Friday, December 10, 2021

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင်း ရိုဟင်ဂျာဈေးဆိုင်တွေ ရှင်းလင်းခံရ

VOA
ဗွီအိုအေ (မြန်မာဌာန)
10 ဒီဇင်ဘာ၊ 2021 

ကူတုပလောင်ဒုက္ခသည်စခန်းတွင်းက တရားမဝင်ဈေးဆိုင်တွေကို ဖျက်သိမ်းခဲ့ပုံ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာ ဈေးဆိုင်ပေါင်း ၁,၀၀၀ ကို ဘူဒိုဇာနဲ့ ရှင်းပစ်လိုက်ပြီလို့ ဘင်္ဂလားဒေ့ရှ် တာဝန် ရှိသူတဦးက ဒီနေ့ ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်စခန်း ဒုတိယကော်မရှင်နာမင်းကြီး Shamsud Douza က ရိုဟင်ဂျာတွေအတွက် အဆောင် တွေဆောက်ဖို့ တရားမဝင်ဆိုင်ပေါင်း ၁,၀၀၀ လောက်ကို မနေ့နဲ့ဒီနေ့မှာ ဖျက်ဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
                                                                                        
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲက ဒီ ဈေးဆိုင်တွေကို အခုလို ဖျက်ဆီးလိုက်တာကြောင့် ဒုက္ခသည်တွေရဲ့ စား သောက်နေထိုင်မူအပေါ် အများကြီး ထိခိုက် သွားနိုင်တယ်လို့ လူ့အခွင့်အရေးဝန်ထမ်းတွေက ဆိုပါတယ်။ ဖျက်ဆီးခံခဲ့ရတဲ့ ဈေးဆိုင်ပိုင်ရှင်တွေအနေနဲ့လည်း တအံတသြနဲ့ သူတို့ကုန်ပစ္စည်းတွေ မပျက်စီးအောင် အ တင်း ဝင်ဆွဲခဲ့ကြရတယ်လို့ ကူညီရေးလုပ်သားတွေက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်း ၃၄ ခုမှာ မြန်မာနိုင်ငံကထွက်ပြေးလာတဲ့ ဒုက္ခသည်ပေါင်း ၈ သိန်း ၅ သောင်း ခန့် ခိုလှုံနေရာမှာ အများစုက ၂၀၁၇ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မူတွေကနေ ထွက်ပြေးလာသူတွေဖြစ် ပါ တယ်။ ဒီတိုက်ခိုက်မူအပေါ် ကုလသမဂ္ဂကတော့ Genocide လူမျိုးတုံးသတ်ဖြတ်မူအထိ မြောက်နိုင်တယ်လို့ ပြောထားပါတယ်။

အခုလို ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လက်ခံထားပေးတဲ့အပေါ် နိုင်ငံတကာမှာ ချီးကျူး ထောက် ခံမူတွေရှိနေပေမဲ့ ဒုက္ခသည်ထောင်နဲ့ချီ စခန်းရွှေ့ပြောင်းတာအပါအဝင် အခုလိုတင်းကြပ်မူတွေကို တော့ လူ့အခွင့်အ ရေးအဖွဲ့တွေက ကန့်ကွက်ရူတ်ချလေ့ရှိပါတယ်။

မြန်မာစစ်ကောင်စီကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်လက်ခံမထားပါဘူး။


Link :
Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */