" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မလေးရှား. Show all posts
Showing posts with label မလေးရှား. Show all posts

Saturday, March 25, 2023

မလေးရှားသွားမယ့် ရိုဟင်ဂျာ ၁၅၀ သံဖြူဇရပ်မှာ အဖမ်းခံရ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၅ မတ်၊ ၂၀၂၃

(မှတ်တမ်း ပုံဟောင်း) - အင်ဒိုနီးရှားမှာ ထိန်းသိမ်း ခံထားရသည့် ရိုဟင်ဂျာဒုက္ခသည်များ။
 

မလေးရှားကို ထွက်ပြေးဖို့ ကြိုးစားတယ်လို့ယူဆရတဲ့ ရိုဟင်ဂျာ ၁၅၀ လောက်ကို မြန်မာအာဏာပိုင်တွေ ဖမ်းဆီး ထားကြောင်း တာဝန်ရှိသူတဦးရဲ့ သောကြာနေ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။

အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေ ပါဝင်တဲ့အဖွဲ့ကို သံဖြူဇရပ်မြို့နယ်မှာ ဖမ်းဆီးတာဖြစ်ကြောင်း မီဒီယာကို ပြောခွင့်မရှိတဲ့အတွက် အမည်မဖော်တဲ့ တာဝန်ရှိသူက AFP ကို ပြောပါတယ်။ ဒီလူတွေကို ဖမ်းဆီးရတဲ့ အ ကြောင်းရင်းကိုလည်း မပြောပါဘူး။ ရွာ ၂ ရွာကြားက တောထဲမှာ ပုန်းအောင်းနေကြတာ ဖြစ်ကြောင်း၊ သတင်း ပေး တိုင်ကြားချက် အရ ကြာသပတေးနေ့ ညနှောင်းပိုင်းကတည်းက စပြီး ဖမ်းဆီးခဲ့တာဖြစ်ကြောင်း လုံခြုံရေး သတင်းရင်းမြစ်က ပြောပါတယ်။

Friday, March 24, 2023

မလေးရှားသို့ သွားရောက်မည့် ရိုဟင်ဂျာ ၁၅၀ ခန့်ကို ဖမ်း ဆီး

မဇျ္စိမ
AFP
24 March 2023

မလေးရှားနိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားသည် သံသယရှိရသော ရိုဟင်ဂျာ ၁၅၀ ခန့်ကို မြန်မာအာဏာပိုင်များက ဖမ်းဆီးထားကြောင်း တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသို့ သောကြာနေ့တွင် ပြောသည်။

နိုင်ငံတောင်ပိုင်း သံဖြူဇရပ်မြို့တွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်သော အုပ်စုကို ဖမ်းဆီးရ မိခြင်း ဖြစ်ကြောင်း မီဒီယာသို့ ပြောပိုင်ခွင့် မရှိသဖြင့် နာမည် ထုတ်ဖော်မပြောသော ယင်း တာဝန်ရှိသူက ဆိုသည်။

Wednesday, March 1, 2023

မောင်တောမှာ မလေးရှားသွားမယ့် ရိုဟင်ဂျာ ၃၄ ဦး ဖမ်းဆီးခံရ

RFA
RFA Burmese
2023.02.28

 မောင်တောမြို့နယ် ကျောက်ပန္ဒူရွာအနီးတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဖမ်းဆီးခံရသည့် ရိုဟင်ဂျာဒုက္ခသည်များအား တွေ့ရစဉ်။ ရခိုင်နေ့စဉ်သတင်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်ပန္ဒူရွာအနီးမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မလေးရှားနိုင်ငံကို သွားမယ့် ရိုဟင်ဂျာ ၃၄ ဦးကို စက်လှေနဲ့အတူ စစ်ကောင်စီရေတပ်က ဖမ်းဆီးရမိခဲ့တယ်လို့ ရခိုင် ပြည်နယ် စစ် ကောင်စီရဲ့ ရခိုင်နေ့စဉ်သတင်းမှာ ဖော်ပြထား ပါတယ်။

ရိုဟင်ဂျာ အမျိုးသား ၂၄ ဦးနဲ့ အမျိုးသမီး ၁၀ ဦးပါဝင်ပြီး သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်၊ ဘာလူခါ လီနဲ့ နီလာဒုက္ခသည်စခန်းတွေက ဖြစ်တယ်လို့ ရေးသား ထားပါတယ်။

ဖမ်းဆီးရမိသူတွေအားလုံးကို လက်ရှိ အမှုဖွင့်အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနကို လွှဲပြောင်းထားတယ်လို့လည်း ဆိုပါတယ်။

Thursday, February 2, 2023

မလေးရှား ထွက်ခွာဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ ၃၆ ဦး စစ်တွေဆိပ်ကမ်းမှာ ဖမ်းဆီးခံရ

RFA
RFA Burmese
2023.02.02 

                      ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က တွေ့ရသည့် စစ်တွေဆိပ်ကမ်း တစ်နေရာ။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဆိပ်ကမ်းအနီးမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် ညပိုင်းက မလေးရှားနိုင်ငံကို စက်လှေနဲ့ထွက်ခွာဖို့ကြိုးစားကြတဲ့ ရိုဟင်ဂျာ ၃၆ ဦး ဖမ်းဆီးခံလိုက် ရတယ်လို့ စစ်တွေမြို့ခံတွေက RFA ကို ဒီ နေ့ပြောပါတယ်။

သူတို့ဟာ စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မောင်တောမြို့နယ်တွေကဖြစ်ပြီး ဖမ်းဆီးခံရတဲ့အထဲ ရိုဟင်ဂျာ အမျိုးသား ၂၈ ဦးနဲ့ အမျိုးသမီး ရှစ်ဦး ပါဝင်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ စစ်တွေမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

Tuesday, December 27, 2022

၂၀၂၂ သည် ပင်လယ်ပြင်တွင် ရိုဟင်ဂျာသေဆုံးမှု အများဆုံး နှစ်များတွင် ပါဝင်

ဧရာဝတီ
27 December 2022
၂၀၂၂ ဒီဇင်ဘာ ၂၅ ရက်တွင် အင်ဒိုနီးရှား အာချေးဒေသသို့ လူ ၁၈၀ တင်ပြီး ပင်လယ်ဖြတ်လာခဲ့သော စက်လှေ / AFP
 
ရိုဟင်ဂျာ မွတ်ဆလင်အများစု ပါဝင်သော လူ ၁၈၀ သယ်ဆောင်လာသည့် စက်လှေတစီး နစ်မြုပ်သွားနိုင်ဖွယ်ရှိ သောကြောင့် ၂၀၂၂ ခုနှစ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စခန်းများမှ ဆိုးရွားသော အခြေအနေများကြောင့် ထွက်ပြေး နေရသော ရိုဟင်ဂျာများအတွက် အဆိုးရွားဆုံး နှစ်တခုဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး (UNHCR) က ပြောသည်။

၂၀၁၇ ခုနှစ်တွင် စစ်တပ်က သတ်ဖြတ်နှိမ်နင်းသောကြောင့် နိုင်ငံမှ ထွက်ပြေးလာသူ ထောင်ပေါင်းများစွာ အပါ အဝင် မြန်မာမှ ရိုဟင်ဂျာဒုက္ခသည် တသန်းခန့်သည် မွတ်ဆလင်အများစုရှိသော ဘင်္ဂလားဒေ့ရှ်မှ ကျပ်သိပ်နေ သည့် ဒုက္ခသည်စခန်းများတွင် နေထိုင်ရသည်။

Wednesday, December 7, 2022

ထိုင်းပင်လယ်ပြင်အတွင်းမျောနေတဲ့ ရိုဟင်ဂျာတွေပါတဲ့စက် လှေ ကယ်ဆယ်သူမရှိသေး

B B C

ဘီဘီစီမြန်မာပိုင်း

7 December 2022 

ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာ ၁၆၀ လောက်တင်ဆောင်ထားတဲ့ စက်လှေတစ်စင်းဟာ ဒီဇင်ဘာလ ၇ ရက်၊ ဒီနေ့အထိ ထိုင်းနိုင်ငံအနီးက ပင်လယ်ပြင်ထဲမှာမျောနေပြီး အဲဒီထဲမှာ ‌အစာရေငတ်လို့ သေဆုံးသူတွေ လည်း ရှိနေတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာအကြံပေး အဖွဲ့၀င်တစ်ဦးဖြစ် သူ ဦးအောင်ကျော်မိုးက သူနဲ့အဆက်အသွယ် ရရှိထားချက်တွေကို ကိုးကားကာ ဘီဘီစီကိုပြောပြပါတယ်။

ဦးအောင်ကျော်မိုးပြောကြားချက်အရ အဲဒီစက်လှေဟာ စက်ချို့ယွင်းပြီး မျောနေတာက ၆ရက်လောက် ရှိပြီလို့ သိရပါတယ်။ 

Saturday, November 5, 2022

မလေးရှားကို လှေစီးထွက်လာတဲ့ ရိုဟင်ဂျာ အယောက် ၈ဝကျော် အဖမ်းခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊ သတင်းများ
2022.11.05 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ငပလီမြို့ ဂေါ့ကမ်းခြေအနီးမှာ ဩဂုတ်လ ၁၉ ရက်က ရိုဟင်ဂျာ အယောက် ၅ဝ ခန့် ဖမ်းဆီးခံရစဉ်။ Photo: Aung Kyaw Moe

မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို အလုပ်သွားလုပ်ဖို့ လှေစီးထွက်လာတဲ့ ရိုဟင်ဂျာအယောက် ၈ဝ ကျော် မနေ့ က ဖမ်းဆီးခံလိုက်ရတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

သူတို့တွေဟာ ရခိုင်ပြည်နယ်ကနေ မလေးရှားနိုင်ငံကို သွားဖို့ထွက်လာရင်း မွန်ပြည်နယ် သံဖြူဇရပ်အရောက်မှာ အဖမ်းခံရတာလို့ ဆိုပါတယ်။ 

Sunday, September 25, 2022

မြန်မာ့အရေး ကုလ ကိုင်တွယ်ပုံ မလေးရှား စိတ်ပျက်

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၅ စက်တင်ဘာ၊ ၂၀၂၂ 

မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကြပ်အတည်းအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တုံ့ပြန် ကိုင် တွယ်မှုနဲ့ ပတ်သက်လို့ စိတ်ပျက်မိကြောင်း မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob က ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ဖော်ပြောကြားခဲပါတယ်။

Sunday, August 21, 2022

သံတွဲမှာ ရိုဟင်ဂျာ အယောက် ၅ဝ ခန့် ဖမ်းဆီးခံရ

RFA
2022.08.20
ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာ မွတ်စလင်များ။ Photo - Aung Kyaw Moe

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ငပလီမြို့ ဂေါ့ကမ်းခြေအနီးမှာ စက်လှေပေါ်လိုက်ပါလာတဲ့ ရိုဟင်ဂျာ အယောက် ၅ဝ ခန့် ဩဂုတ်လ ၁၉ ရက် မနေ့က ဖမ်းဆီးခံလိုက်ရပါတယ်။

သူတို့တွေဟာ မလေးရှားနိုင်ငံကို စက်လှေနဲ့ ထွက်ဖို့ကြိုးစားကြရင်း ရာသီဥတု အခြေအနေ ဆိုးတာကြောင့် အရေးပေါ် ကမ်းကပ်ချိန်မှာ ဖမ်းဆီးခံရတာလို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုးက RFA ကိုပြောပါတယ်။

Monday, May 30, 2022

မလေးရှားမှာ ဖမ်းဆီးခံရသူတွေထဲ ရိုဟင်ဂျာတွေ ပါဝင်

VOA
ဗွီအိုအေမြန်မာပိုင်း
၃၀ မေ၊ ၂၀၂၂
အေးအေးမာ
မလေးရှားနိုင်ငံမှာ မြန်မာနဲ့နိုင်ငံခြားသားအလုပ်သမားတွေကို ဖမ်းဆီးနေပုံ (မလေးရှား လဝက)

မလေးရှားနိုင်ငံ ပြည်တဲရေးဝန်ကြီးနဲ့ လူဝင်မူ့ကြီးကြပ်ရေးဌာန ညွန်ကြားရေးမူးချုပ်တို့ ဦးဆောင်ပြီး ကလန်းမဲရူးစျေးကြီးအနီးမှာ သောကြာနေ့က အော်ပရာစီဖမ်းဆီးရာမှာ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား ရဝဝကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် 

မလေးရှားနိုင်ငံ ဆလန်ကောပြည်နယ်ထဲမှာ ပြည်တဲရေးဝန်ကြီးနဲ့ လူဝင်မူ့ကြီးကြပ်ရေးဌာန ညွန်ကြားရေးမူးချုပ်တို့ ဦးဆောင်ပြီး ကလန်းမဲရူးဈေးကြီးအနီးမှာ သောကြာနေ့က အော်ပရာစီဖမ်းဆီးရာမှာ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား ၇၀၀ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။

Thursday, May 26, 2022

MMEA မှ ရိုဟင်ဂျာ ရွှေ့ပြောင်းနေထိုင်သူ ၁၁၉ ဦးကို ခိုး သွင်းရန် ကြိုးပမ်းမှုအား တားမြစ်ထားပြီး ဒေသခံ လေးဦးကို ဖမ်းဆီးထားကြောင်း၊

theSun
၀၅- ၂၆- ၂၀၂၂ ၀၆:၀၀ ညနေ 



ALOR SETAR - မလေးရှားရေကြောင်းဥပဒေစိုးမိုးရေးအေဂျင်စီ (MMEA) သည် ပြီးခဲ့သည့် အင်္ဂါနေ့က Sungai Kedah ရှိ လှေငါးခန်းထဲတွင် ရိုဟင်ဂျာ ၁၁၉ ဦးကို နိုင်ငံတွင်းသို့ ခိုးသွင်းရန် ဒေသခံ အမျိုးသားလေး ဦး၏ ကြိုးပမ်းမှုကို တားဆီးပိတ်ပင်ခဲ့သည်။

Thursday, April 21, 2022

မလေးရှား လ၀ကစခန်းမှ ရိုဟင်ဂျာဒုက္ခသည် ၅၀၀ ကျော် ထွက်ပြေး

VOM
ကွာလာလမ်ပူ၊ ဧပြီ-၂၀-၂၀၂၂
မျိုးဆက်(VOM)


မလေးရှားနိုင်ငံရှိ လူ၀င်မှုကြီးကြပ်ရေးစခန်းမှ တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူ ရိုဟင်ဂျာ ၅၀၀ ကျော်ဟာ ဧပြီ ၂၀ ရက်မှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။


ပီနန်မှာရှိတဲ့ Sungai Bakap ယာယီထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားသူတွေထဲ့ ထွက်ပြေးလွတ်မြောက် သွားသူ ၅၂၈ ဦးရှိတယ်လို့ မလေးရှားလူ၀င်မှုကြီးကြပ်ရေးဌာန ညွန်ကြားရေးမှူးချုပ် Khairul Dzaimee Daud ကပြောပါတယ်။

ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ၁၆၀ ကျော်ကို မလေးရှား အာဏာပိုင်တွေ လိုက်ရှာနေ

BBC
20 ဧပြီ 2022

                        ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်အချို့


မလေးရှားနိုင်ငံမှာ ဒီကနေ့မနက် လင်းအားကြီးအချိန်က နိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်း စခန်းကနေ ထွက်ပြေး လွတ်မြောက်သွားသူ ရိုဟင်ဂျာ ၁၆၀ ကျော်ကို မလေးရှားအာဏာပိုင်တွေက လိုက်လံရှာ ဖွေနေပါတယ်။

ရိုဟင်ဂျာ ငါးရာကျော်လောက် စခန်းကနေ ထွက်ပြေးခဲ့ပေမဲ့ အများစုကို ပြန်ဖမ်းမိနိုင်ခဲ့တယ်လို့ မလေးရှား လူဝင် မှုကြီးကြပ်ရေး အကြီးအကဲ က ပြောပါတယ်။

Tuesday, November 30, 2021

မွတ်ဆလင်၂၀၀ ကျော် တင်ဆောင်လာသော စက်လှေ ၁ စီး ဖမ်းမိ

ဧရာဝတီ
30 November 2021

မလေးရှားနိုင်ငံသို့ သွားမည့် မွတ်ဆလင် ၂၂၈ ဦးတင်ဆောင်လာသည့် စက်လှေတစီးကို စစ်တွေမြို့နယ် မေယု ကျွန်း အနောက်ဘက် ၁၇မိုင်အကွာတွင် ယမန်နေ့ နံနက်ပိုင်းက မြန်မာရေတပ်က ဖမ်းဆီးလိုက်ကြောင်း သိရ သည်။

အဆိုပါ စက်လှေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်းမှနေ မလေးရှားနိုင်ငံသို့ သွားရန် ထွက် ခွာလာ စက်လှေတစီးဖြစ်ကြောင်း လက်ရှိတွင် ဥပဒေအရ အရေးယူရန် ပြင်ဆင်နေကြောင်း ရခိုင်ပြည် နယ် စီမံ အုပ်ချုပ်ရေး ကောင်စီမှ အရာရှိတဦးက ပြောသည်။

