Wednesday, March 6, 2019

ရခိုင်ပြည်နယ်မှာ စစ်ဘေး ဒုက္ခသည် ၁ သောင်း ကျော်ထိ ရှိလာ

RFA 
လွတ်လပ်တဲ့ အာရှအသံ
မြန်မာဌာန
2019-03-06
AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို ၂၀၁၉ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက် ဟာ တစ်သောင်းကျော် ရှိသွားပြီလို့ စစ်ဘေးဒုက္ခသည် စစ်တမ်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်း သား မျိုးနွယ်များ အစည်းအရုံးထံမှ သိရပါတယ်။

စာရင်းတွေက အတိအကျပြောလို့မရသေးပေမယ့် မြောက်ဦးမြို့နယ်မှာဆိုရင် ဒီနေ့အထိ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်စခန်း ၁၄ ခုမှာ စစ်ဘေးဒုက္ခသည် ၃ ထောင်အထိ တိုးလာတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော် ထွန်းက ပြောပါတယ်။


ဒါကြောင့် မြောက်ဦးမြို့နယ် အပါအဝင် ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော် စ တဲ့ မြို့နယ်တွေက စစ်ဘေးဒုက္ခသည်စခန်း ၃၉ ခုမှာ အခုအခါ စစ်ဘေးဒုက္ခသည် စုစုပေါင်း ၁ သောင်းကျော်ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ပြောပါတယ်။ ဒီစစ်ဘေးဒုက္ခသည်တွေအတွက် နေရာထိုင်ခင်း၊ အစားအသောက်တွေ၊ သောက်သုံးရေတွေနဲ့ ကျန်းမာစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့လည်း ဦးဇော် ဇော်ထွန်းက ပြောပါတယ်။

တပ်မတော်နဲ့ AA တိုက်ပွဲတွေဖြစ်လာမှာစိုးတာကြောင့် ဒီနေ့စတင်ဖြေဆိုကြတဲ့ တက္ကသိုလ်ဝင်တန်းစားမေးပွဲကို မြောက်ဦးမြို့နယ်ရှိ ကျီပြင်စာစစ်ဌာနနဲ့ ရသေ့တောင်မြို့နယ် ကျောင်းတန်းစာစစ်ဌာန ၂ ခုကို ပြောင်းရွေ့စစ်ဆေးခဲ့ရတယ်လို့ ရခိုင်ပြည်နယ် ပညာရေးဦးစီးဌာ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီနေ့စတင်ဖြေဆိုတဲ့ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစားမေးပွဲကို ရခိုင်ပြည်နယ်မှာ စာစစ်ဌာန ၁၂၀ ကျော် မှာ ကျောင်းသားကျောင်းသူ ၄ သောင်းခွဲကျော်က စာမေးပွဲဖြေဆိုခွင့်ရှိပေမယ့် ကျောင်းသား ၃ထောင်ကျော် လာရောက်ဖြေဆိုတာမရှိဘူးလို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */