Thursday, May 14, 2020

မြန်မာ့လူ့အခွင့်အရေး တိုးတက်အောင် ဆောင်ရွက်ပေးဖို့ ကန် နိုင်ငံခြားရေးဝန်ကြီးကို လူ့အခွင့်အရေးဖွဲ့ ၆၄ ဖွဲ့ တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
14 ေမ၊ 2020  
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေတိုးတက်လာစေဖို့အရေး အရေးယူ ဆောင်ရွက်ပေး ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ကို တိုက်တွန်းတောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာ တစ် စောင်ကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ ၆၄ခုကပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။

မေလ ၁၂ ရက်နေ့ရက်စွဲနဲ့ အဲဒီ ကြေညာချက်မှာ မြန်မာ နိုင်ငံအတွင်း မြန်မာ အစိုးရနဲ့ မြန်မာစစ်တပ်က တိုင်း ရင်းသား နဲ့ လူနည်းစု ဘာသာဝင် တွေရဲ့ အခွင့်အရေးကို ချိုးဖောက်နေတာ ရပ်ဆိုင်းသွားအောင် အမေရိကန် အစိုးရအနေနဲ့ သံတမန်ရေးအရ ဖိအား ပေးရမယ်လို့ အမေရိကန် ဂျူးအခွင့်အရေးအဖွဲ့တစ်ခု ဖြစ်တဲ့ American Jewish World Service က လူ့အခွင့်အရေး အဖွဲ့ ၆၄ ဖွဲ့ ကိုယ်စားထုတ်ပြန်တဲ့ ကြေညာ ချက်မှာတောင်းဆိုထားပါတယ်။
မြန်မာအစိုးရက မီဒီယာတွေအပေါ်ထိုးနှက်တိုက်ခိုက်နေမှုနဲ့ အင်တာနက် ဖြတ်တောက်ပြီး တိုင်းရင်းသားနဲ့ လူနည်းစု ဘာသာဝင်တွေအကြား သတင်းအချက်အလက် စီးဆင်းမှုကို ပိတ်ဆို့ တာတွေ အပါအဝင် ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ အတွက် စိုးရိမ် ပူပန်မိတယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

COVID-19 ကပ်ရောဂါ စမ်းသပ် ကိရိယာတွေ၊ ကျန်းမာရေး ဝန်ဆောင်မှုနဲ့ လူသားချင်း စာနာမှု အထောက် အပံ့တွေ တိုင်းရင်းသားတွေနဲ့ လူနည်းစု ဘာသာဝင်တွေအပါအဝင် လူတိုင်းဆီကို ရောက်ဖို့ မြန်မာအစိုးရက ဆောင် ရွက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

လူ့အခွင့်အရေးအဖွဲ့ ၆၄ ဖွဲ့ရဲ့ အိတ်ဖွင့်စာထဲမှာတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ မေတ္တာရပ်ခံချက်နဲ့အညီ မြန်မာနိုင်ငံအတွင်း အပစ်အခတ်ရပ်စဲကြဖို့ကို အဓိက တောင်းဆိုထားသလို မြန်မာ အစိုးရကသတင်းသမားတွေကို တိုက်ခိုက်နေမှုနဲ့ အင်တာနက်လိုင်းတွေ ပိတ်ပင်ထားတာကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုထားပါတယ်။

မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကတော့ မြန်မာ နိုင်ငံအတွင်း အကြမ်းဖက်အဖွဲ့အစည်းလို့ သတ် မှတ်ထားတဲ့ အဖွဲ့အစည်းတွေရှိတဲ့နေရာတွေကလွဲပြီး ကျန်တဲ့နေရာတွေမှာ မေလ ၁၀ ရက်နေ့ ကနေ သြဂုတ်လ ၃၁ ရက်နေ့အထိ အပစ်အခတ် ရပ်စဲသွားမှာ မေလ ၉ ရက်က ကြေညာထားခဲ့ပါတယ်။ လက်ရှိမှာ အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် အစိုးရက သတ်မှတ်ကြေညာထားတာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ARSA အဖွဲ့တို့ရှိပြီး တိုက်ပွဲတွေ အများဆုံးဖြစ် နေတာ ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပတ်ဝန်းကျင်မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲ အင်တာနက် ပိတ်ပင် ခံ ထားရတဲ့ မြို့နယ် ၈ ခုအနက် မောင်းတောမြို့နယ်မှာ မေလ ၂ ရက်နေ့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးခဲ့ပေမယ့် တခြားမြို့နယ်တွေမှာတော့ အင်တာနက် ပိတ်ပင် ခံနေရဆဲ ဖြစ်ပါတယ်။အင်တာလိုင်းတွေကတဆင့် လက်ရှိဖြစ်ပွား နေတဲ့ COVID-19 ရောဂါနဲ့ ပတ်သတ်ပြီး သတင်းအချက်တွေရယူနိုင်တာကြောင့် ရခိုင်မြောက်ပိုင်းက မြို့နယ်တွေနဲ့ ချင်းပြည်နယ်က ပလက်ဝ မြို့ နယ်တွေကို အင်တာလိုင်းဖြတ် တောက်ထားတာနဲ့ ပတ်သတ်ပြီး ပြန်ဖွင့်ပေးဖို့၊ ကုလသမဂ္ဂ အပါအဝင် နိုင် ငံတကာရော ပြည်တွင်းက လွှတ်တော်အမတ်တွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက တောင်းဆိုထား ကြပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */