" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, December 9, 2022

လှည်းကူးမှာ ရိုဟင်ဂျာ ၁၂ ယောက် ထပ်မံ အဖမ်းခံရ

RFA
RFA Burmese
2022.12.08

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ ၁၂ယောက်ကို တွေ့ရစဉ်။Citizen Journalist


ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ငွေသောင်ယံကျေးရွာနားမှာ ရိုဟင်ဂျာ ၁၂ ယောက်ကို မနေ့က ဖမ်းဆီးမိခဲ့ပါတယ်။

ဖမ်းမိတဲ့ အမျိုးသမီး ခြောက်ယောက် နဲ့ အမျိုးသား ခြောက်ယောက်ကို ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ရိုဟင် ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အခု ဖမ်းဆီးရမိသူတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို သူတို့တွေရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ပတ်သက်ပြီးလည်း အတိအကျ မသိ ရသေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့ကလည်း လှည်းကူးမြို့နယ် ဘားလားအုပ်စု ငွေနံ့သာကျေးရွာနား အမှတ် ၇ ကားလမ်း မ ဘေးက အမှိုက်ပုံမှာ ရိုဟင်ဂျာ ၁၃ ဦးရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။

သေဆုံးသူတွေဟာ အသက် ၁၇ နှစ်ကနေ ၃ဝ ဝန်းကျင်အရွယ်တွေ ဖြစ်ကြပါတယ်။ အဲဒီရုပ်အလောင်းတွေကို စစ်ကောင်စီ က မနေ့က သဂြိုလ်လိုက်ပြီလို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း လှည်းကူးမြို့နယ် ညောင်နှစ်ပင် စက်မှုဇုန် (၁) အနီးမှာ ရိုဟင်ဂျာ ၆၈ ဦး၊ နိုဝင်ဘာလ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ရိုဟင်ဂျာ သုံးဦး ဖမ်းဆီးခံခဲ့ရပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */