နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၂ ရက်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောင်ဗလ ကျေးရွာအုပ်စု ကုန်တန်းကျေးရွာနှင့် သာစည်ကုန်းကျေး ရွာ အကြားတွင် ယနေ့ မွန်းလွဲ ၂ နာရီခန့်က စစ်ကားများ ဖြတ်သန်းသွားစဉ် မိုင်းသုံးလုံးပေါက်ကွဲခဲ့ပြီး နောက် လက်နက်ငယ်ပစ်ခတ်သံများ ကြားခဲ့ရသည်ဟု သတင်းရရှိသည်။
အောင်ဗလ ကျေးရွာအုပ်ချုပ်ရေးမှူးက “ ကျွန်တော်တို့နဲ့ တစ်မိုင်လောက် ဝေးပါတယ်။ ဖြစ်တာက ကုန် တန်းနဲ့ သာစည်ကုန်းကြားလို့ သိရပါတယ်။ ပထမ မိုင်းသုံးလုံး ပေါက်ပါတယ်။ နောက်သေနတ်ငယ် ပစ် ခတ်သံတွေကို ကြားရပါတယ်။ သေနတ်ပစ်တာက သာစည်ကုန်းကျေးရွာက ပစ်ပါတယ်။ စစ်တပ်က ပစ်ပါ တယ်။ စစ်ကားတွေကို မိုင်းနဲ့ တိုက်ခိုက်တာလို့ သိရပါတယ်” ဟု ပြောကြားသည်။
သေနတ်ပစ်ခတ်သံများကို မွန်းလွဲ ၂ နာရီ မထိုးခင် ၁၀ မိနစ် အလိုကကြားရကြောင်း သည်ဟု ဆိုသည်။“ ကျွန်တော် တို့ ပထမ မိုင်းသုံးလုံး ပေါက်သံကို ကြားရပါတယ်။ ကျွန်တော်က ကျောင်းဆောက်တဲ့ နေရာ မှာ အကူအညီပေးနေပါတယ်။ မီးခိုးလုံးတွေ တက်လာတာကို မြင်ရပါတယ်။ အဲဒီနောက် လက်နက်ကြီး ပစ်ခတ်သံ လေးချက်လောက်ကြားရပါတယ်။ လက်နက်ငယ် ဆယ်ကိုးချက်လောက် ကြားရပါတယ်” ဟု ဆက်လက် ပြောကြားသည်။
၎င်းပြင် တောင်ဦးနားတွင်လည်း မိုင်းပေါက်ကွဲခဲ့သည်ဟု ကြားသိရကြောင်း ၎င်းက ပြောဆိုသည်။အခြေ အနေ အသေးစိတ်ကို မသိရသေးကြောင်း၊ ယခုလို ကျေးရွာအနီး သေနတ်ပစ်ခတ်သံများကို ကြားရ၍ ကျေးရွာသားများ ကြောက်လန့် စိုးရိမ်နေကြသည်ဟု သိရသည်။
ယခု ဖြစ်ပွားခဲ့သော နေရာသည် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ် အငူမော်အကြား Asiaworth ကုမ္ပဏီမှ ဖောက်လုပ်နေသည့် ကားလမ်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လင့်၊ ရသေ့တောင်မြို့နယ် မယူကမ်းကုန်တန်းရွာအနီး မိုင်းပေါက်ကွဲပြီး ပစ်ခတ်သံများထွက်ပေါ်

No comments:
Post a Comment