" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, May 3, 2020

မလေးရှားမှာ ကိုဗစ်ထိန်းချုပ်ဖို့ ရွှေ့ပြောင်းတွေကို ဖမ်းဆီး

B B C
ဘီဘီစီ မြန်မာပိုင်း
2 မေ 2020
တိုက်ခန်းတွေထဲကနေ ဖမ်းဆီးသွားသူတွေကို တင်မယ့် ထရပ်ကားတွေဆီကို ခေါ်ဆောင်လာစဉ်


ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု လျှော့ချရေးအတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ ရာချီပြီး ဖမ်းဆီးတဲ့ စစ်ဆင်ရေး သောကြာနေ့က လုပ်ခဲ့တယ်လို့ မလေးရှား ရဲတပ် ဖွဲ့က ပြောပါတယ်။

သူတို့တွေ တခြားနေရာတွေကို လျှောက်မသွားနိုင်အောင်နဲ့ ရောဂါ မပြန့်ပွားအောင် ထိန်းသိမ်းလိုက်တာ ဖြစ်တယ်လို့ ရဲချုပ်က အစိုးရ သတင်းဌာနကို ပြောပါတယ်။

တစ်ကိုယ်ရေ အကာအကွယ် ဝတ်စုံတွေ ဝတ်ထားတဲ့ လူအင်အား အများအပြားနဲ့ သူတို့ကို ဝင်ဖမ်းဆီးခဲ့တဲ့ ပုံတွေကို တွေ့ရပါတယ်။

ဒီလို ဝင်ရောက်ဖမ်းဆီးတဲ့နေရာတွေက နိုင်ငံခြားသားတွေ နေထိုင်ရာလို့ လူသိများတဲ့ ရပ်ကွက်ထဲမှာ ဖြစ် ပါတယ်။

                တစ်ကိုယ်ရေအကာအကွယ်ဝတ်စုံတွေ ဝတ်ဆင်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေ

သူတို့ကို ဖမ်းဆီးထားရှိတဲ့ စခန်းတွေထဲကနေ ကလေးတွေနဲ့ ညှာတာစာနာသင့်တဲ့သူတချို့ကို လွှတ်ပေးဖို့ မလေးရှား အစိုးရကို ကုလသမဂ္ဂက တိုက်တွန်းထား ပါတယ်။

လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့က ဖီလ် ရောဘတ်ဆင်က အခုလို ဖမ်းဆီးထိန်းသိမ်းတာက မလေးရှားမှာ ကပ်ရောဂါကို ပိုဆိုးစေတယ်လို့ တွစ်တာမှာ ပြောပါတယ်။
ဒီလိုလုပ်တာက စခန်းထဲမှာ ကူးစက်နိုင်ခြေ ဖြစ်စေတဲ့အပြင် ဖမ်းဆီးခံရသူတွေက စည်းကမ်းတွေကို ပူး ပေါင်းဆောင်ရွက်နိုင်ခြေ နည်းစေတယ်လို့ သူက ပြောပါတယ်။

သူတို့ကို ဖမ်းဆီးထားတဲ့ပုံတွေကို လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့နဲ့ တခြားအဖွဲ့အစည်းတွေက ထုတ် ဖော်ပြသနေကြပါတယ်။

ဒီပုံတွေထဲမှာ လူတွေ ရာချီ ကြမ်းပြင်မှာ ပူးပူးကပ်ကပ် ထိုင်နေကြပြီး သူတို့ကို လက်နက်ကိုင်ရဲတွေက ဝိုင်း ထားပါတယ်။

ဒါပေမဲ့ ဘီဘီစီအနေနဲ့တော့ ဒီပုံတွေကို အတည်မပြုနိုင်သေးပါဘူး။

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ခြောက်ထောင်ကျော်ရှိပြီး သေဆုံးသူက ၁၀၃ ယောက် ရှိတယ်လို့ ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */