" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, December 5, 2022

ရန်ကုန်အဝင် လှည်းကူးမှာ အစုလိုက်သေဆုံးနေတဲ့ အလောင်း တွေတွေ့

B B C

ဘီဘီစီမြန်မာပိုင်း

05-12-2022

ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့နဲ့မိုင် ၂၀ လောက်ဝေးတဲ့ လှည်းကူးမြို့နယ်မှာ အသက်သေဆုံးနေတဲ့ ရိုဟင်ဂျာတွေ လို့ယူဆရတဲ့ အမျိုးသား ၁၃ ဦး အလောင်းကို လမ်းဘေးမှာစုပုံထားတာ တွေ့ရှိရတယ်လို့ မျက် မြင် ဒေသခံတွေပြောဆိုချက် နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာအုပ်စု ငွေနံ့သာ စံပြကျေးရွာ၊ ငွေနံ့သာကျေးရွာနဲ့ အမှတ် ၇ လမ်းမကြီးကို ဆက်သွယ်ထားတဲ့ ကားလမ်းဘေးမှာ သေဆုံးနေတဲ့ အမျိုးသား အလောင်း ၁၃လောင်းကို တွေ့ရှိ ခဲ့ရတယ်လို့ သေဆုံးနေတဲ့အလောင်းတွေကို သွားရောက်ကြည့်ရှုကြတဲ့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့နီးစပ်တဲ့ ပြည်တွင်းအခြေစိုက် သတင်းဌာန အချို့ကလည်းလှည်းကူးမြို့အဝင်သေဆုံးနေသူတွေဟာ ဘင်္ဂါလီတွေဖြစ်တယ်လို့ ဖော်ပြကြပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေကို ဘင်္ဂါလီဆိုပြီး သုံးနှုန်းလေ့ရှိပါတယ်။

လှည်းကူးမြို့နယ်မှာ အစုလိုက် သေဆုံးနေသူတွေဟာ အသက် ၁၃နှစ်ကနေ ၁၅နှစ်အရွယ်ရှိတဲ့ အမျိုးသားတွေ ဖြစ်ကြတယ်လို့လည်း မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံက ပြောပါတယ်။ 

သေဆုံးနေသူတွေမှာ ဒဏ်ရာဒဏ်ချက် မတွေ့ရဘဲ သေဆုံးနေတာ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ အဲဒီလူတွေကို အလုံပိတ်ကားနဲ့ တင်ခေါ်လာတဲ့ အတွက်ကြောင့် အသက်ရှူကျပ်ပြီး သေဆုံးတာ ဖြစ်နိုင်တယ်လို့ လည်း သူက ပြောပါတယ်။ 

သေဆုံးသူတွေဟာ အလောင်းတွေမှာ ရေစိုနေပြီး လက်ဖျားတွေမှာ နူးပွနေတဲ့အကြောင်း ၊ အဲဒီအလောင်းတွေကို တွေ ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး စစ်ဆေးနေတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အခုဖြစ်စဥ်မတိုင်မီပြီးခဲ့တဲ့ ရက်အတွင်း လှည်းကူးမြို့နယ်မှာပဲ နိုဝင်ဘာ ၂၇ ရက်မှာ ဂျင်း (ချင်း )အိတ်တွေနဲ့သယ် ဆောင်လာတဲ့ ၁၂ ဘီးကား လမ်းဘေးထိုးကျတာကနေ ရိုဟင်ဂျာ အမျိုးသား ၊အမျိုးသမီး စုစုပေါင်း ၆၈ ယောက် ကို ဖမ်းမိသလို နိုဝင်ဘာ ၂၈ နဲ့ ၂၉ ရက်တွေမှာလည်း ထပ်မံဖမ်းမိတာကြောင့် ၃ ရက်အတွင်း စုစုပေါင်း ၇၁ ယောက် ဖမ်းမိတာကိုလည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

စစ်ကောင်စီရဲ့ နိုဝင်ဘာ ၂၇ ရက် သတင်းထုတ်ပြန်ချက်မှာတော့ ဘင်္ဂါလီ တွေလို့ သုံးနှုန်းထားပြီး တရားမဝင် လူ ကုန်ကူးခံရသူတွေ ဖြစ်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

လူကုန်ကူးခံရသူတွေ ထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

ရေလမ်းကြောင်းကနေ အင်ဒိုနီးရှား နိုင်ငံကို ထွက်ပြေးနေသူတွေလည်းရှိ
 
ဒီဇင်ဘာ ၅ ရက်နေ့ လှည်းကူးမှာ သေဆုံးသူတွေဟာ အဖမ်းခံရတဲ့ ရိုဟင်ဂျာတွေထဲက ဖြစ်နိုင် တယ်လို့ ရိုဟင်ဂျာ အရေး လှုပ်ရှားနေသူတွေက ထင်မြင်ချက် ပေးနေပေမဲ့ ဘီဘီစီအနေနဲ့ သီခြား အတည်ပြုနိုင်တာမရှိပါဘူး။

ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကတော့ နိုင်ငံတွင်းမှာ လူ့အခွင့်အရေးတွေချိုးဖောက်ခံရလို့ နေထိုင် ဖို့ခက်တဲ့ အ ခြေ အနေ၊ လူကုန်ကူးဖို့ကြိုးစားပြီးငွေကြေးလိမ်လည်တဲ့ပွဲစားတွေရဲ့မက်လုံး တွေကို ယုံကြည်ကြတာတွေနဲ့ သူတို့ ရဲ့ ဆွေမျိုးတွေရဲ့ ခေါ်ဆိုမှုတွေကြောင့် ထွက်ပြေးဖို့ကြိုးစားရင်း ရိုဟင်ဂျာတွေဖမ်းမိတာနဲ့ သေဆုံးတာ‌တွေဖြစ်ရ တယ် လို့ သုံးသပ်ကြပါတယ်။ 

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဒုက္ခသည် စခန်းကနေ ထွက်ပြေးနေကြ

ရိုဟင်ဂျာတွေ ဟာ ဒုက္ခသည် စခန်းကနေ ထွက်ပြေးရင်း ရန်ကုန်၊ မော်လမြိုင်၊ ကရင်ပြည်နယ် စတဲ့ ဒေသတွေမှာ မကြာခဏ ဖမ်းဆီး ခံနေရတယ်လို့ ရိုဟင်ဂျာ အရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖမ်းဆီးခံရမှုတွေ ပိုများလာတယ်လို့လည်း သူက ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းကတည်းက ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ထွက်ပြေးဖို့ကြိုစားတဲ့ ရိုဟင်ဂျာတွေ ဖမ်းဆီးမိပြီးထောင်ဒဏ်ချမှတ်ခံရ့လူဦးရေ‌ထောင်ကျော်ရှိနေပြီး ထွက်ပြေးဖို့ကြိုးစားရင်းသေဆုံးရသူကတော့ ၈၀ နဲ့ ၁၀၀ကြားရှိတယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုး က ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */