B B C
ဘီဘီစီမြန်မာပိုင်း3 နိုဝင်ဘာ 2021
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့က္ကဆက်စ် ဘဇားက ဒုက္ခသည်စခန်းတစ်ခုမှာ ရိုဟင်ဂျာ လက် နက် ကိုင်အုပ်စု ခေါင်းဆောင်တစ်ဦးလို့ ယူဆရသူကို သေဆုံးလျက်သား တွေ့ခဲ့ရတယ်လို့ ရဲတွေက ပြော ပါတယ်။
အာဆာ လက်နက်ကိုင်အဖွဲ့ကလို့ ယူဆရတဲ့ မိုဟာမက် ဟာရှင်းမ်ဟာ လူအုပ်ကြီးက ဝိုင်းရိုက်တာကို ခံခဲ့ရပုံ ရတယ်လို့ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။
အလယ်အလတ် သဘောထားရှိသူ ရိုဟင်ဂျာ ခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဟစ်ဘ် အူလာ မကြာသေးခင်က အသတ် ခံခဲ့ရတာဟာ အာဆာအဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲနေကြပါတယ်။
သူတို့အဖွဲ့ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။
၂၀၁၇ ခုနှစ်တုန်းက မြန်မာရဲကင်း စခန်းတွေကို အာဆာအဖွဲ့က တိုက်ခိုက်ခဲ့တဲ့အတွက် တပ်မတော်က နယ်မြေရှင်းလင်း စစ်ဆင်မှုတွေ လုပ်ခဲ့အပြီးမှာ ရိုဟင်ဂျာ မွတ်ဆလင် တစ်သန်း နီးပါး ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်ခြမ်း ထွက်ပြေး ခိုလှုံခဲ့ကြပါတယ်။

Link : Here
No comments:
Post a Comment