" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, July 14, 2023

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ထိခိုက်လွယ်ပြည်သူ များအတွက် အမေရိကန်ဒေါ်လာ ၇၄ သန်းကျော် ထပ် လောင်း ထောက်ပံ့မည်

ခေတ်သစ်မီဒီယာ
ရန်ကုန်၊ ဇူလိုင် ၁၄ 


မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများရှိ ထိခိုက်လွယ်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင် ရာအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၇၄ သန်းကျော်ကို အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှတစ်ဆင့်ထပ်လောင်းထောက်ပံ့မည်ဖြစ်ကြောင်း USAID Burma က ယနေ့ ဇူလိုင် ၁၄ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

အမေရိကန်ဒေါ်လာ ၇၄ သန်းကျော်ကို မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြရသည့် ရိုဟင်ဂျာဒုက္ခသည်များ၊ ၄င်းတို့ကို လက်ခံကူညီပေးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရပ်ရွာအဝင်းအဝိုင်းများနှင့် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုနှင့် အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသော ပြင်းထန် လာနေသည့် ပဋိပက္ခများကြောင့် ထိခိုက်ခံစားနေကြရသည့် အခြားအသိုင်းအဝိုင်းများအတွက် ထောက်ပံ့မည်ဖြစ် ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံသည် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ဖြစ်ပွားခဲ့သည့်အကြမ်းဖက်မှုမှစ၍ အထက်ဖော်ပြပါ လူများ အတွက် ပံ့ပိုးပေးနေခဲ့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့သည် ဤထပ်ဆောင်းပံ့ပိုးပေး မှု ပါ ထပ်ပေါင်းလျှင် အမေရိကန်ဒေါ်လာ စုစုပေါင်း သန်း ၂၀၀၀ ကျော်သွားပြီ ဖြစ်ကြောင်း USAID Burma ၏ ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ အာဟာရပြည့်ဝရေးဆိုင်ရာအထောက် အပံ့၊ အမိုးအကာ၊ ဘေးကင်းသောသောက်သုံးရေရရှိမှု၊ အညစ်အကြေးစွန့်ပစ်ခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ် ရေးအတွက် အထောက်အပံ့များ၊ ထိခိုက်လွယ်မှုအများဆုံးသော ပြည်သူများအတွက် ကာကွယ်ရေးလုပ်ငန်းများ၊ အခြေခံလိုအပ်ချက်များ ပြည့်မီစေရေးအတွက် ရည်ရွယ်ချက်မျိုးစုံဖြင့် ငွေသားများထောက်ပံ့မှုနှင့် အရေးပေါ် ကယ် ဆယ်ရေးလုပ်ငန်းများအတွက် အရေးတကြီး အထောက်အပံ့များကို ပံ့ပိုးပေးမည်ဖြစ်ကြောင်းလည်း သိရှိရ သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */