" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, July 19, 2019

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ပြစ်မှု ကန်လျစ်လျူ ရှုမည် မဟုတ်

VOA  
ဗွီအိုအေ (မြန်မာဌာန
19 ဇူလိုင်၊ 2019
ဒေါ်ခင်မျိုးသက်
   အမေရိကန်ဒုသမ္မတ Mike Pence
မြန်မာနိုင်ငံက လူနည်းစု ရိုဟင်ဂျာမူဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အမေရိကန်ပြည် ထောင်စုအနေနဲ့ လျစ်လျူရှုထားမှာ မဟုတ်ကြောင်း အမေရိကန်ဒုသမ္မတ Mike Pence က ကြာသပေ တးနေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း ကနေ ရိုဟင်ဂျာ ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးကြရတဲ့ အခြေ အနေတွေနဲ့ ဆက်စပ်ပြီး တာဝန်ရှိတဲ့အတွက် မြန်မာစစ်တပ်အကြီးအကဲအပါအဝင် စစ်ခေါင်းဆောင်လေးဦး ကို အမေရိကန်က အရေးယူခဲ့ကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့ နိုင်ငံတွင်း ဘာသာရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာချိုးဖောက်မှုတွေကို တာဝန်ယူတာဝန်ခံ ဖြေရှင်းဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုး သက်က ပြောပြပေးမှာပါ။

ကမ္ဘာတလွှား ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်ရှိစေဖို့ အရေးယူဆောင်ရွက်နေတဲ့ အမေရိကန်ပြည်ထောင်စု ဟာ မြန်မာနိုင်ငံက လူနည်းစု ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို မေ့ထားမှာ မဟုတ်ကြောင်း ဒုသမ္မတ Mike Pence က ဝါရှင်တန်ဒီစီ နိုင်ငံခြားရေးဌာနမှာ ဇူလိုင်လ ၁၈ ရက် ကြာ သ ပတေးနေ့က အမေရိကန်ဦးဆောင်ကျင်းပတဲ့ Ministerial to Advance Religious Freedom ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ဝန်ကြီးအဆင့် နိုင်ငံတကာ အစည်းအဝေးမှာ ခုလို ပြောပါတယ်။

“ကျနော်တို့ဟာ မြန်မာနိုင်ငံက အဖိနှိပ်ခံ ရိုဟင်ဂျာမူဆလင်တွေ အတွက်လဲရပ်တည်နေပါတယ်၊ ဒီပဋိပက္ခ ဟာ လူမျိုးရေးအသွင်နဲ့ ဖြစ်နေတဲ့အတွက် မူဆလင်နဲ့ ခရစ်ယန် လူနည်းစုတို့ကို ဆန့်ကျင်တဲ့ (militant Buddhism) “စစ်သွေးကြွ ဗုဒ္ဓဘာသာ” ဖြစ်ထွန်းလာတာကို ကျနော်တို့ လျစ်လျူရှုထားလို့ မရပါဘူး။ ရိုဟင် ဂျာတွေကို လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားဖို့ ရက်ရက်စက်စက်လုပ်ဆောင်မှုကြောင့် လူပေါင်း ၇ သိန်း ကျော် နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရပါတယ်။ ဒီအတွက် တာဝန်ရှိသူတွေကို အရေးယူဖို့ အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရကို ထပ်ကာတလဲလဲ တိုက်တွန်းခဲ့ပေမယ့် အစိုးရက အပြစ်မဲ့ အမျိုးသားအမျိုးသမီးတွေကို ဒုက္ခပေးနေဆဲဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ ဖမ်းဆီးမှုတွေ ဆက်ရှိနေကြောင်းပြောကြားခဲ့ပြီး အဲဒီအ စည်းအဝေးမှာ တက်ရောက်နေတဲ့ ရိုဟင်ဂျာအမျိုးသမီးငယ် မေဝေေ၀နုကိုတော့ ဒုသမ္မတက ချီးကျူးဂုဏ် ပြုခဲ့ပါတယ်။

“သူဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးရဲ့ သမီးဖြစ်ရုံနဲ့ အသက် ၁၈ နှစ်အရွယ်မှာ ထောင်ချခံခဲ့ရပါ တယ်။ သူ ဟာ စစ်အစိုးရကို စိမ်ခေါ်ရဲခဲ့သူပါ။ သူနဲ့ သူ့မိသားစုဟာ ၇ နှစ်လုံးလုံး ဆိုးရွားတဲ့ အခြေအနေေ အာက်မှာ နေခဲ့ရပေမဲ့ ယုံကြည်မှုကို ဘယ်တော့မှ မစွန့်လွှတ်ခဲ့ပါဘူး။ အဲဒီ ယုံကြည်မှုကတော့ မွေးရာပါ ရပိုင်ခွင့်ဖြစ်တဲ့ လွတ် လပ်မှုပါပဲ။ နောက်ဆုံးမှာ သူ လွတ်မြောက်လာပြီးတဲ့နောက် ဥပဒေဘွဲ့နဲ့ မဟာဥပေ ဒဘွဲ့ကို ကယ်လီဖိုးနီးယားတက္ကသိုလ်က ရယူခဲ့ပါတယ်။ အခု သူဟာ ကမ္ဘာတလွှား အမျိုးသမီးနဲ့ မိန်းကေ လးတွေအတွက် တက်ကြွတဲ့ အကျိုးဆောင်တယောက် ဖြစ်နေပါပြီ။ သူဟာ အားကျ အတုယူစရာ ကောင်း တဲ့ အမျိုးသမီး တယောက်ပါ။”

