Thursday, December 2, 2021

ဘာဆန်ချာကျွန်းရောက် ရိုဟင်ဂျာတွေ မိသားစုထံ လည်ပတ်ခွင့်ရ

RFA
လွတ်လပ်တဲ့အာရှအသံ
2021-12-01

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များကို ၂ဝ၂ဝ ဒီဇင်ဘာလက ဘာဆန်ချာကျွန်းသို့ ပို့ဆောင်ခဲ့စဉ်။File Photo: Reuters

ရာသီဥတု ပြင်းထန်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘာဆန်ချာကျွန်းမှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလား ဒေ့ရှ် အာဏာပိုင်တွေက ဒုက္ခသည်စခန်းတွေမှာရှိတဲ့ သူတို့ရဲ့ မိသားစုဆွေမျိုးတွေနဲ့ လည်ပတ် တွေ့ဆုံခွင့်ပေး ခဲ့တယ်လို့ AFP သတင်းမှာ မနေ့ကဖော်ပြပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေထဲက နှစ်သောင်းလောက်ဟာ ဘာဆန်ချာကျွန်း ကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အပို့ခံခဲ့ရတာပါ။

အဲဒီအထဲက ၆၈ ဦးကို အင်္ဂါနေ့က ပထမဆုံးအကြိမ်အဖြစ် ဘင်္ဂလားဒေ့ရှ် ရေတပ်သင်္ဘောနဲ့ စစ်တကောင်း ဒေသကို ခေါ်လာခဲ့တယ်လို့ ဆိုပါတယ်။

တစ်လကို အနည်းဆုံး ၂ ကြိမ် ကျွန်းကလူတွေ မိသားစုတွေဆီ လည်ပတ်ခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဆုံးဖြတ်ထားတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */