နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၃၀
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်း ဈီးခေါင်းရွာနှင့် မညှင်းတောင်ကြား လမ်းပေါ်မှ ယနေ့ နံနက် ၇ နာရီ သေနတ်သံများ ထွက်ပေါ်လာသဖြင့် ၎င်းကျေးရွာ ၂ ရွာမှ ရွာသားများမှာ ကြောက်လန့်ပြီး အနီးအနားရှိကျေး ရွာများသို့ ထွက်ပြေးသွားခဲ့ကြသည်ဟု သတင်းရရှိသည်။
“ ကျွန်မတို့ သေနတ်သံကြားရတာက ကျွန်မတို့ရွာနဲ့ မညှင်းတောင်ရွာ အကြားက ကြားတယ်။ နံနက် ၇ နာရီကနေ ၇ နာရီခွဲထိ ကြားပါတယ်။ လက်နက်ကြီးသံရော လက်နက်ငယ်သံရော ကြားရပါတယ်။ တိုက် ပွဲဖြစ်သ လား။ မသိပါဘူး။ သေနတ်သံတွေကြားတော့ ရွာက လူတွေက အနီးအနားရှိ ကျောက်ပြင် ဆိပ် ကျေးရွာသို့ထွက် ပြေးကြပါတယ်” ဟု ပြောကြားသည်။
ဈီးခေါင်းရွာတွင် အိမ်ခြေ ၉၀ ကျော်ရှိပြီး ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်တပ်မှ ရွာအနီးအနားသို့ ရောက်ရှိလာ ခဲ့သဖြင့် ရွာသားများမှာ ကြောက်ပြီး ထွက်ပြေးကြခြင်း ဖြစ်သည်ဟု ကျေးရွာသား တစ်ဦးကလည်း ပြောကြားသည်။
မညင်းတောင်ကျေးရွာသို့ ဆက်သွယ်ရာ အရပ်လူကြီး တစ်ဦးက “ မိုင်းကွဲတယ်လို့တော့ ပြောနေကြပါတယ်သေ နတ်သံတွေ ဆက်တိုက်ထွက်လာတော့ ဘယ်နှလုံးကွဲတယ်ဆိုတာ တိတိကျကျ ပြောဖို့ ခက်ပါ တယ်။ ၇ နာ ရီကနေ မိနစ် ၂၀ နီးပါးလောက်တော့ သေနတ်သံ အကြီး အငယ်သံတွေ ကြားရပါတယ်။ လက်နက်ကြီးတွေက ရွာအနီးမှာထိ ကျပါတယ်။ ဖြစ်တာက ကျွန်တော်တို့ မညင်းတောင်နဲ့ ဈီးခေါင်းရွာ အကြားမှာ ဖြစ်တာပါ” ဟု နိရဉ္စရာသတင်းဌာနသို့ ယနေ့ နံနက် ၁၁ နာရီခန့်က ပြောဆိုသည်။
သေနတ်သံများထွက်ပေါ်လာပြီးနောက် မညှင်းတောင်ကျေးရွာမှ ရွာသားများသည် အနီးအနားရှိ ပြိန်းတော၊ ညောင်ပင်လှ၊ ငစံဘော်ကျေးရွာများသို့ ထွက်ပြေးသွားခဲ့ကြသည်ဟု ၎င်း အရပ်လူကြီးက ပြောကြားသည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားခြင်းမှာ မှန်ကန်ကြောင်း၊ အထိအခိုက် အကျအဆုံး ရှိ/ မရှိကို မသိရကြောင်း၊ မိုင်း ပေါက် ကွဲ ပြီးနောက် စစ်တပ်မှ လက်နက်ကြီး လက်နက်ငယ်များကို ပစ်ခတ်ခဲ့ကြောင်း ကျေးရွာသားများက ပြောကြားသည်။
No comments:
Post a Comment