Tuesday, December 7, 2021

ဒေါ်လာ ၁၅၀ ဘီလျံရလိုမှုဖြင့် ရိုဟင်ဂျာဒုက္ခသည်များက Facebook ကို တရားစွဲ

Myanmar Now
Published on Dec 7, 2021

၂၀၁၇ အောက်တိုဘာလအတွင်းက မြန်မာစစ်တပ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်း ရှောင်လာသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (ဓာတ်ပုံ - EPA/EFE)

ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားများကို ထိန်းကွပ်ရန် ပျက်ကွက်သည်ဆိုကာ နစ်နာကြေး အမေရိကန် ဒေါ်လာ ၁၅၀ ဘီလျံရလိုမှုဖြင့် Facebook လူမှုကွန်ရက်ပိုင်ရှင် Meta ကုမ္ပဏီကို ရိုဟင်ဂျာဒုက္ခသည်များက တရားစွဲဆိုလိုက်သည်ဟု ရိုက်တာသတင်းဌာနက ရေးသားသည်။

ရိုဟင်ဂျာအသိုင်းအဝိုင်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အကြမ်းဖက်မှုများတွင် Facebook အနေဖြင့် ၎င်း၏ လူမှု ကွန် ရက်တွင် ရေးသားချက်များကို ထိန်းသိမ်းကြပ်မတ်ရန် ပျက်ကွက်ခဲ့သည်ဆိုကာ Edelson PC နှင့် Fields PLLC အမည်ရ ဥပဒေအကျိုးဆောင်ကုမ္ပဏီများက ရိုဟင်ဂျာဒုက္ခများကိုယ်စား ကယ်လီဖိုနီးယားပြည်နယ်ရှိ တရားရုံးတစ်ခုတွင် စွဲဆိုလိုက်ခြင်းဖြစ်သည်။

ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် ဗြိတိသျှရှေ့နေများကလည်း လန်ဒန်ရှိ Facebook ရုံးကို အသိပေးစာ ပေး ပို့ခဲ့သည်ဟု ဒီဇင်ဘာ ၆ ရက်နေ့ ရိုက်တာသတင်းက ဆိုသည်။

အဆိုပါ တရားစွဲဆိုမှုနှင့် ပတ်သက်၍ တုံ့ပြန်ဖြေကြားခြင်း မရှိသော်လည်း မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် သ တင်းတု၊ သတင်းမှားနှင့် အမုန်းတရားတားဆီးရာတွင် နှေးကွေးလေးလံလွန်းသည်ဟု Facebook က ထုတ်ဖော် ပြောဆိုဖူးသည်။

သို့သော် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် Facebook နှင့် Instagram ၌ မြန်မာစစ်တပ်နှင့် သက် ဆိုင်သည်များကို ပိတ်ပင်ခြင်းအပါအဝင် ဒေသတွင်း၌ ၎င်း၏ လူမှုကွန်ရက်ပေါ်မှ အလွဲသုံးစားပြု မူပြောဆိုမှု များကို ဖယ်ရှားခဲ့သည်ဟု Facebook က ထုတ်ဖော်ပြောဆိုထားသည်။

Facebook အသုံးပြုသူများ၏ ရေးသားဖော်ပြချက်များနှင့် ပတ်သက်၍ ပုဒ်မ ၂၃၀ ဟု လူသိများသည့် အေ မရိ ကန်အင်တာနက်ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ထားသည်ဟု နာမည်ကျော် လူမှုကွန်ရက်ကုမ္ပဏီက ဆို သော်လည်း အဆိုပါ ပုဒ်မ ၂၃၀ ဖြင့် ခုခံချေပမည်ဆိုပါက မြန်မာဥပဒေကို ရှာဖွေကျင့်သုံးရန်ရှိသည်ဟု တရား စွဲဆိုသူများဘက်က ဆိုသည်။

ကုမ္ပဏီများကြောင့် အခြားနိုင်ငံများတွင် ထိခိုက်နစ်နာစေသည်ဟု စွပ်စွဲခံရပါက အမေရိကန်တရားရုံး များ အနေဖြင့် နိုင်ငံရပ်ခြားဥပေဒကို ကျင့်သုံးနိုင်သော်လည်း အောင်မြင်သည့် သာဓကရှိသည်ဟု မကြားဖူးကြောင်း ဥပဒေရေးရာကျွမ်းကျင်သူနှစ်ဦးက ပြောသည်ဟုလည်း ရိုက်တာသတင်းက ဆိုသည်။

“အောင်မြင်ဖို့ အလားအလာမရှိဘူး။ အမေရိကန်ဥပဒေအောက်မှာ ပိတ်ပင်တားဆီးဖို့ဆိုတာ ကြောင်တောင်တောင် နိုင်တဲ့ကိစ္စပဲ။ ဒါပေမဲ့ နိုင်ငံရပ်ခြားဥပဒေနဲ့ ရှေ့ဆက်သွားဖို့တော့ ခွင့်ပြုထားတယ်” ဟု ဂျော့တောင်း တက္က သိုလ် ဥပဒေဌာနမှ ပါမောက္ခ Anupam Chander က ဆိုသည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကြောင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်စလင် ၇ သိန်းကျော်ထွက်ပြေးခဲ့ရပြီး ကျေးရွာများ မီးရှို့ဖျက်ဆီးခံရခြင်းနှင့် သတ်ဖြတ်ခြင်းများအပေါ် လူ့အ ခွင့်အရေးတက်ကြွလှုပ်ရှားသူများက မှတ်တမ်းတင်ထားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ရေးသားသည်။

မြန်မာအာဏာပိုင်များကမူ သူပုန်ထမှုကို တိုက်ထုတ်ခြင်းသာဖြစ်ပြီး စနစ်တကျသတ်ဖြတ်ခြင်းများ ဆောင် ရွက်ခြင်း မရှိခဲ့ဟု ငြင်းဆိုထားသည်။

ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုများကို မီးလောင်ရာလေပင့်စေသည့် အမုန်းစကားပြန့်ပွားရာတွင် Facebook အသုံးပြုမှု အခရာကျခဲ့သည်ဟု ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးများက ၂၀၁၈ ခုနှစ်အတွင်း ထုတ်ဖော်ပြောဆိုထားသည်။

Facebook လူမှုကွန်ရက်တွင် ရိုဟင်ဂျာများနှင့် အခြားမွတ်စလင်များကို တိုက်ခိုက်သည့် ပို့စ်များ (Posts)၊ မှတ်ချက်ပြုခြင်းများ (Comments) နှင့် ပုံရိပ်များ ထောင်နှင့်ချီတွေ့ရှိရသည်ဟု ရိုက်တာသတင်းဌာနက ၂၀၁၈ ခုနှစ်အတွင်း စုံစမ်းဖော်ထုတ်ရေးသားခဲ့သည်။

အထက်ပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ နိုင်ငံတကာရာဇဝတ်ခုံရုံးက စုံစမ်းစစ်ဆေးမှုတစ်ခု ပြုခဲ့သည့်နည်းတူ ရိုဟင်ဂျာမုန်းတီးရေးနှင့် ဆက်စပ်သည့် မှတ်တမ်းများထုတ်ပြန်ပေးရန် ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် အေ မရိကန်ဗဟိုတရားသူကြီးက Facebook ကို အမိန့်ချမှတ်ခဲ့ဖူးသည်။

ရိုဟင်ဂျာဒုက္ခသည်များ၏ ယခုတရားစွဲဆိုမှုတွင် Facebook နှင့် ပတ်သက်သော လျှို့ဝှက်ချက်များဖောက်ချခဲ့သူ Frances Haugen ဆိုသူ၏ ပြောဆိုချက်များကိုလည်း ကိုးကားထားသည်။ ကုမ္ပဏီသည် ထိခိုက်နစ်နာမှု အများ ဆုံးဖြစ်နိုင်သည့် နိုင်ငံများတွင် အလွဲသုံးစားပြုမူများကို ထိန်းကွပ်ခြင်းမရှိဟု ၎င်းက လူသိရှင်ကြားပြော ဆို ထားသည်။

ရိုဟင်ဂျာဒုက္ခသည်များ၏ တရားစွဲဆိုမှုတွင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က Facebook လူမှု ကွန် ရက်တွင် အကောင့်တုများ အသုံးပြုကာ ‘သတင်းအချက်အလက်တိုက်ပွဲ’ အသွင် ဆောင်ရွက် နေခြင်းများ လည်း ပါဝင်သည်ဟု သိရသည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ စစ်ဆင်ရေးများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရစဉ်ကတည်းက ကြုံ တွေ့ခဲ့ရသည်များ၊ Facebook ၏ အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘ ဇားဒေ သရှိ ရိုဟင်ဂျာအရေးဆောင်ရွက်သူများ၊ ကျောင်းသားများနှင့် ရိုဟင်ဂျာလူငယ်များက ဒီဇင်ဘာ ၉ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။) 

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */