RFA
လွတ်လပ်တဲ့အာရှအသံ
2021-11-10
အင်ဒိုနီးရှားသမ္မတနဲ့ မလေးရှားဝန်ကြီးချုပ်တို့ နိုဝင်ဘာ ၁ဝ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ဆုံကြစဉ်။Photo: AFP ရိုဟင်ဂျာဒုက္ခသည်တွေ မလေးရှားနိုင်ငံကို ထွက်ပြေးနေတဲ့ကိစ္စနဲ့ မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွေကို ဖြေရှင်းဖို့ စစ်ကောင်စီကို အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံခေါင်းဆောင်တွေ မနေ့ကတိုက်တွန်းလိုက်တဲ့အ ကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။
လွတ်လပ်တဲ့အာရှအသံ
2021-11-10
စစ်တပ်က အာဏာသိမ်းလိုက်တာဟာ လူနည်းစု ရိုဟင်ဂျာမွတ်စလင်တွေ မြန်မာနိုင်ငံက ပိုပြီးထွက်လာစေ နိုင် ပြီး မြန်မာနိုင်ငံရဲ့အရေးပေါ်အခြေအနေကို စိုးရိမ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံကို တရားဝင်ခရီးစဉ် နဲ့ရောက်နေတဲ့ မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob က ပြောပါတယ်။ အခုနှစ်ပိုင်းတွေအတွင်း မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာ နှစ်သိန်းကျော်ပြောင်းရွှေ့လာခဲ့ကြတယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားသမ္မတနဲ့ တွေ့ဆုံဆွေးနွေးမှုအပြီး မလေးရှားဝန်ကြီးချုပ် ပြောတာက မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာ တွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေထိုင်ခွင့်ရနေမယ်ဆိုရင် မလေးရှားကို ထွက်လာတဲ့ ရိုဟင်ဂျာ အရေအတွက်က သေချာပေါက် လျော့ကျသွားမယ်လို့ ဆိုပါတယ်။
မလေးရှားနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံလုံးဟာ မွတ်စလင်အများစုရှိတဲ့ နိုင်ငံတွေဖြစ်ကြပြီး မြန်မာနိုင်ငံမှာ စစ်တပ် က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရိုဟင်ဂျာအရေးကို စိုးရိမ်တယ်လို့ နှစ်နိုင်ငံလုံးက ထုတ်ဖော်ပြောဆိုနေ ကြတာပါ။

Link : Here
No comments:
Post a Comment