" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, July 9, 2019

မလေးရှားသို့ တရားမဝင်သွားမည့် မြန်မာလုပ်သား ရှစ်ဦးနှင့် ထိုင်းလူကုန်ကူးသူနှစ်ဦးကို ဖမ်းမိ

7DAY DAILY
Issue No.
လူခိုးသယ်လာသည်ကို ထိုင်းရဲဖမ်းမိစဉ် (ဓာတ်ပုံ−Bangkokpost) 

 တရားမဝင်မြန်မာ ရွှေ့ပြောင်းလုပ်သားများ မြန်မာ နိုင်ငံမှ မလေးရှားသို့ ပို့ဆောင် နေသည့် လူကုန်ကူး ဂိုဏ်းကို နှိမ်နင်းမှုအတွင်း တနင်္လာနေ့က မြန်မာနိုင်ငံသား ရှစ်ဦးနှင့် ထိုင်း နိုင်ငံသားနှစ်ဦးကို တိုင်းရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့သည်။

မြန်မာလုပ်သမားများသည် ထိုင်းအမျိုးသမီးတစ်ဦးမောင်းနှင် လာသော ဘက်စုံသုံးဗင်ကားတစ် စီးနောက် ဘက်တွင် ပုန်း၍လိုက် ပါလာကြောင်း၊ အခြားထိုင်းနိုင်ငံ သူတစ်ဦးသည် လူကုန်ကူးသူဟု သံသယရှိနေသူဖြစ်ကြောင်း ရဲ တပ်ဖွဲ့က ပြောသည်။ ဆောင်ခလာပြည်နယ် ရာ သန်နာပွန်ဒေသရှိ အဝေးပြေး လမ်းမတစ် ခုပေါ်တွင်ယင်းကား ရပ်တန့်ရန် ရဲတပ်ဖွဲ့ဝင်များ ကညွှန်ကြားစဉ်၎င်းတို့အားလုံး ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

လူတစ်ဦးလျှင် ဘတ်၁,၁၀၀စီဖြင့် ဖန်နန်ဂါပြည်နယ် တာကွာ ပါဒေသမှ တရားမဝင်အလုပ် သမားများကို ခေါ်ဆောင်ကာ ဆောင်ခလာပြည်နယ်ဆင်ဂါနာ ဟွန်ဒေသသို့ ပို့ပေးရန်လူကုန် ကူးသူများက ယာဉ်မောင်း အမျိုး သမီးကို ငှားရမ်းခဲ့ကြောင်း ထွက်ဆိုသည်ဟု ရဲတပ်ဖွဲ့ကပြောသည်။

၎င်းရွှေ့ပြောင်းနေထိုင်သူ များသည် ကော့သောင်းမြို့မှဖြစ် ပြီး ရာယွန်ပြည်နယ်မှ ထိုင်းနိုင်ငံ သို့ တရားမဝင် ဝင်ရောက်ခဲ့သူများ ဖြစ်ကြောင်းရဲတပ်ဖွဲ့က ပြော သည်။ ရွှေ့ပြောင်းနေထိုင်သူများ ကို ယခင်က ၁၀ ကြိမ်ခန့်အထိ တရားမဝင် ပို့ဆောင်ခဲ့သည်ဟု ထိုင်းနိုင်ငံသူနှစ်ဦးက ဝန်ခံထား သည်။

ယခင်ကလူကုန်ကူးမှုများ အပေါ် နှိမ်နင်းမှုရှိသော်လည်း အိမ်နီးချင်း မလေးရှားနိုင်ငံ၏ စိုက်ပျိုးရေးနှင့် ငါး ဖမ်းလုပ်ငန်း ကဏ္ဍများတွင် ရွှေ့ပြောင်းလုပ် သားများ လိုအပ်မှုပိုမိုများလာခြင်း ကြောင့် ပြီးခဲ့သည့်ခြောက်လအတွင်း တရားမဝင်အလုပ်သမား ပု့ိဆောင်မှုမြင့်တက်လာကြောင်း အမည်မဖော်လိုသောလုံခြုံရေး အရာရှိတစ်ဦးက ပြောသည်။

လူကုန်ကူးခံရသူအများစု သည် မြန်မာအလုပ်သမားများ ဖြစ်ပြီး တစ်ခါတစ်ရံတွင် ဘင်္ဂါ လီများပါဝင်ကာ လူကုန်ကူးသူ များသည် မလေးရှားသို့ ဘင်္ဂါလီ များပို့ပေးပါက ငွေပိုမိုရရှိ ကြောင်း ၎င်းအရာရှိက ပြောသည်။

မြန်မာအလုပ်သမားတစ်ဦး ကို တရားမဝင်ပို့ပေးပါက ဘတ် ၂၀,၀၀၀ ပေးရပြီးဘင်္ဂါလီတစ်ဦး လျှင် ဘတ် ၆၀,၀၀၀ ပေးရ ကြောင်း ၎င်းအရာရှိက ဖြည့် စွက်ပြောကြားသည်။
Bangkok Post
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */