မာ အစိုးရဘက်က အင်တာနက်ဖြတ်တောက်ထားတာကို အမြန်ဆုံး ပြန်ပြီး ဖွင့်ပေးဖို့ အမေရိကန်က စနေနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

Wednesday, June 26, 2019

တပ်မတော်ကို အရေးယူရေးဥပဒေ အတည်ပြုရေး အမေရိကန် အမတ်များ စတင်လှုပ်ရှား

ဧရာဝတီ
By နန်းလွင်
25 June 2019

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့သော မြန်မာ့တပ်မတော် ပူးတွဲလေ့ကျင့်ရေးတခု / Reuters

မြန်မာ့တပ်မတော်ကို အရေးယူရန် အမေရိကန် အောက်လွှတ်တော်မှ ဒီမိုကရက်နှင့် ရီပတ်ဗလစ်ကန် နှစ်ပါ တီ လုံးမှ အမတ်များပါဝင်သော အမေရိကန် နိုင်ငံခြားဆက်ဆံရေးကော်မတီက ဥပဒေကြမ်းတရပ်ကို ပြီးခဲ့သည့်အ ပတ်က မဲခွဲ အတည်ပြုလိုက်ပြီး ထိုဖြစ်ရပ်သည် ရခိုင်ပြည်နယ် ရိုဟင်ဂျာအကျပ်အတည်းအတွက် တပ်မတော်ကို ဖိအားပေးရန် ပြည်ပမှ မကြာသေးမီက အားထုတ်မှုသစ်ဖြစ်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */