" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 6, 2022

မုဒုံမြို့နယ်မှာ ရိုဟင်ဂျာ ၇၈ ဦးဖမ်းဆီးခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2022.12.06
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝဲကလိကျေးရွာအနီး ကမာဝက်ချောင်းဝတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများအား တွေ့ရစဉ်။ Citizen Journalist

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝဲကလိကျေးရွာအနီး ကမာဝက်ချောင်းဝမှာ ဒီဇင်ဘာလ ၄ ရက် မနက်ပိုင်းက စက်လှေတစ်စီးနဲ့လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၇၈ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ် လို့ မွန်ပြည်နယ် စစ်ကောင်စီပြော ရေးဆိုခွင့်ရှိသူ ဦးအောင်ကြည်သိန်းက ဒီဇင်ဘာလ ၆ ရက် ဒီကနေ့ RFA ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေဟာ ဘယ်ဒေသကလာပြီး ဘယ်ဒေသကိုသွားမလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ ဦးအောင်ကြည်သိန်းက ထုတ်မပြောပါဘူး။

ရိုဟင်ဂျာတွေဟာ ကမာဝက်ချောင်းဝမှာ စက်လှေရပ်နားထားချိန် ဖမ်းဆီးခံလိုက်ရတာပါ။

စစ်လှေမောင်းသမားကတော့ ထွက်ပြေးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကမာဝက်ချောင်းဝမှာ ကျောက်ချထားတဲ့ သိန်းထိုက်ကျော်စက်လှေပေါ်ကနေ အဖမ်းခံလိုက်ရတာ။ စက်လှေက ရပ်ထားတာ။ အဲဒါကို အနီးနားကလူတွေက တွေ့သွားတော့ အုပ်ချုပ်ရေးကို အကြောင်းကြားပြီး ရှာဖွေကြတော့ စက်လှေထဲမှာ ပါလာသူတွေ ဖမ်းခံလိုက်ရတာ။ စက်လှေမောင်းတဲ့သူတွေကတော့ ထွက်ပြေးသွား တယ်”

ဖမ်းဆီးခံရသူတွေဟာ အသက်မပြည့်သေးတဲ့ ကလေး သုံးဦး၊ နောက် အမျိုးသား ၅၄ ဦးနဲ့ အမျိုးသမီး ၂၁ ဦးပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရိုမှာ ရိုဟင်ဂျာတွေကို မုဒုံရဲစခန်းမှာ စစ်ဆေးမှုတွေပြုလုပ်နေပြီး ဘယ်ဥပဒေတွေနဲ့ အရေးယူမယ်ဆိုတာ မသိရသေးဘူးလို့ မုဒုံဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်မနေ့တုန်းကလည်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ငွေနံ့သာ ကျေးရွာ အမှတ် ၇ ကားလမ်းမဘေး အမှိုက်ပုံမှာ ရိုဟင်ဂျာ ၁၃ ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ ခဲ့ပါတယ်။

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ၆ ရက်အထိ ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာ ထွက်ပြေးဖို့ကြိုစားတဲ့ ရိုဟင်ဂျာ ၁,၅၂၉ ဦး ဖမ်းဆီးခံထားရပါတယ်။ အဲဒီအထဲက ၂၇၁ ဦး ကတော့ လဝကဥပဒေတွေနဲ့ ထောင်ဒဏ် နှစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်ခံထားရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */