B B C
ဘီဘီစီမြန်မာပိုင်း07 December 2021လူမှုကွန်ယက်ကုမ္ပဏီကြီးဖေ့ဘွတ်ခ်ဟာ သူ့ရဲ့လူမှုကွန်ယက်တွေပေါ်မှာ ရိုဟင်ဂျာတွေအပေါ် အမုန်းစကား ပွားတာတွေကို ခွင့်ပြုတယ်လို့ဆိုပြီး ဗြိတိန်နဲ့အမေရိကန်က ဒါဇင်နဲ့ချီတဲ့ရိုဟင်ဂျာတွေက ဖေ့ဘွတ်ခ်ကိုတရား စွဲလိုက်ပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်ထဲမှာ စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးခေါင်းစဉ်အောက်မှာ ရိုဟင်ဂျာမွတ်စ လင် တစ်သောင်းကျော်နီးပါး သေဆုံးခဲ့တာဖြစ်ပါတယ်။
ရိုဟင်ဂျာတွေဘက်က ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး ဖေ့ဘွတ်ခ် ကုမ္ပဏီဘက်က ချက်ချင်းတုံ့ပြန်တာ မရှိသေးပါ ဘူး။
ဖေ့ဘွတ်ခ်ကို အမုန်းစကားနဲ့အန္တရာယ်များတဲ့သတင်းမှားတွေ နှစ်နဲ့ချီဆက်ဖြစ်နေအောင် ဆက်ဖြန့်မှုဖြစ်နေစေ တယ်လို့ စွပ်စွဲခံနေရတာပါ။
ဗြိတိန်မှာတော့ ရိုဟင်ဂျာဒုက္ခသည်တချို့အတွက် အမှုလိုက်ပေးနေတဲ့ ဗြိတိန်ဥပဒေကုမ္ပဏီတစ်ခုကနေ ဖေ့ ဘွတ်ခ်ဘက်ကို ပေးပို့တဲ့စာမှာတော့
- ဖေ့ဘွတ်ခ်ရဲ့ algorithms နည်းပညာဟာ ရိုဟင်ဂျာတွေအပေါ် အမုန်းပွားမှုတိုးစေတာ၊မြန်မာပြည်တွင်း နိုင် ငံရေးအခြေအနေအကြောင်းသိတဲ့ အချက်အလက်စစ်ဆေးသူတွေနဲ့စိစစ်ပေးသူတွေအပေါ် ရင်းနှီးမြှုပ်နှံဖို့ ပျက်ကွက်တာ၊
- ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုကိုနှိုးဆွတဲ့အကောင့်တွေကို ဖျက်တာ ဒါမှမဟုတ် ပို့စ်တွေကို ဖြုတ် ချတာလုပ်ဖို့ ပျက်ကွက်တာ၊
- မီဒီယာတွေနဲ့ကူညီရေးအဖွဲ့အစည်းတွေက သတိပေးချက်ရှိနေပေမဲ့ အချိန်နဲ့တပြေးညီအရေး တယူ လုပ် ဆောင်ဖို့ ပျက်ကွက်တာ စတဲ့အချက်တွေကို ပြောထားပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလက်နက်ကိုင်တွေက ရဲစခန်းတွေကို တိုက်ခိုက်မှုဖြစ်ခဲ့ပြီးတဲ့နောက် မြန်မာစစ်တပ်က အကြမ်းဖက်နှိမ်နင်းမှုတွေပြုလုပ်ခဲ့လို့ သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေ အိမ်နီးချင်း ဘင်္ဂ လားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရပါတယ်။
Link : Here
No comments:
Post a Comment