" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "

Sunday, April 14, 2019

ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တိုးလာတာ ကြောင့် စိုးရိမ်ပူပန်ကြောင်း ICRC ထုတ်ပြန်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-13

 ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်

ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် ၂၉၀၀၀ (နှစ်သောင်းကိုးထောင်)ကျော် ရှိလာတဲ့ အတွက် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC က စိုးရိမ်ပူပန်ကြောင်း မနေ့က သတင်းထုတ်ပြန်လိုက် ပါတယ်။


၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစပြီး ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အစိုးရတပ်နဲ့ AA အဖွဲ့အကြား တိုက်ပွဲ
တွေ ပြင်းထန်လာတဲ့အတွက် နေရပ်စွန့်ခွာလာသူတွေဟာ ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မောင်တော၊ မင်းပြား နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ယာယီစခန်းချနေထိုင်နေကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ အထက်မြက်လှဲရွာက ဒုက္ခသည်စခန်းတစ်ခုမှာဆိုရင် လူဦးရေ ၅၀၀ ကျော်ရှိ နေပြီး ဒုက္ခသည်တွေဟာ ၀ါးတွေ၊ တာပေါ်လင်စတွေနဲ့ ပြုလုပ်ထားတဲ့ တဲတွေထဲမှာ နေထိုင်နေကြ ရတယ် လို့ ဆိုထားပါတယ်။

အဲဒီဒုက္ခသည်တွေဟာ ဘယ်အချိန်မှာ သူတို့ရဲ့ မူလနေအိမ်တွေဆီ ပြန်နိုင်မလဲဆိုတာ မသိကြဘူးလို့လည်း ICRC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

https://www.rfa.org/burmese/news/icrc-statement-about-rakhine-refugees-04132019081709.html

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */