အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကုလသမဂ္ဂကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို အမေရိကန် ကွန်ဂရက်အမတ် ဘရတ်ရှာမန်းမေးမြန်းခဏ်း
မေး - အခုဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၂၈ယောက်မှာ ရိုဟင်ဂျာတစ်ယောက်မှ မပါဘူး။
(၁) ရိုဟင်ဂျာတွေကို အမျိုးသားညီညွတ်ရေးအစိုးရမှာ ထည့်ပေးဖို့ အစီအစဉ်ရှိလား။
(၂) မြန်မာပြည်နဲ့ ဒုက္ခသည်စခန်းမှာ မွေးတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပါမယ်လို့ NUGအစိုးရက ကြေညာမလား။ (ဘရက်အဒမ် အမတ်)
ဖြေ - အခုလို ဖြေဆိုခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ ကျနော်အထက်မှာ ပြောခဲ့တဲ့အတိုင်း စစ်အစိုးရကို အဓိက တိုက်ခိုက်ပြီးတဲ့နောက် ကျနော်တို့ဟာ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေကို ပိုမိုကာကွယ်ပေးနိုင်တဲ့ အနေ အထားမှာ ရှိနေမှာဖြစ်တယ်။ (NUGအစိုးရ၏ ကုလသံ ဦးကျော်မိုးထွန်း)
မေး - ခဏလောက် ဖြတ်ပြောပါရစေ။ ခင်ဗျားတို့အစိုးရက စစ်တပ်အစိုးရထက်တော့ သာမှာပေါ့ဗျာ။ သို့သော် ခင်ဗျားအခုလို (ပေါ့ပေါ့တန်တန်) ပြောလိုက်ပုံက အင်မတန့်အင်မတန် နိမ့်ကျတဲ့ အဆင့်လေးဖြစ်နေတယ်။ ခင်ဗျားတို့က မြန်မာပြည်နဲ့ ဒုက္ခသည်စခန်းတွေမှာမွေးတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် လက်ခံမလား။ လက်မခံဘူးလားကို ဖြေပေးပါ။
ဖြေ - အခုလိုမေးတာ ကျေးဇူးတင်ပါတယ်။ စစ်အစိုးရကို ဖြုတ်ချပြီးတဲ့နောက် တည်ဆဲဥပဒေတွေက ဆက် လက်တည်ရှိနေမှာဖြစ်တယ်။ သို့သော် ၁၉၈၂ နိုင်ငံသားဥပဒေ အပါအဝင် နိုင်ငံတကာစံချိန်နဲ့ မကိုက်ညီတဲ့ တည်ဆဲဥပဒေတွေကို ကျနော်တို့ ပြင်သွားမှာဖြစ်တယ်။
မေး - ဆာ၊ ဒီတည်ဆဲဥပဒေတွေက ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်က ငြင်းပယ်နေခဲ့တာဖြစ်ပြီး၊ ဒီတည်ဆဲ ဥပဒေတွေကြောင့် ရိုဟင်ဂျာတွေ အသတ်ခံခဲ့ရတာဖြစ်တယ်။ စစ်အာဏာမသိမ်းခင်က ခင်ဗျားကို သံအမတ် အဖြစ် ခန့်ခဲ့တဲ့ အစိုးရကဘဲ ရိုဟင်ဂျာတွေကို ဂျီနိုဆိုက်(အစုလိုက် အပြုံလိုက်)သတ်ခဲ့ကြတာလည်း ဖြစ် တယ်။ ခင်ဗျားတို့ အမျိုးသားညီညွတ်ရေးအစိုးရက ရိုဟင်ဂျာအပါအဝင် မြန်မာပြည်မှာ မွေး ဖွားကြသူတွေ အားလုံးကို နိုင်ငံသားအဖြစ် ပေးမလား
ဖြေ - တည်ဆဲဥပဒေအရ မြန်မာပြည်မှာမွေးပြီး နိုင်ငံသားဖြစ်သင့်သူတွေကို နိုင်ငံသားပေးပါမယ်လို့ ကျနော်တို့ ရှင်းရှင်းလင်းလင်း ဖြေထားပါတယ်။
မေး - ခင်ဗျားပြောတဲ့တည်ဆဲ ဥပဒေတွေကဘဲ သူတို့ရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ထားတယ်။ တည်ဆဲ ဥပဒေအရ သူတို့အဖိုးအဖွားတွေ မြန်မာပြည်မှာ မွေးတာတောင်မှ နိုင်ငံသား မပေးခဲ့ဘူး။ ဒီကြားထဲက တည် ဆဲဥပဒေတွေကို ဆက်လက်ထားရှိအုံးမယ် ဆိုကတည်းက ခင်ဗျားက ဘာနဲ့တူသလဲဆိုတော့ “ငါတို့ကနာဇီအစိုးရကို ဖြုတ်ချမယ်။ သို့သော် နာဇီဂျာမဏီရဲ့ ဥပဒေတွေကိုတော့ ဆက်လက် ကျင့်သုံးသွားမယ်”လို့ ပြော နေသလိုဘဲ။
ဖြေ - ကျနော်ကတော့ အဲလိုမမြင်ပါဘူး။ ပြီးခဲ့တဲ့ NLDအစိုးရလက်ထက်ကတည်းက တည်ဆဲဥပဒေ (၁၉၈၂ နိုင်ငံသား ဥပဒေ)အရ ရိုဟင်ဂျာတွေ အများအပြား (အကုန်မဟုတ်)က နိုင်ငံသားဖြစ်နိုင်ပါတယ် ဆိုတာကို ကျနော် ရှင်းရှင်းလင်းလင်း ပြောနိုင်ပါတယ်။
Link : Here
No comments:
Post a Comment