2021-12-16
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မလေးရှားနိုင်ငံကို လှေနဲ့ထွက်ခွာစဉ် ရခိုင်ပြည်နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာ ၁၉၀ ကျော်ထဲက ၁၀၉ ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က မောင်တောမြို့နယ် တရားရုံးကနေ အလုပ် ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်စီချမှတ်ပြီး ဘူးသီးတောင်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ အကျိုးဆောင် ရှေ့နေက RFA ကို ဒီနေ့ပြောပါတယ်။
ကျန်တဲ့ လူ ၉၀ ကတော့ အသက် ၁၈ နှစ် မပြည့်သေးတာကြောင့် တရားရုံးကနေ သတိပေးပြီး ပြန်လွှတ်ပေး လိုက်တယ်လို့ ဆိုပါတယ်။