" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, January 10, 2023

အကူအညီတွေ လိုအပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ

VOA
ဗွီအိုအေမြန်မာပိုင်း
VOA Policy
January 09, 2023

မြန်မာစစ်တပ်ကနေ ရိုဟင်ဂျာတွေကို လူမျိုးတုံးစေမယ့် စစ်ဆင်ရေးတွေလုပ်ခဲ့တာဟာ အခုဆိုရင် ၅ နှစ် ရှိပါပြီ။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုှံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကလည်း သူတို့အတွေ့အကြုံတွေကိုပြော ပြပါတယ်။ အကြမ်းဖက်မှုတွေကနေ ရှောင်ကွင်းနိုင်ဖို့ ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းခွဲဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရပြီး အခုဆိုရင် ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်အရေအတွက်က ၁ သန်း နီးပါး ရှိနေပြီဖြစ်ပါတယ်။

နိုင်ငံတကာက လှူဒါန်းမှုတွေနဲ့ စာနာမှုဆိုင်ရာအကူအညီပေးသူတွေရဲ့ ထောက်ခံအားပေးမှုတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပြည်သူတွေ ရက်ရောစေတနာကောင်းစွာနဲ့ ဒုက္ခသည်တွေကို လက်ခံကူညီမှုတွေကို အမေရိကန်အစိုးရက အသိအမှတ်ပြုပါတယ်။ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေကြောင့် ဘဝနေထိုင်မှုတွေ ပြောင်းခဲ့ရသူတွေကို လူသားချင်းစာနာမှုဆိုင်ရာ လှူဒါန်း အကူအညီပေးရာမှာ အမေရိကန်အစိုးရက ဦးဆောင်လျက်ရှိပါတယ်။ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဒေသတွင်းအခြားနိုင်ငံတွေမှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာတွေနဲ့ သူတို့ကို လက်ခံအကူအညီပေးနေကြသူတွေကို လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ အမေရီကန်အစိုးရ ကူညီထောက်ပံ့မှုက အမေရိကန် ဒေါ်လာ ၁.၉ ဘီလျံကျော်ပါတယ်။ အကြမ်းဖက်ခံရသူတွေအတွက် တရားမျှတစွာ စီရင်နိုင်ရေး၊ ရိုဟင်ဂျာတွေအပါ် စက်ဆုပ်ရွံရှာဖွယ်ကောင်းအောင် ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ကို တာဝန်ယူဖြေရှင်းခိုင်းရေး၊ ရိုဟင်ဂျာဒုက္ခသည်တွေအရေး အခြေအနေတိုးတက်လာမယ့် ရေရှည် အစီအမံတွေဆောင်ရွက်နိုင်ရေး၊ အခြေအနေပေးလာရင် သူတို့သဘောဆန္ဒနဲ့အညီ လုံခြုံ ဂုဏ် သိက္ခာရှိစွာနဲ့ မြန်မာနိုင်ငံကို ပြန်နိုင်ရေးတွေဆောင်ရွက်နိုင်ဖို့ကိုလည်း အမေရိကန်အစိုးရက ဆက်လက်ပါဝင်ကြိုးပမ်းသွားမှာပါ။ လက်ရှိမြန်မာနိုင်ငံအတွင်း အခြေအနေတွေကတော့ ဒုက္ခသည်တွေ ပြန်ဖို့ လုံခြုံတဲ့အနေအထား မရှိသေးပါဘူး။

နေရပ်စွန့်ခွာရတဲ့ ရိုဟင်ဂျာတွေရဲ့အခြေအနေက သေရေးရှင်ရေးတမျှ ရှိနေဆဲပါ။ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ရက် ရောကူညီမှုတွေကြားကပဲ ဒုက္ခသည်စခန်းတွေအတွင်း လူနေအရမ်းထူထပ်တာနဲ့ လုံခြုံရေးအခြေအနေတွေက အဆင်မပြေမှုတွေဖြစ်နေကာ အလုပ်အကိုင်ရှားပါးမှု၊ လွပ်လပ်စွာ သွားလာခွင့်မရှိတာနဲ့ အခြေခံဝန်ဆောင်မှုတွေမရနိုင်တဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နေရပ်ပျောက်ရိုဟင်ဂျာတွေကို အမေရိကန်အစိုးရက တစိုက်မတ်မတ် ပူးပေါင်းဆောင် ရွက်ရေးလုပ်ငန်းစဉ်အရ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးနဲ့အတူ လို အပ်ချက်တွေရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အစီအစဉ်တွေကို အမေရိကန်နိုင်ငံ ခြာ းရေး ဝန်ကြီး Antony Blinken ပြီးခဲ့တဲ့လကကြေညာခဲ့ပါတယ်။

အခု အစီအစဉ်တွေဟာ အမေရိကန်အစိုးရဲ့ နိုင်ငံတကာကဒုက္ခသည်တွေ လက်ခံရေးအစီအစဉ်ရဲ့ တစိတ်ပိုင်း ပါဝင်မှာဖြစ်သလို ရိုဟင်ဂျာဒုက္ခသည်အရေး ကျယ်ကျယ်ပြန့်ပြန့်နဲ့ တုံ့ပြန်ဆောင်ရွက်ရာမှာ အဓိကကျတဲ့ ရိုဟင်ဂျာတွေ လုခြုံစိတ်ချ ဂုဏ်သိက္ခာရှိရှိနဲ့ နေရပ်ပြန်နိုင်ရေးဆောင်ရွက်ရာမှာလည်း တစိတ်တပိုင်းအဖြစ် ပါဝင်မှာဖြစ်ပါတယ်လို့ ဝန်ကြီး Blinken ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

စစ်၊ မတရားမှုတွေနဲ့ မတည်ငြိမ်မှုတွေကြောင့် ကမ္ဘာတလွှား စံချိန်တင်လောက်အောင် နေရပ်စွန့်ခွာရသူတွေ များ ပြားနေချိန်မှာ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာအများစုကို ပြန်လည်နေရာချထားပေးတာဟာ မကြုံစဖူး နေရပ်စွန့်ခွာရသူတွေအရေးမှာ အမေရိကန်က ကာလကြာရှည် ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အစီအစဉ်တွေ နဲ့ ဦးဆောင်ဖြေရှင်းပေးနေတာတွေကို ထင်ဟပ်ပြသရာရောက်ပါတယ်လို့လည်း ဝန်ကြီး Blinken ကပြောပါတယ်။ ပြန်လည်နေရာချထားရေး အရေးကြီးတဲ့ အစပျိုးအစီအစဉ်ကို အားပေးကူညီမှုတွေနဲ့ ဒုက္ခသည်တွေကို ရက်ရက်ရောရောကူညီမှုတွေအတွက်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရကို အမေရိကန်က ကျေးဇူးတင်ကြောင်း ဝန်ကြီး Blinken က ထပ်လောင်းပြောကြားခဲ့ပါတယ်ခင်ဗျာ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */