Tuesday, November 30, 2021

ရိုဟင်ဂျာ နှစ်ရာကျော်ပါတဲ့ စက်လှေ စစ်တွေမြို့အနီး ဖမ်းဆီးခံရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2021-11-29
ရိုဟင်ဂျာ ၂၂၆ ဦးပါလာသော စက်လှေအား စစ်တွေမြို့အနောက်မြောက်ဘက်တွင် ဖမ်းဆီးရမိကြောင်း စစ်ကောင်စီပြန်ကြားရေး ဝက်ဘ်ဆိုက်မှ ထုတ်ပြန်သည့် ဓာတ်ပုံ။
 
ရိုဟင်ဂျာ ၂၂၈ ဦး ပါလာတဲ့ စက်လှေတစ်စီးကို ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှာ မြန်မာရေတပ်က မနေ့မ နက်ပိုင်းမှာ ဖမ်းဆီးခဲ့တဲ့အကြောင်း စစ်ကောင်စီ ထိန်းချုပ်တဲ့ နိုင်ငံပိုင်မြန်မာ့ရုပ်မြင်သံကြားက ကြေညာပါတယ်။

စက်လှေပေါ်က ရိုဟင်ဂျာတွေထဲမှာ ကလေးက ၃၃ဦး၊ အမျိုးသမီး ၁၂၅ဦး၊ အမျိုးသား ၇ဝ တို့ ပါဝင်ပြီး လှေ လုပ် သား မြန်မာလူမျိုး ငါးဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ ဒီလူတွေဟာ ဘယ်ဒေသကနေ လာပြီး ဘယ်ကိုသွားကြမလဲဆိုတာကို မသိရပါဘူး။

ဒီအကြောင်းကို အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကို Reuters သတင်းဌာနက ဆက်သွယ် ခဲ့ပေမယ့် အကြောင်းမပြန်ဘူးလို့ဆိုပါတယ်။ ဒါပေမယ့် ဒေသဆိုင်ရာ အစိုးရအရာရှိတစ်ဦးကတော့ ရိုဟင်ဂျာ တွေ စက်လှေနဲ့အဖမ်းခံခဲ့ရတဲ့ကိစ္စဟာ မှန်ကန်တယ်လို့ အတည်ပြုချက်ပေးပါတယ်။ အသေးစိတ်ကိုတော့ မပြောပါဘူး။
ရိုဟင်ဂျာ ၂၂၆ ဦးပါလာသော စက်လှေအား စစ်တွေမြို့အနောက်မြောက်ဘက်တွင် ဖမ်းဆီးရမိကြောင်း စစ်ကောင်စီပြန်ကြားရေး ဝက်ဘ်ဆိုက်မှ ထုတ်ပြန်သည့် ဓာတ်ပုံ။

မြန်မာ့ရုပ်မြင်သံကြားမှာပြသတဲ့ ပုံအရ သစ်သားစက်လှေပေါ်မှာ လူတွေအပြည့် တင်ဆောင်လာတာကို မြင် ရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂ဝ ပြည့်နှစ်တုန်းက အခုလိုပဲ ရိုဟင်ဂျာတွေ စက်လှေနဲ့ မလေးရှားနိုင်ငံကို ထွက်သွား တဲ့ အခါ ပင်လယ်ထဲမှာ သတင်းပတ်အတော်ကြာ အောင်မျောနေပြီး စက်လှေမှာပါလာတဲ့ ရိုဟင်ဂျာ အနည်း ဆုံး ၃၂ ဦး သေဆုံးခဲ့ရပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */