RFA
RFA Burmese2022.12.07
ရိုဟင်ဂျာတွေ တင်ဆောင်လာတဲ့ ငါးဖမ်းစက်လှေတစ်စီးကို ထိုင်းပင်လယ်ပြင်မှာ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် တွေ့ရစဉ်။
အဲဒီစက်လှေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ နိုဝင်ဘာလကုန်ပိုင်းက ထွက်ခွာလာတာဖြစ်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းကမ်းလွန်ပင်လယ်ပြင်မှာ စတင်ရေယိုစိမ့်လာခဲ့ကြောင်း လှေပေါ်ပါလာသူတွေရဲ့ ဆွေမျိုးတွေနဲ့ တွေ့ဆုံ မေးမြန်းချက်တွေကို ကိုးကားပြီး The Arakan Project လူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာ Chris Lewa က ပြောပါတယ်။
ထိုင်းရေတပ်အရာရှိတစ်ဦးကတော့ သင်္ဘောဟာ အိန္ဒိယရေပိုင်နက်ထဲမှာ ရှိနေပြီး ထိုင်းရေပိုင်နက်ထဲ ရောက်မလာသေးဘူးလို့ ဆိုပါတယ်။ အိန္ဒိယရေတပ် ပြောခွင့်ရသူကလည်း စက်လှေသောင်တင်နေတဲ့သတင်း မရသေးဘူးလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ကပ္ပလီပင်လယ်ပြင်ကို ဖြတ်ကျော်ဖို့ ကြိုးစားသူအရေအတွက် ဒီနှစ်မှာ သိသိသာသာ တိုးလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR က ပြီးခဲ့တဲ့ သောကြာနေ့က ပြောဆိုပါတယ်။
ဒီနှစ်အတွင်း ပင်လယ်ဖြတ်ကျော်ထွက်ခွာသူ ရိုဟင်ဂျာလူမျိုး အနည်းဆုံး ၁၉ဝဝ ရှိခဲ့ပြီး ၁၁၉ ယောက်ထက်မနည်း သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
Link : Here
.png)
No comments:
Post a Comment