Thursday, September 23, 2021

ရိုဟင်ဂျာတွေအတွက် အမေရိကန်က နောက်ထပ်ဒေါ်လာ သန်း ၁၈၀ ကူညီမည်

VOA
VOA (မြန်မာပိုင်း)
23 စက်တင်ဘာ၊ 2021

 ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield (အလယ်)

ရိုဟင်ဂျာ မွတ်ဆလင်တွေအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၁၈၀ နီးပါး ကူညီမယ့်အကြောင်း အမေရိကန် ပြည်ထောင်စုက ကြေညာလိုက်ပါတယ်။

“လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံနဲ့ ပြည်ပမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာတွေ၊ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူမှုအသိုင်းအဝန်းအတွက် နောက် ထပ် ဒေါ်လာသန်း ၁၈၀ နီးပါး အကူအညီပေးဖို့ ဝမ်းမြောက်ဝမ်းသာ ကြေညာလိုပါတယ်။” လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ဗုဒ္ဓဟူးနေ့မှာပဲ ပြောဆိုလိုက်တာပါ။

၁၅၈ သန်းကိုတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက အစီအစဉ်တွေအတွက် သုံးစွဲမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ရိုဟင်ဂျာတွေအတွက် ကာကွယ်စောင့်ရှောက်မှု၊ ခိုလှုံစရာ၊ အစားအစာ၊ သောက်သုံးရေ၊ ကျန်းမာရေး စောင့် ရှောက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတွေအတွက် အထောက်အကူ ပေးမှာ ဖြစ်ကြောင်းလည်း သံအ မတ်ကြီးက ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ မြန်မာစစ်အာဏာပိုင်တွေကို အမေရိကန်က မနားမနေ ဖိအားပေး ကြိုးပမ်းနေတဲ့ တချိန်တည်းမှာပဲ နိုင်ငံတကာ အသိုင်းအဝန်း အနေနဲ့ ရိုဟင်ဂျာတွေအတွက် ရေရှည်အဖြေရှာဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ နယ်ခြားစောင့် ကင်းစခန်းတချို့ကို ARSA ရိုဟင်ဂျာ အစွန်းရောက်တွေက ၂၀၁၇ ခုနှစ် တုန်းက တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် နောက်ဆက်တွဲ သိန်းနဲ့ချီတဲ့ ဒုက္ခ သည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် တိမ်းရှောင်သွားခဲ့ကြတာပါ။

မြန်မာအာဏာပိုင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်မခံပေမဲ့ ရခိုင်ပြည် နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို စိစစ်လက်ခံမှာ ဖြစ်ကြောင်း ပြောဆိုထားပြီး၊ ဘင်္ဂ လားဒေ့ရှ် နိုင် ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သီးခြားစီ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါပေမဲ့လည်း လက်တွေ့မှာတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အထမမြောက်သေးသလို၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အရေး ဘယ်လို ဆက်လက် ကိုင်တွယ်မလဲ ဆိုတာကလည်း ရှင်းရှင်းလင်းလင်းတော့ မရှိသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရကတော့ ရိုဟင်ဂျာတွေ အပါ အဝင် လူနည်းစုတွေ လူ့အခွင့်အရေးကို အကာကွယ်ပေးဖို့နဲ့ ၁၉၈၂ နိုင်ငံသားဖြစ်ရေး ဥပဒေတွေကို ပြန် လည်ပြင်ဆင်ဖို့ ကတိပြုထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */