" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, April 20, 2023

ရိုဟင်ဂျာအရေး မြန်မာဘက်က ချေပချက်တင်ဖို့ ICJ အချိန် ၁ လထပ်ပေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၀ ဧပြီ၊ ၂၀၂၃ 

ICJ နိုင်ငံတကာတရားရုံးမှာ အမှုရင်ဆိုင်ဖို့ရောက်ရှိနေတဲ့ မြန်မာနှင့် ဂမ်ဘီယာရှေ့နေများကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၂၁-၂၈၊ ၂၀၂၂)

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ICJ နိုင်ငံတကာ တရားရုံးကို အထောက် အထားတွေတင်ပြ လျှောက်လဲ ချက်ပေးရမယ့်ရက်ကို တရားရုံးက ၁ လပဲ အချိန်တိုးပေးလိုက်ပါတယ်။ မြန်မာ ဘက်က ပြန်လည်ချေပဖို့ ပြင်ဆင်စရာတွေရှိသေးတာကြောင့် အချိန်တိုးတောင်းခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

ICJ တရားရုံးရဲ့ မှတ်တမ်းအရတော့ အာဏာသိမ်းပြီး အုပ်ချုပ်ရေးအပြောင်းအလဲဖြစ်နေတာ၊ ကိုဗစ် 19 ရောဂါ ကူးစက်မှု တားဆီးရေး ကိစ္စတွေ လုပ်ကိုင်ခဲ့တာ၊ အမှုနဲ့ ပတ်သက်လို့ အထောက်အထား ရှာဖွေရတဲ့ အကန့် အ သတ်၊ ဘာသာပြန်ဖို့ လိုတာတွေကြောင့် အချိန်ပိုလိုတယ်လို့ မြန်မာနိုင်ငံဘက်က အကြောင်းပြချက်ပေးပြီး ၂၀၂၄ ဖေဖော်ဝါရီလအထိ သက်တမ်းတိုးပေးဖို့ တောင်းဆိုတယ်လို့ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်နေတဲ့ ဒါမှမဟုတ် မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေတဲ့ ဒုက္ခသည်တချို့ရဲ့ သက်သေထွက်ဆိုချက်တွေလည်း လိုအပ်နေတယ်လို့လည်း မြန်မာနိုင်ငံဘက်က အကြောင်းပြပါတယ်။ ဒါပေမဲ့ ICJ တရားရုံးက ၁ လပဲ သက်တမ်း တိုး ပေးထားတာကို တရားရုံးမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ ခုလို သက်တမ်းတိုးပေးဖို့ မြန်မာနိုင်ငံဘက်က တောင်းဆို တာဟာ အကြောင်းပြချက် မခိုင်လုံဘူးလို့ တရားစွဲဆိုတဲ့ ဂမ်ဘီယာနိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေဟာ လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ နိုင်ငံ တကာစာချုပ်ကို ချိုးဖေါက်တယ်ဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ စွဲဆိုချက်နဲ့ ပတ်သက်ပြီး အခုနှစ် ဧပြီလ ၂၃ ရက်နေ့ မတိုင်ခင် နှစ်ဘက် အထောက်အထားတွေ တင်ပြဖို့ ပြီးခဲ့တဲ့နှစ် ဂျုလိုင်လမှာ ICJ တရားရုံးက ဆုံးဖြတ်ထား တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာဘက်က လျှောက်လဲချက်ပေးရမယ့်ရက်ကို ၂၀၂၄ ခု နှစ် ဖေဖေါ်ဝါရီလ ၂၄ ရက် နေ့ အထိ သက်တမ်းတိုးပေးဖို့ တောင်းဆိုခဲ့ပေမယ့် တရားရုံးက ဒီနှစ်မေလ ၂၃ အထိ ၁ လပဲ အချိန်တိုးပေးတာ ဖြစ်ပါတယ်။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */