" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, July 15, 2023

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ဒေါ်လာ ၇၄ သန်း အမေရိကန် ကူညီမည်

RFA
RFA Burmese
2023.07.14

၂ဝ၂၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာတချို့အားတွေ့ရစဉ်။ AFP

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၇၄ သန်းကျော် ထပ်ပြီးကူညီထောက်ပံ့သွားမယ်လို့ အမေရိ ကန်အစိုးရက ဇူလိုင် ၁၃ ရက်နေ့က ကြေညာလိုက်ပါတယ်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တစ် ဆင့် ကူညီတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာတွေနဲ့ သူတို့ကို လက်ခံကူညီပေးထားသူ တွေကို ထောက်ပံ့မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေ ရ တဲ့ စစ်ဘေးဒုက္ခသည်တွေကိုလည်း ကူညီသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကစပြီး အကူအညီလိုအပ်နေသူတွေ ကို ထောက်ပံ့ခဲ့တာ အခုဆိုရင် အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်ကျော်သွားပြီလို့လည်း USAID က ထုတ်ပြန် ထားပါတယ်။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */