" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, December 9, 2022

ပင်လယ်ထဲကကယ်ထားတဲ့ ရိုဟင်ဂျာတစ်ရာ‌ကျော်ကို ပြန်ပို့ ဖို့ စစ်ကောင်စီ စီစဥ်နေ

B B C

ဘီဘီစီမြန်မာပိုင်း

2022-12-09

ထိုင်းပင်လယ်ပြင်ထဲကနေ ကယ်ဆယ်ထားတဲ့ ရိုဟင်ဂျာ ၁၅၄ ဦးကို ပြန်ပို့ဖို့ စီစဥ်နေတဲ့အကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ထံက သိရပါတယ်။

လူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ လူမှုဝန်ထမ်းနဲ့ကယ်ဆယ်ရေးဌာနတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ရိုဟင်ဂျာတွေ ကို စစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

‘လုပ်ထုံးလုပ်နည်းအရတော့ နယ်ခြားဒေသတွေ နဲ့ ပင်လယ်ပြင်မှာတွေ့တာမျိုးဆိုရင်တော့ မူရင်းနေရာကိုပြန်ပို့ဖို့ များပါတယ်’ လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ဒုက္ခသည်စခန်းတွေကနေ အင်ဒိုနီးရှားနိုင်ငံကိုသွားရောက် ဖို့ထွက်ခွာလာသူတွေဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ 

 ဒါကြောင့် သူတို့ကိုပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ ပြုလုပ်နေပြီလားလို့ ဘီဘီစီကမေး တော့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်ဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရိုဟင်ဂျာတွေဟာ ပင်လယ်ထဲမှာ ရက်ပေါင်းများစွာမျောပါနေခဲ့လို့ ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ပေးနေ ရ ပြီး ဒီနေ့ထိ သေဆုံးသူမရှိဘူးလို့ သူကပြောပါတယ်။

ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာ ၁၆၀ ခန့် တင်ဆောင်ထားတဲ့ စက်လှေတစ်စင်းဟာ ထိုင်းနိုင်ငံအနီးက ပင်လယ်ပြင်ထဲမှာ တစ်ပတ်ကျော်ကြာ မျောနေခဲ့ပြီးနောက် ကမ်းလွန်ရေနံလုပ်ကွက်က သင်္ဘော နှစ်စင်းက ကနဦးသွားရောက် ကယ်ဆယ်ခဲ့ပြီးမှ မြန်မာရေတပ်ကို သတင်းပို့ခဲ့တာလို့သိရပါတယ်။ 


သွားရောက်ကယ်ဆယ်တဲ့ သင်္ဘောနှစ်စီးဟာ ဗီယက်နမ် ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့ သင်္ဘောနှစ်စီးဖြစ် ကြောင်း ဗီယက်နမ်အခြေစိုက် သတင်းဌာနတချို့က ရေးသားဖော်ပြနေပါတယ်။

ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေဆီက ရရှိတဲ့သတင်းတွေအရ ရိုဟင်ဂျာဒုက္ခသည်အယောက် ၁၈၀ တင် ဆောင်လာတဲ့ နောက်ထပ် လှေတစ်စင်းက နိုဝင်ဘာလ ၂၅ ရက်က မလေးရှားနိုင်ငံသို့ ထွက်ခွာသွားစဉ် စက်ချို့ ယွင်းသွားခဲ့ပြီး လောလောဆယ် ပင်လယ်ထဲမျောနေကြောင်းလည်း သိရပါတယ်။ 

Link;: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */