နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၃၀/ ၂၀၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ရွာသားများကို စစ်တပ်က စာသင်ကျောင်း တွင် ခေါ်ယူစစ်ဆေးမှုရှိနေကြောင်း ကျေးရွာသားများက ယနေ့ ည ၉ နာရီကျော်က သတင်းပေးပို့သည်။
ကျောက်တန်းကျေးရွာမှ အမျိုးသမီး တစ်ဦးက “ အိမ်တိုင်းကို စစ်ဆေးတာရှိတယ်။ ၅ ယောက်စုပြီး စစ်ဆေး တာလည်းရှိတယ်။ စာသင်ကျောင်းမှာ ခေါ်ယူပြီး စစ်ဆေးတာလည်း ရှိတယ်။ ဒီကနေ့ နေ့လယ် ၁ နာရီက နေ အခု ည ၉ နာရီကျော်ထိ ခေါ်ယူစစ်ဆေးနေပါတယ်။ ထမင်းလည်း မစားကြသေးဘူး။ ထမင်းသွားပို့ရင် လည်း စစ်တပ်က မပို့ရဘူး” ဟု ပြောသည်။
စာသင်ကျောင်းသို့ ခေါ်ယူစစ်ဆေးရာတွင် အသက် ၁၀ နှစ် အထက်နှင့် အသက် ၅၀ အကြား အမျိုးသား များ ဖြစ်ကြပြီး ရွာသား ၁၀၀ ကျော်ခန့်အား ခေါ်ယူစစ်ဆေးနေသည်ဟု သူမက ပြောသည်။
“ သူတို့ပြောတာ ရွာထဲမှာ အေအေနဲ့ ပတ်သက်ပြီး ဗုံးမထောင်ဖို့ ပြောပါတယ်။ အေအေဆိုတာက ရခိုင် တစ် ခုတည်း။ သူတို့မှာက တိုင်းရင်းသား လူမျိုးပေါင်းစုံပါတယ်လို့ ပြောပါတယ်” ဟု သူမက ပြောသည်။
တစ်ခြားကျေးရွာသား တစ်ဦးကလည်း ယခုကဲ့သို့ ညဉ့်အချိန်ထိ ခေါ်ယူစစ်ဆေးမှုများရှိနေ၍ မိသားစုများ အကြား စိုးရိမ်မှုများလည်းတိုးပွားနေကြောင်း ပြောကြားသည်။
ယခု ခေါ်ယူစစ်ဆေးမှုမှာ ယနေ့နံနက် ၇ နာရီခန့်က ကျောက်တန်းတိုက်နယ် ဈီးခေါင်းနှင့် မညှင်းတောင် ကျေးရွား အကြား မိုင်းဗုံးများ ပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်ပိုင်း ယခုလို ခေါ်ယူစစ်ဆေးနေခြင်း ဖြစ်သော် လည်း ၎င်း ပေါက်ကွဲမှုနှင့် ဆက်စပ်မှု ရှိ/ မရှိ မသိရှိရဟု ၎င်းရွာသားက ပြောကြားသည်။
အနောက်ပိုင်းတိုင်း စစ်ဌာချုပ် ပြောခွင့်ရသူအား ဆက်သွယ်သော်လည်း ဖုန်းကိုင် ဖြေဆိုခြင်း မရှိသဖြင့် တပ်ဘက်က သဘောထားကို မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။
လင့်၊---
No comments:
Post a Comment