VOA
ဗွီအိုအေမြန်မာပိုင်း
ဝင်းမင်း
11 ဒီဇင်ဘာ၊ 2021
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းတွင်းမှ ရိုဟင်ဂျာဒုက္ခသည်များ။ (ဧပြီ ၁၊ ၂၀၂၀)
ဖေ့စ်ဘုတ်ဘက်ကတော့ အခုလိုမဖြစ်ဖို့ သက်ဆိုင်ရာနိုင်ငံက မိခင်ဘာသာစကား ပြောသူတွေနဲ့ သီးခြားပြန် စစ် တာ အပါအဝင် ဘက်စုံ မဟာဗျူဟာ ချထားပြီးပြီလို့ တုံ့ပြန်ထားပါတယ်။ အခုအမှုစွဲဖို့ ဘယ်လိုလုပ်ဆောင် ထားတာကို ဦးထွန်းခင်က အခုလိုပြောပါတယ်။
“ကျနော်တို့ကတော့ အစပိုင်းကတော့ ဖေ့စ်ဘုတ်ကို Notice Letter ဆိုတဲ့ဟာပေါ့၊ Acknowledge Letter ဖေ့စ်ဘုတ် က ဒီလိုဒီလိုလုပ်တယ်၊ အဲဒီအပေါ်မှာ ကျနော်တို့ တရားစွဲသွားမယ်ဆိုတဲ့ဟာပေါ့။ UK နဲ့ US မှာ၊ ဒုတိယကျတော့ ကျနော်တို့က ဒီမှာ Genocide Survivor လို့ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုက လွတ်မြောက် လာတဲ့ အသက်ရှင်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်ထဲမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေရှိတယ်၊ ပြီးတော့ တခြားနိုင်ငံတွေမှာ လည်း ရှိတယ်၊ ဒီလူတွေက ဒီမှာ အဓိက အခန်းကဏ္ဍမှာ ပါဝင်ပြီးတော့ တရားစွဲမှာ ဖြစ်ပါတယ်။” နိုင်ငံတကာဥပဒေ ကျွမ်းကျင်သူ အမည်မဖော်လိုသူ တဦးကတော့ …
“US မှာဆိုရင် Class Action ဆိုပြီးတော့ ဖက်ဒရယ်တရားရုံးမှာ မဟုတ်ဘဲနဲ့ ကယ်လီဖိုးနီးယားပြည်နယ် တ ရားရုံးမှာ သူတို့ အမှုဖွင့်ထားတာပေါ့လေ။ UK မှာကလည်း US လို ဖက်ဒရယ်မဟုတ်ဘဲနဲ့ သူတို့ရဲ့ တရားရုံး စနစ်ထဲမှာတော့ ဖွင့်ထားတာပေါ့။ ဒါပေမယ့် အဓိကတော့ ဖေ့စ်ဘုတ် လူမှုကွန်ရက် ကုမ္ပဏီတွေကို သူတို့ ကာ ကွယ်ပေးတဲ့ Section 230 Communication Decency Act ဆိုတဲ့ ဥပဒေက ဒီလိုမျိုး ကုမ္ပဏီတွေကို ဒီလိုမျိုး တရားစွဲဆိုမှုကို ကာကွယ်ပေးထားတာပေါ့လေ။ အမေရိကားမှာဆိုရင် ဖက်ဒရယ်ဥပဒေ ဆိုတာက သူတို့ရဲ့ နောက်ဥပဒေတခုရှိတယ်၊ သူတို့ရဲ့ အခြေခံဥပဒေ Constitution အရ Supremacy Clause ဆိုတာ ဖက်ဒရယ် ဥပဒေတွေ အားလုံးက သူက တခြားဥပဒေတွေ အားလုံးကို လွှမ်းမိုးတာပေါ့။ အဲဒါဆိုတော့ ဒီအမှုတွေကတော့ အောင်မြင်နိုင်မယ်လို့ ကျနော် မထင်ပါဘူး။” လို့ ပြောပါတယ်။
ဒါပေမယ့် ဦးထွန်းခင်ကတော့ အမှုအလားအလာ ကောင်းနေတယ်လို့ ယုံကြည်ထားပါတယ်။
“US Law နဲ့ UK Law နဲ့ နည်းနည်းတော့ ကွာခြားမှုတွေရှိတယ်။ အမေရိကန်နိုင်ငံ ဥပဒေနဲ့ စာရင်တော့ ကန့်သတ် မှုတွေ ရှိနေတယ်။ အဲဒါတော့ ကျနော်တို့ သိထားတယ်။ ဒါပေမယ့်လည်း သူတို့က လွတ်မြောက်ဖို့ လမ်း မရှိဘူး။ အထူးသဖြင့် UK Law နဲ့ သူတို့ ဘယ်နည်းနဲ့မှ လွတ်မြောက်ဖို့လမ်း မရှိဘူး။”
နောက် ထပ်ဖြစ်လာနိုင်တာကိုလည်း ဦးထွန်းခင်က …
“အဓိက ဒီနေရာမှာ တရားမျှတမှုကို လိုလားတာပေါ့။ ဖေ့စ်ဘုတ်လို ကမ္ဘာမှာ အကြီးမားဆုံးနဲ့ အဲ့လို တက်ခ် ကုမ္ပ ဏီတခုက ဒီလိုမျိုး လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်နေတာကို သိသိကြီးနဲ့ အမုန်းစကားတွေကို ပြန့်ပွားနေပြီး တော့ အဲဒီအမုန်းစကား ပြန့်ပွားမှုကြောင့် လူတွေအများကြီး အသက်တွေ ဆုံးရှုံးခဲ့ရတယ်၊ အိုးအိမ်တွေ ဆုံး ရှုံးခဲ့ရတယ်။ ဒီလိုကုမ္ပဏီတခုရဲ့ နာမည်ဆိုးတခု ကျန်ခဲ့မှာပါ။ အဲဒါကြောင့် ဒီ Case ကို သူတို့ သေသေချာချာ ကိုင်တွယ်လိမ့်မယ်လို့ ကျနော်တို့မြင်တယ်။” လို့ ပြောပါတယ်။
ဖေ့စ်ဘုတ်အနေနဲ့ မြန်မာစစ်တပ် အရာရှိတွေရဲ့ ဖေ့စ်ဘုတ်မှတ်တမ်းတွေ ထုတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတာကို တရားရုံး ရင်ဆိုင်ဖြေရှင်းနေရချိန်မှာ အခု ထပ်ဖြစ်လာတဲ့ ဒီတရားစွဲမှုကြောင့် ဖိအား တွေ ပိုများလာနေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

Link : Here
No comments:
Post a Comment