၎င်းက “မနေ့က ဖမ်းမိတဲ့သူတွေက ကူတူပါလောင် ဒုက္ခသည်စခန်းကနေ မလေးရှားသွားဖို့ ထွက်လာကြတာ လို့ သူတို့က ထွက်ဆိုတယ်။ အဲဒီမှာ ၁၂ နှစ်အောက် ကလေးတွေလည်း ပါလာတော့ ကလေးတွေကိစ္စကို ကျေ နာ်တို့ ဘယ်လို ဆောင် ရွက်မယ်ဆိုတာ စီစဉ်နေကြတယ်။ ကျန်တဲ့ လူကြီးတွေကိုတော့ တရားဥပဒေအရ အ ရေး ယူဖို့ စီစဉ်နေပါတယ်” ဟု ဧရာ ဝတီသို့ ပြောသည်။

အဆိုပါ လူမှောင်ခို စက်လှေမှာ ဝဒီထွန်း (၅) အမည်ရှိပြီး စက်လှေပါ မြန်မာလူမျိုး (တရားခံ) ၅ ဦး၊ မွတ်ဆလင် (ကျား) ၇၀ ဦး၊ မွတ်ဆလင် (မ) ၁၂၅ ဦး၊ ကလေး ၃၃ ဦးတို့ ပါဝင်ကာ လက်ရှိအချိန်တွင် ၎င်းတို့ကို မည်သည့် နေ ရာတွင် ထိန်း သိမ်း စစ်ဆေးနေသည်ကိုတော့ မသိရပေ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် မွတ်ဆလင် ဒုက္ခသည်စခန်းများတွင် မွတ်ဆလင် လက်နက်များ ချင်းချင်းကြား ပဋိ ပက္ခဖြစ်ပွား မှုကြောင့် စခန်းရှိ မွတ်ဆလင် မိသားစုဝင်များမှာ မလေးရှား၊ ထိုင်း စသည့် နိုင်ငံများသို့ ထွက်ခွာမှု များရှိလို တချို့မှာလည်း နှစ်နိုင်ငံ နယ်စပ်မှတဆင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့လည်း တရားမ ဝင် လမ်းကြောင်းဖြင့် ဝင်ရောက်မှု များရှိကြောင်း လေ့လာစောင့်ကြည့်သူများက ပြောသည်။

ပြီးခဲ့သော ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော မောင်တော အရေးအခင်းတွင် စစ်တပ်က နယ်မြေရှင်းလင်းမှုကြောင့် မွတ်ဆ လင် ကျေးရွာသားများ သိန်းနှင့်ချီ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက် ခိုလှုံသွားရာ လက်ရှိအချိန် အထိ အဆိုပါ မွတ် ဆလင်အရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီက ပြန်လည် နေရာချထားမှု မပြုလုပ်နိုင် သေး ပေ။

ယခုလ နိုဝင်ဘာလ ၂၇ ရက်ကလည်း ဘူးသီးတောင်မြို့နယ်အတွင်း နေထိုင်ကြသော မွတ်ဆလင်များအ နေ ဖြင့် လဝက ဌာနက ထုတ်ပေးလေ့ရှိသော ခရီးသွားခွင့် (ပုံစံ – ၄) ရယူခြင်းမရှိဘဲ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊တိုင်း သို့ ကျော်လွန်ပြီး ခရီးသွားလာခွင့် မပြုကြောင်း ဒေသအာဏာပိုင်များက တားမြစ်စာ ထုတ်ထားသည်ကိုလည်း အင်တာနက် လူမှုကွန် ရက်တွင် တွေ့ရှိရသည်။

တားမြစ်ထားသည့်အတိုင်း လိုက်နာမှု မရှိဘဲ ဖောက်ဖျက် ကျူးလွန်သူများကိုလည်း တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ဒေသအာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။

