" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, July 19, 2019

ရိုဟင်ဂျာနှိပ်ကွပ်မူ ကန်အရေးယူပုံ ယန်ဟီးလီ ဝေဖန်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
19 ဇူလိုင်၊ 2019
ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူ့အခွင့်ရေး ချိုးဖောက်မှု ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်ခေါင်း ဆောင် တွေအပေါ် အမေရိကန်အစိုးရရဲ့ ဒီသီတင်းပတ်အတွင်း ချမှတ်လိုက်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေဟာ လုံလောက်မှု မရှိဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းရေးမှူး Yanghee Lee က ကြာ သပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေ အစုလိုက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက အပြင်းထန်ဆုံး အရေးယူမှု တခုအဖြစ်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင် ၄ ဦးကို ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ပြီး အရေးယူဒဏ်ခတ်မှု ချမှတ်လိုက် တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီစစ်ဗိုလ်ချုပ်ကြီးတွေဟာ ဘယ်တုန်းကမှ အမေရိကန်ပြည်ထောင်စုကို မလာတဲ့အတွက် ဒါကို လက်တွေ့ကျကျ စဉ်စားဖို့ ကုလ အထူးကိုယ်စားလှယ်က ပြောကြားလိုက်တာပါ။ အခုလို ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်တာက လုံလောက်မှု မရှိကြောင်းနဲ့ ဒီစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့ပါ တောင်း ဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ ဆိုးဝါးလှတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေအတွက် တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ သက်ဆိုင်ရာ မိသားစုဝင်တွေ အပေါ် အမေရိကန်နိုင်ငံခြားရေးဌာနက ဇူလိုင်လ ၁၆ ရက်နေ့မှာ ဒဏ်ခတ် ပိတ် ဆို့မှု အသစ် ချမှတ်ခဲ့တာပါ။ ဒီဆိုးဝါးတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှုတွေ အတွင်း ဥပဒေမဲ့ သတ်ဖြတ်မှုတွေ ပါဝင်နေတာ ဖြစ်ပြီး ဒီ့အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှုး ကြီး စိုးဝင်း၊ ဗိုလ်ချုပ်သန်းဦး နဲ့ ဗိုလ်ချုပ် အောင်အောင် တို့ကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ပြီး အရေးယူခဲ့တာ ဖြစ်ပါတယ်။ ကုလ အထူးကိုယ်စားလှယ် ကတော့ ရိုဟင်ဂျာအရေး ၂၀၁၈ ကုလစုံစမ်းရေးမှူးတွေရဲ့ အစီရင် ခံစာ ထဲမှာ ထည့်သွင်းထားတဲ့ သူတို့ ၄ ဦးအပြင် နောက်ထပ် စစ်ခေါင်းဆောင် ၂ ဦးကိုပါ ဖြည့်စွက် ထည့် သွင်း အရေးယူပေးဖို့ တောင်းဆိုပါတယ်။

ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာဘက်ကတော့ ဒီလူ့အခွင့်ရေးချိုးဖောက်မှုတွေ ကျူးလွန် ခြင်းမရှိဘူးလို့ ငြင်းဆိုထားတာပါ။ ကုလ အထူးကိုယ်စားလှယ် Yanghee Lee ဟာ အခုခရီးစဉ်အတွင်း တွေ့ ရှိ ချက်တွေကို အစီရင်ခံစာရေးသားပြီး စက်တင်ဘာမှာကျင်းပမယ့် လူ့အခွင့်အရေးကောင်စီနဲ့ အောက်တို ဘာမှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံတို့မှာ တင်ပြသွားဖို့ ရှိပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */