RFA
လွတ်လပ်တဲ့အာရှအသံ
2021-11-10
လွတ်လပ်တဲ့အာရှအသံ
2021-11-10
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၁၆ အောက်တိုဘာ ၁၇ ရက်နေ့က တွေ့ရစဉ်။Photo: AFP
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနယ်မြေ ခမောင်းဆိပ်ရွာရဲ့ အရှေ့တောင်ဘက် မီတာ ၂၀၀၀ လောက် မှာ စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ရက္ခိုင့်တပ်တော် (AA)နဲ့ ဖြစ်ပွားခဲ့တာ မဟုတ်ဘဲ ARSA အ ဖွဲ့နဲ့ ဖြစ်ပွားခဲ့တာလို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။"တိုက်ပွဲက ၁၀ မိနစ်လောက် ကြာတယ်။ ကျနော်တို့ဘက်ကလည်း စစ်သည်တချို့ ဒဏ်ရာ ရရှိခဲ့တာ ရှိ တယ်။ တချို့မီဒီယာနဲ့ အွန်လိုင်းမှာ ပျံ့နှံ့နေသလို AA နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာ မဟုတ်ပါဘူး။ ARSA အကြမ်းဖ က် သောင်းကျန်းသူတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ မောင်တော နယ်မြေ ဘက်ခြမ်းမှာ လည်း AA က လှုပ်ရှားတာမျိုး မရှိပါဘူး"
တိုက်ပွဲဖြစ်တဲ့နေရာအနီးမှာ မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ အလယ်ရွာ၊ အထက်ရွာဆိုပြီး ရှိခဲ့ပေမယ့် ပြီးခဲ့ တဲ့ ၂၀၁၇ ခုနှစ်ကတည်းက အဲဒီရွာတွေမှာ လူတွေမနေတော့တာကြောင့် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်အခြေအနေကို မသိရဘူးလို့ တိုက်ပွဲဖြစ်တဲ့နေရာအနီးက ရေနောက်ငါးသား ကျေးရွာ အုပ်ချုပ်ရေး မှူး ဦးညိုသာထွန်းက မနေ့က RFA ကို ပြောဆိုထားပါတယ်။
အခုနောက်ပိုင်း ဘူးသီးတောင်၊ မောင်တော မြောက်ခြမ်းဘက်မှာ ARSA အဖွဲ့ရဲ့ လှုပ်ရှားမှုက ပိုများလာ ကြောင်း၊ ARSA နဲ့ တိုက်ပွဲမဖြစ်ခဲ့တာ ၆ လခန့် ရှိပြီဖြစ်ကြောင်း၊ ဒီကြားထဲ မူးယစ်ဆေး ဖမ်းဆီးရမိမှုတွေ ရှိ တယ်လို့လည်း ဆိုပါတယ်။
ARSA က အခုလို မောင်တောနယ်မြေထဲ ပြန်ဝင်လာတာဟာ ပြီးခဲ့တဲ့ လပိုင်းက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းမှာ ဘာသာရေးခေါင်းဆောင်တစ်ဦး အသတ်ခံခဲ့ရတဲ့အပေါ် ARSA အဖွဲ့တွေ ပါဝင်နိုင်တယ်လို့ ဘင်္ဂလား ဒေ့ရှ်အစိုးရက ယူဆပြီး လုံခြုံရေးတင်းကျပ်လိုက်တာကြောင့် ဖြစ်နိုင်တယ်လို့ စစ်တပ်ဘက်က သုံးသပ်ထားပါ တယ်။
ARSA အဖွဲ့ဟာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ မောင်တောမြို့နယ်ထဲက နယ်ခြားစောင့် ရဲစခန်းနဲ့ တပ်စခန်း လေးခုကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အဲဒီဒေသကို ပြန်လည် ထိန်းချုပ် နိုင်ဖို့ ကြိုးစားနေတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။
မောင်တောဒေသ မေယုတောင်ကြောတစ်လျှောက်မှာ ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA)၊ ရိုဟင် ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ ရိုဟင်ဂျာ တပ်မတော် (ARA) တို့လို အဖွဲ့တွေဟာ မြန်မာ-ဘင်္ဂလား ဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းများကို ခြေကုပ်ယူပြီး စိမ့်ဝင်လှုပ်ရှားနေကြတဲ့ အဖွဲ့တွေလို့လည်း သိရပါတယ်။
Link : Here
No comments:
Post a Comment