ဘူသီးတောင်မြို့နယ်အတွင်းကမွတ်ဆလက် ကျေးရွာလူကြီး တဦးက “ကျနော်တို့ NVC (National Verification Card) နဲ့ ခရီးသွားလာလို့ ရနေတာကို အခုလို ပုံစံ – ၄ ရ ယူပြီးမှ သွားရမယ် ဆိုတာကတော့ ကျ နော်တို့အတွက် တော်တော် အခက် အခဲဖြစ်တယ်။ ပုံစံ- ၄ ရဖို့ဆိုတာက ဒီအတိုင်း ထုတ်ပေးတာမှ မဟုတ် တာ။ အဆင့်ဆင့် တင် ပြရတယ်။ အချိန်ကုန်၊ ငွေ ကုန် ဖြစ်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

မွတ်ဆလင် ကျေးရွာသားများကို ထိုသို့ ခရီးသွားလာခြင်းမှ တားမြစ်မှုမှာ လုပ်ထုံး၊ လုပ်နည်းအရ မှန်ကန်သော် လည်း ပုံစံ – ၄ ထုတ်ပေးသည့် ဌာနဆိုင်ရာများကို ကိုယ်တိုင် အချိန်နှောင့်နှေး ကြန့်ကြာမှု မဖြစ်ရန် မြန်မြန်ဆန် ဆန် စိစစ်ကာ ထုတ်ပေး နိုင်မည် ဆိုပါက အားလုံးအတွက် အဆင်ပြေမည်ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးအောင်သောင်းရွှေက ဆိုသည်။

ဦးအောင်သောင်းရွှေက “ကျနော့် အမြင်ကတော့ ပုံစံ – ၄ ပါမှ ခရီးသွားခွင့်ပြုမယ်ဆိုရင် လဝက ဌာနက အဲဒီ ပုံစံ – ၄ ကို ကြန့်ကြာမှု မဖြစ်အောင် ထုတ်ပေးသင့်တယ်လို့ မြင်တယ်။ အဲဒီလို မဟုတ်ရင် သူတို့ကို တမင် ဖိနှိပ်ထား သလိုမျိုး ဝေဖန်မှု တွေ ထွက်လာနိုင်တယ်ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

Link : Here

ဆယ်စုနှစ်တခုကြာ ပိတ်ဆို့ခံထားရတဲ့ ရိုဟင်ဂျာများ

VOA
ဗွီအိုအေမြန်မာပိုင်း
သားညွန့်ဦး
30 နိုဝင်ဘာ၊ 2021 မြန်မာနိုင်ငံမှာ နှစ်စဉ် ပွင့်လင်းရာသီရောက်လာပြီဆိုရင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ မလေးရှားနိုင်ငံဘက် ကို လှေစီးထွက်ပြေးဖို့ ကြိုးစားတတ်ကြပါတယ်။ နိုဝင်ဘာ ၂၉ရက် တနင်္လာနေ့ကပဲ လှေစီးပြေးသူ ၂၂၈ ယောက်ပါတဲ့ စက်လှေတစီးကို စစ်တွေမြို့ အနောက်မြောက်ဘက် ပင်လယ်ထဲမှာ ရေတပ်က ဖမ်းမိတယ်လို့ စစ်ကောင်စီက သတင်း ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာတွေဟာ အသွားအလာကန့် သတ် ခံထားရသလိုဒုက္ခ သည်စခန်းတွေထဲမှာ ဆယ်စုနှစ် တခုကြာ နေထိုင်နေကြရတာကြောင့် အခုလို တ ခြား နိုင်ငံတွေကို ထွက်ပြေးဖို့ ကြိုးစားလေ့ရှိတဲ့အကြောင်း ရန်ကုန်က လာတဲ့ သတင်းကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

Wednesday, July 22, 2020

ပြစ်ဒဏ်ကျခံ ရိုဟင်ဂျာတွေကို ကြိမ်ဒဏ်မပေးဖို့ မလေးရှား အထက်တရားရုံးဆုံးဖြတ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
22 ဇူလိုင်၊ 2020
မေလ ၁၁ ရက်က မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာတွေနဲ့ တရားမဝင်နိုင်ငံခြားသားတွေ ဖမ်းဆီးခံရတဲ့ မြင်ကွင်း (ဓာတ်ပုံ - U Thiha Maung Maung)

မလေးရှားနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၂၇ ယောက်ကို ကြိမ် ဒဏ် မပေးတော့ဖို့ အထက်တရားရုံးက အမိန့်ချလိုက်တယ်လို့ သူတို့ရဲ့ ရှေ့နေက ပြောပါတယ်။

Sunday, May 3, 2020

မလေးရှားမှာ ကိုဗစ်ထိန်းချုပ်ဖို့ ရွှေ့ပြောင်းတွေကို ဖမ်းဆီး

B B C
ဘီဘီစီ မြန်မာပိုင်း
2 မေ 2020
တိုက်ခန်းတွေထဲကနေ ဖမ်းဆီးသွားသူတွေကို တင်မယ့် ထရပ်ကားတွေဆီကို ခေါ်ဆောင်လာစဉ်


ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု လျှော့ချရေးအတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ ရာချီပြီး ဖမ်းဆီးတဲ့ စစ်ဆင်ရေး သောကြာနေ့က လုပ်ခဲ့တယ်လို့ မလေးရှား ရဲတပ် ဖွဲ့က ပြောပါတယ်။

Friday, January 24, 2020

ထွက်ပေါက်မရှိ(ဝါ) ထွက်ပြေးရိုဟင်ဂျာများ အစုလိုက်အပြုံ လိုက် ထောင်ချခံရ

Frontier
MYANMAR
Friday, January 24, 2020 
လွတ်လပ်စွာသွားလာခွင့်မရှိဘဲ မျှော်လင့်ချက်ကင်းမဲ့နေသော ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်မှ ထွက် ပြေးရန် မှောင်ခိုလူကုန်ကူးသူများကိုသာ အားကိုးနေကြရာ လမ်းခရီးတွင် အဖမ်းခံကြရပြီး ထောင်ချခံနေ ကြရသည်။

ရဲမွန်၊ အိမ့်သက်ဆုနှင့် ဘန်ဒူးနန့်တို့ ရေးသားသည်။
“ကျွန်တော်တို့ အဖမ်းခံရပေမဲ့ မလေးရှားကိုသွားဖို့ ကြိုးစားချင်သေးတယ်” ဟု ကိုတူးအောင်ကပြောသည်။ သူ သည် ရခိုင်ပြည်နယ်မှ ထွက်ပြေးရန်ကြိုးစားသဖြင့် ၂၀၁၇ တွင် အဖမ်းခံရသော ရိုဟင်ဂျာဖြစ်သည်။ရခိုင်ပြည် နယ်တောင်ပိုင်း၊ အမ်းမြို့စစ်ဆေးရေးစခန်းတွင် အဖမ်းခံရသောရိုဟင်ဂျာ ခြောက်ဦးတွင် အသက် ၂၄ နှစ်အရွယ် ကိုတူးအောင်သည် တစ်ဦးအပါအဝင်ဖြစ်သည်။ သူတို့တွင် မည်သည့်အထောက် အထားမှ လည်းမရှိ နိုင်ငံသား လည်းမဟုတ်သဖြင့် ၁၉၄၉ ခု မြန်မာနိုင်ငံသားများ မှတ်ပုံတင်ဥပဒေအရ ထောင်ဒဏ် နှစ်နှစ်စီ အချခံကြရသည်။

Wednesday, July 31, 2019

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံ၊ အကြီးအကဲ၏ ပြော ကြား ချက်အပေါ် ကန့်ကွက်

 နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၃၁-၇-၂၀၁၉ ရက်၊

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူသည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Mr. Zahairi Baharim အား ၃၁-၇-၂၀၁၉ ရက်နေ့၊ မွန်းလွဲ (၁၅၀၀)နာရီ အချိန်တွင် နေ ပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။

Tuesday, July 9, 2019

မလေးရှားသို့ တရားမဝင်သွားမည့် မြန်မာလုပ်သား ရှစ်ဦးနှင့် ထိုင်းလူကုန်ကူးသူနှစ်ဦးကို ဖမ်းမိ

7DAY DAILY
Issue No.
လူခိုးသယ်လာသည်ကို ထိုင်းရဲဖမ်းမိစဉ် (ဓာတ်ပုံ−Bangkokpost) 

 တရားမဝင်မြန်မာ ရွှေ့ပြောင်းလုပ်သားများ မြန်မာ နိုင်ငံမှ မလေးရှားသို့ ပို့ဆောင် နေသည့် လူကုန်ကူး ဂိုဏ်းကို နှိမ်နင်းမှုအတွင်း တနင်္လာနေ့က မြန်မာနိုင်ငံသား ရှစ်ဦးနှင့် ထိုင်း နိုင်ငံသားနှစ်ဦးကို တိုင်းရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */