" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "

Wednesday, July 22, 2020

ပြစ်ဒဏ်ကျခံ ရိုဟင်ဂျာတွေကို ကြိမ်ဒဏ်မပေးဖို့ မလေးရှား အထက်တရားရုံးဆုံးဖြတ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
22 ဇူလိုင်၊ 2020 
မေလ ၁၁ ရက်က မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာတွေနဲ့ တရားမ၀င်နိုင်ငံခြားသားတွေ ဖမ်းဆီးခံရတဲ့ မြင်ကွင်း (ဓာတ်ပုံ - U Thiha Maung Maung)

မလေးရှားနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၂၇ ယောက်ကို ကြိမ် ဒဏ် မပေးတော့ဖို့ အထက်တရားရုံးက အမိန့်ချလိုက်တယ်လို့ သူတို့ရဲ့ ရှေ့နေက ပြောပါတယ်။

ပြီးခဲ့တဲ့လတုန်းက မလေးရှားအနောက်မြောက်ပိုင်း Langkawi ကျွန်းကို ရိုဟင်ဂျာ ၂၇ ယောက်အပါအဝင် စက်လှေနဲ့ တရားမဝင်ရောက်လာသူ ၄၀ ကို အပြစ်ပေးဖို့ အောက်ရုံးတခုက အမိန့်ချထားတာပါ။ သူတို့အား လုံးကိုလည်း ထောင် ၇ လ ချထားပါတယ်။



ဒါပေမဲ့ ရိုဟင်ဂျာတွေဟာ ဒုက္ခသည်တွေဖြစ်တာကြောင့် သူတို့ကို ကြိမ်ဒဏ် မပေးသင့်ဘူးလို့ လူ့အခွင့် အ ရေး လှုပ်ရှားသူတွေက တောင်းဆိုခဲ့ကြပါတယ်။ ဒါကြောင့် အထက်တရားရုံးက အမှုကို ပြန်သုံးသပ်ခဲ့တာ ဖြစ်ကြောင်း ရှေ့နေ Collin Andrew ရဲ့ အပြောကို Reuters သတင်းမှာ ဖော်ပြပါတယ်။ သူတို့မှာ အရင် ပြစ်မှုကျူးလွန်ထားတဲ့ မှတ်တမ်းမရှိသလို၊ ဒုက္ခသည်တွေဖြစ်တာကြောင့် ကြိမ်ဒဏ်ပေးရင် ရက်စက်ရာ ကျမယ်လို့ တရားရုံးကဆုံးဖြတ်ခဲ့တယ်လို့ ရှေ့နေက ပြောပါတယ်။


SEE ALSO:
ရိုဟင်ဂျာတွေအပေါ်ကျူးလွန်မှု လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ် ဖို့ ဝန်ကြီး Pompeo ကို ပန်ကြား


မလေးရှားနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ နိုင်ငံထဲကို တရားမဝင် ဝင်လာသူတွေအနေနဲ့ ဒေါ်လာ ၂,၀၀၀ ကျော်နဲ့ညီမျှတဲ့ မလေးရှားရင်းဂစ် ၁၀,၀၀၀၊ ထောင်ဒဏ် ၅ နှစ်နဲ့ ကြိမ်ဒဏ် ၆ ချက် ကျခံရနိုင်ပါ တယ်။

မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြရသလို၊ ကျန်တဲ့ရိုဟင်ဂျာတွေဟာလည်း မြန်မာနိုင်ငံတွင်း ဒုက္ခသည်စခန်းတွေအတွင်းမှာပဲ နှစ်နဲ့ချီ နေထိုင်နေကြရတာပါ။ စားဝတ်နေရေး အခက်အခဲတွေကြောင့် မလေးရှားနိုင်ငံကတဆင့် တတိယနိုင်ငံတွေမှာ အခြေချနိုင်ရေးအတွက် ရေလမ်းခရီးကရော ကုန်းတွင်းပိုင်း ကပါ မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုတွေ ရှိနေပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမဲ့ ဘင်္ဂလာဒေ့ရှ်ဒုက္ခသည်စခန်းက လူတွေကိုတော့ စိစစ်လက်ခံမယ်လို့ ပြော ထားပါတယ်။ 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */