VOA
ဗွီအိုအေ (မြန်မာဌာန)
25 နိုဝင်ဘာ၊ 2021
စစ်တကောင်းခရိုင်တွင်း ဘာဆန်ချာကျွန်းဆီ ရွှေ့ပြောင်းနေတဲ့ ရိုဟင်ဂျာများ။ (နိုဝင်ဘာ ၂၅၊ ၂၀၂၁)
နိုင်ငံတကာက စိုးရိမ်မှုတွေရှိနေတဲ့ကြားမှာပဲ ရိုဟင်ဂျာဒုက္ခသည် နောက်ထပ် ရာနဲ့ချီပြီး ဘင်္ဂလားပင်လယ် aအာ်ထဲက Bhashan Char ကျွန်းဆီ ဘင်္ဂလားဒေ့ရှ်အစိုးရက ဒီကနေ့ စပြီး ရွှေ့ပြောင်းနေပါတယ်။
ဒုက္ခသည်ပြောင်းရွှေ့ရေးကို ကြီးကြပ်တဲ့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူ Shamsud Douza က ရိုဟင်ဂျာ ဒုက္ခ သည် ၃၇၉ ယောက်ကို ရေတပ်သင်္ဘောနဲ့ စစ်တကောင်းကနေ Bhasan Char ကျွန်းပေါ် ပို့မယ်လို့ပြော ပါ တယ်။
ပိုမိုလုံခြုံကောင်းမွန်တဲ့ ဘဝတွေအတွက် သူတို့ဆန္ဒအလျောက် သွားကြတာဖြစ်ပြီး အစားအစာနဲ့ ဆေးဝါး ကအစ အာဏာပိုင်တွေက စီစဉ်ပေးထားတယ်လို့ဆိုပါတယ်။
လာမယ့်သီတင်းပတ်တွေအတွင်းမှာလည်း ဒုက္ခသည် ၁,၅၀၀ လောက် အသုတ်လိုက် ပို့သွားမယ်လို ဆိုပါ တယ်။
လွန်ခဲ့တဲ့ ၁၁ လက စတင်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို Bhasan Char ကျွန်းပေါ် ပို့ခဲ့တာဖြစ်ပြီး အခုဆိုရင် ကျွန်းပေါ်မှာ လူ တသိန်းကျော်လောက် နေထိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ Douza က ပြောပါတယ်။
ဒုက္ခသည် နောက်အသုတ်ကို ဘယ်တော့ ကျွန်းပေါ်ပို့မယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါ ဘူး။

Link : Here
No comments:
Post a Comment