" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, December 3, 2022

ဘာသာရေး လွတ်လပ်ခွင့် ချိုးဖေါက်တဲ့ နိုင်ငံတွေထဲ မြန်မာ ပါဝင်

VOA
ဗွီအိုအေမြန်မာပိုင်း
၀၃ ဒီဇင်ဘာ၊ ၂၀၂၂

ကမ္ဘာပေါ်မှာ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖေါက်တဲ့ အထူးစိုးရိမ်ရတဲ့နိုင်ငံတွေရဲ့အမည်ကို အမေရိကန် နိုင်ငံ ခြား ရေးဝန်ကြီးဌာနက သောကြာနေ့ က ထုတ်ပြန်ကြေညာရာမှာ မြန်မာနိုင်ငံ ထိပ်ဆုံးက ပါဝင်နေပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ထုတ်ပြန်ကြေညာရာမှာ မြန်မာ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကျူးဗား၊ အီရီထြီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗီးယား၊ နီကွာရာဂွါ၊ ရုရှား စတဲ့နိုင်ငံတွေဟာ ဘာသာရေး လွတ်လပ်ခွင့်ချိုးဖေါက်မှု အထူးစိုးရိမ်ရတဲ့နိုင်ငံတွေဖြစ်တယ်လို့ ကြေညာခဲ့ပါ တယ်။
အစိုးရတွေကိုယ်တိုင်၊ ဒါမှမဟုတ် အစိုးရ မဟုတ်တဲ့ အခြားဖွဲ့စည်းတွေက လူတဦးတယောက်အပေါ် သူတို့ရဲ့ ကိုးကွယ်ယုံကြည်မှုကြောင့် ခြိမ်းခြောက် နှောက်ယှက်တာတွေ၊ ဖမ်းဆီးထောင်ချတာတွေ၊ ညှင်းပန်းနှိပ်စက်တာ နဲ့ သတ်ဖြတ်တာတွေ အထိ ကျူးလွန်ကြပါတယ်။ ဒီလိုအခွင့်အရေး ချိုးဖေါက်မှုတွေကို အမေရိကန် ပြည်ထောင် စု အနေနဲ့ လက်ခံမှ ာမဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖေါ်ပြထားပါတယ်

တချို့နေရာတွေမှာ ကိုးကွယ်ယုံကြည်မှုအပေါ်နိုင်ငံရေးအရ အမြတ်ထုတ်တာတွေလည်း ရှိပါတယ်။ ဒီလိုလုပ် ဆောင် မှုတွေဟာ အမုန်းတရားတွေကိုဖန်တီးပေးသလို၊ စီးပွားရေးအရ လုံခြုံမှုကိုလည်း ခြိမ်းခြောက်ပါနေ ပါ တယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှုကိုလည်း ခြိမ်းခြောက်နေပါတယ်လို့ ဆက်လက်ဖေါ်ပြထား ပါတယ်။

ဒါ့အပြင် အယ်ဂျီးရီးယား၊ အာဖရိက ဗဟိုပိုင်းနိုင်ငံတွေ ၊ မော်ရိုကို နဲ့ ဗီယက်နမ်နိုင်ငံတွေကို အထူးစောင့်ကြည့်ရ မဲ့ နိုင်ငံတွေအဖြစ် ဝန်ကြီး Blinken က ကြေညာခဲ့ပါတယ်။

ဒါ့အပြင် အစ္စလမ္မစ် အစွန်းရောက်အဖွဲ့တွေဖြစ်ကြတဲ့ al-Shaban, ISIS Greater Shara, ISIS west Afric, Taliban အပါအဝင် အာဖရိက မှာ လှုပ်ရှားနေကြတဲ့ ရုရှားကြေးစား လက်နက်ကိုင်အဖွဲ့Wagner Group တို့ကို လည်း အထူးစိုးရိမ်ရတဲ့ အဖွဲ့တွေအဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကကြေညာခဲ့ပါ တယ်။

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */