" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, July 30, 2019

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆီကို ဒီနေ့ (ဇူလိုင်လ ၂၉) ရေးတဲ့စာ

အမေရိကန်ကွန်ဂရက် နိုင်ငံခြားရေးရာကော်မီတီ က -

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆီကို ဒီနေ့ (ဇူလိုင်လ ၂၉) ရေးတဲ့စာမှာ ပါတဲ့အချက်တွေက -

(၁) မင်းအောင်လှိုင်၊ ဗိုလ်ချုပ် (၃) ဦးနဲ့ မိသားစုတွေကို အမေရိကားကို ခရီးသွားလာခွင့် ပိတ်ပင်တာက လုံလောက်တဲ့ ဒဏ်ခတ်အရေးယူမှု မဟုတ်တဲ့အကြောင်း

(၂) ဒီထက် ပြင်းထန်တဲ့ ဘဏ္ဍာရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေ၊ အခြား အကျိုးသက်ရောက်မှုရှိတဲ့ ဒဏ်ခတ်အရေး ယူမှု လုပ်ဖို့ အကြောင်း

(၃) ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်နဲ့အစိုးရက ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို အမေရိကန်အစိုးရက - ဂျီနိုဆိုက် -- လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ဖို့ အကြောင်း

ဒီစာကို လက်မှတ်ထိုးထားတဲ့ထဲမှာ -- ဟိုတလောက ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံမှာ အကာအကွယ် မပေးနိုင်ဘူးဆိုရင် အာရ်ကာန်ဒေသကို ဘင်္ဂလားဒေ့ရှ်ကို လွှဲပြောင်းပေးလိုက်ဖို့ အဆိုတင်ခဲ့တဲ့ Brad Sherman လည်းပါတယ်။







































Link : Here
 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */