လွတ်လပ်တဲ့ အာရှအသံ
2019-05-01
ရသေ့တောင်မြို့နယ် အနီးတဝိုက် မြေပုံ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ စာသင်ကျောင်းမှာ ဒေသခံရွာသား သုံးရာ လောက်ကို ထိန်းသိမ်းစစ်ဆေးနေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့ရဲ့ မြောက်ဘက်အရပ်မှာရှိတဲ့ ကျောက်တန်းကျေးရွာမှာ မနေ့က မနက်ပိုင်း က စပြီး ကျေးရွာသားတွေကို ရွာလယ် စာသင်ကျောင်းကို ထိန်းသိမ်းစစ်ဆေးနေတာ ဖြစ်တယ်လို့လည်း ရွာသားတွေက ပြောပါတယ်။