ရိုဟင်ဂျာမွတ်စလင်တွေ အပေါ် ကျူးလွန်မှုတွေ အပါအဝင် မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ဆိုးရွားလှတဲ့ လူ့အ ခွင့်အရေး ချိုးဖောက်မှုတွေ အတွက် တာဝန်ရှိသူတွေကို အရေးယူဖို့ မြန်မာအစိုးရကို ထပ်တလဲလဲ တိုက် တွန်း ခဲ့ပေမယ့် အရာမထင်တဲ့အတွက် တာဝန်ရှိသူ တချို့ကို အမေရိကန်က အရေးယူခဲ့တယ်လို့လည်း ပြောပါတယ်။

“တာဝန်ရှိသူတွေကို အရေးယူဖို့ အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရကို တိုက်တွန်းပါတယ်။ ပြီးတော့ ဒီလို အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုတွေ နောင်မဖြစ်စေဖို့ ရှင်းရှင်းလင်းလင်း ပြောလိုပါတယ်။ 
 
အခုအချိန်ထိတော့ ဒီသတိပေးချက်တွေဟာ အရာမရောက်ဖြစ်နေပါတယ်။ ဒါကြောင့် ဒီအပတ်အတွင်း မြန်မာထိပ်တန်း စစ်ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကာကွယ်ရေးဦးစီးချုပ်၊ သူ့ရဲ့လက်ထောက်နဲ့ ခြေလျင်တပ် မမှူး ၂ ဦး တို့အပေါ် အမေရိကန်ပြည်ထောင်စုက ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်လိုက်ပြီး သူတို့ဟာ (ရက်စက် ကျူးလွန်မှုတွေအတွက်) တာဝန်ရှိတယ်လို့ ကျနော်တို့ သတ်မှတ်ပါတယ်။”

မြန်မာနိုင်ငံမှာ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ သက်ဆိုင်ရာ မိသားစုဝင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေကို ဇူလိုင်လ ၁၆ ရက်နေ့မှာ အမေရိ ကန်နိုင်ငံခြားရေးဌာနက ချမှတ်ခဲ့တာပါ။ ဒီဆိုးဝါးလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုတွေမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်း ဖယ်ရှားမှုတွေအတွင်း ဥပဒေမဲ့ သတ်ဖြတ်မှုတွေလည်း ပါဝင်နေတာ ဖြစ်ပြီး ဒဏ်ခတ်အရေးယူခံရတဲ့ ပုဂ္ဂိုလ်လေးဦးကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ် သန်းဦးနဲ့ ဗိုလ်ချုပ်အောင်အောင်တို့ ဖြစ်ကြပါတယ်။

ဒုသမ္မတ Mike Pence ဟာ ဘာသာရေးလွတ်လပ်ခွင့်ကို အမေရိကန်နိုင်ငံခြားရေးမူဝါဒရဲ့ ဦးစားပေးတရပ်အနေနဲ့ ဦးစီးဦးဆောင် ပြုနေသူ ဖြစ်ပါတယ်။ သမ္မတ Trump အစိုးရလက်ထက်မှာ ကမ္ဘာတဝှမ်း ဘာသာရေးလွတ် လပ်ခွင့်ကို ဦးစားပေးအဖြစ်ဆောင်ရွက်နေပြီး၊ ကမ္ဘာတဝှမ်းက ဘာသာရေး အဖိနှိပ်ခံရသူတွေနဲ့ ဖိနှိပ်မှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အရေးယူကိုင်တွယ်ဆောင်ရွက်နေတယ်လို့ ဒုသမ္မတ Mike Pence က ပြောပါတယ်။

ဒီလိုလုပ်ဆောင်ရာမှာ တိုးတက်အောင်မြင်မှုအချို့ရှိပေမယ့် လုပ်ဆောင်စရာတွေ အများကြီးရှိနေ သေး တယ်လို့လည်း ပြောပါတယ်။ အီရန်၊ တူရကီ၊ ဗင်နီဇွဲလား၊ တရုတ်နဲ့ မြောက်ကိုရီးယား နိုင်ငံတွေက ဘာ သာရေး ဖိနှိပ်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနေ တယ် လို့လည်းပြောပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ မြန်မာနိုင်ငံက ကချင်နဲ့ ရိုဟင်ဂျာကိုယ်စားလှယ်တွေအပါအဝင် ကမ္ဘာတဝှမ်းက ဘာ သာရေးအရ အဖိနှိပ်ခံရသူ ၂၇ ဦးတို့ကို သမ္မတ Donald Trump က အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့ပြီး သူတို့ကြုံရတဲ့ အဖြစ်အပျက်တွေကို လက်ခံနားထောင်ခဲ့ပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */