" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, May 30, 2022

မလေးရှားမှာ ဖမ်းဆီးခံရသူတွေထဲ ရိုဟင်ဂျာတွေ ပါဝင်

VOA
ဗွီအိုအေမြန်မာပိုင်း
၃၀ မေ၊ ၂၀၂၂
အေးအေးမာ
မလေးရှားနိုင်ငံမှာ မြန်မာနဲ့နိုင်ငံခြားသားအလုပ်သမားတွေကို ဖမ်းဆီးနေပုံ (မလေးရှား လဝက)

မလေးရှားနိုင်ငံ ပြည်တဲရေးဝန်ကြီးနဲ့ လူဝင်မူ့ကြီးကြပ်ရေးဌာန ညွန်ကြားရေးမူးချုပ်တို့ ဦးဆောင်ပြီး ကလန်းမဲရူးစျေးကြီးအနီးမှာ သောကြာနေ့က အော်ပရာစီဖမ်းဆီးရာမှာ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား ရဝဝကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် 

မလေးရှားနိုင်ငံ ဆလန်ကောပြည်နယ်ထဲမှာ ပြည်တဲရေးဝန်ကြီးနဲ့ လူဝင်မူ့ကြီးကြပ်ရေးဌာန ညွန်ကြားရေးမူးချုပ်တို့ ဦးဆောင်ပြီး ကလန်းမဲရူးဈေးကြီးအနီးမှာ သောကြာနေ့က အော်ပရာစီဖမ်းဆီးရာမှာ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား ၇၀၀ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။

မေလးရှားနိုင်ငံ ဆလန်ကောပြည်နယ်ထဲမှာ မလေးရှား ပြည်ထဲရေးဝန်ကြီးနဲ့ လဝကညွန်ချုပ်တို့ ဦးဆောင်ပြီး ကလန်းမဲရူးဈေးကြီး အနီးဝန်ကျင်မှ ာတရားမဝင် နိုင်ငံခြားသား ၇၀၄ဦး ကို ပြီးခဲ့တဲ့ရက်က ဖမ်းဆီးစစ်ဆေးရာ UNHCR ကဒ်ကိုင်ဆောင်ထားတဲ့ ၆၀၀ ကျော် နဲ့ အထောက်အထားမဲ့ ၅၀ကျော် ဖမ်းဆိးခံရပါတယ် ။ မလေးရှားနိုင်ငံ ထိမ်းသိမ်းရေးစခန်းတွေက မြန်မာတွေကို အကူညီပေးနေတဲ့ ဦးသီဟမောင်မောင်ကတော့ UNHCR ကဒ်ကောင်ဆောင်ထားသူတွေ အများအပြားပါဝင်တဲ့အတွက် သူတို့တွေဟာ မြန်မာနိုင်ငံကလာကြတဲ့ ရိုဟင်ဂျာတွေလို့ ယူဆရကြောင်း အခုလိုပြောပြပါတယ် ။

"ကလန်း မဲရူးဘက်မှာ တခြားနေရာတွေရှိပေမယ် ကြီးကြီးမားမာလုပ်တာ အဲဒီနေရာမှာရှိတယ်။ သူတို့သတင်းထုတ်ပြန်ထားချက်အရ ၇၀၀ ဝန်းကျင်လောက်ရှိတယ်။ ၇၀၀ ဝန်းကျင်မှာ ကျနော်တို့ မြန်မာနိုင်ငံသားတွေလည်းပါတယ် ။ ဘင်္ဂလားဒေရှ့်လူမျိုးတွေလည်းပါတယ်။ အင်ဒိုနီးရှားလူမျိုးတွေလည်းပါတယ် ။ နိုင်ငံခြားသားကတော့ လူစုံပေါ့။ များသောအားဖြင့် ယူအန်အိတ်စ်စီအာ ကဒ်ကိုင်ဆောင်ထားတဲ့သူတွေ များတယ်လို့ပြောတယ်။ UNHCR ကဒ်ကိုင်ဆောင်ထားတယ်ဆိုရင်တော့ ရိုဟင်ဂျာတွေ ဖြစ်ဖို့များတယ် ။ ဘာဖြစ်လို့လဲဆိုတော့ UNHCR ကဒ်ကိုင်ဆောင်ထားတာက သူတို့ပဲများတယ်။ ကျန်တဲ့တိုင်းရင်းသားကတော့နည်းတယ်"

ဖမ်းဆီးခံထားရသူတွေကို စမုံညှင်းထိမ်းသိမ်းရေးစခန်ကိုပို့ဆောင်ပြီး စစ်ဆေးမူတွေလုပ်နေတာပါ။ သူတို့ကို သေချာစီစစ်နေတာတွေ လုပ်နေတယ်လို့လည်း ဦးသီဟမောင်မောင်က ပြောပါတယ်။

"သူတို့ကို ထိမ်းသိမ်းရေး စခန်းတွေကို ယာယီပို့ထားတာပေါ့နော်၊ ထိမ်းသိမ်းရေးစခန်းတွေကနေ ပြန်စီစစ်ဖို့ရှိပါတယ်။ အခု ပုံမှန်အားဖြင့် လဝက ကနေဖမ်းတဲ့အတွက် ထိမ်းသိမ်းရေး စခန်းမှာထိမ်းသိမ်းပြီး အချက်အလက်မှန်တယ်ဆိုရင်တော့ ပြန်လွှတ်ပေးဖို့ရှိပါတယ်"

အခုလိုဖမ်းဆီးတာဟာ နေရပ်ရင်ပြန်ဖို့အတွက် တွန်းအားပေးတဲ့ စီမံချက်ကြီးဖြစ်တယ်လို့လည်း ဦးသီဟမောင်မောင် က ဆိုပါတယ်။

"စီအိုင်နဲ့ပြန်မယ်သူတွေကို ၆လပိုင်း ၃၀ရက်နေ့ နောက်ဆုံးထားပြန်ဖို့ သူတို့လုပ်ခိုင်းနေပြီ။ အဲဒီအစီစဉ်ရှိတဲ့အတွက် ဒီလူတွေကို ကိုယ့်နေရပ်နိုင်ငံကို ပြန်ဖို့အတွက် ဒီလိုမျိုး အဖမ်းအဆီးတွေလုပ်တာက ပုံမှန်ဆို ၆လပိုင်းနဲ့ ၁၂လပိုင်းလုပ်တယ် ။ အခုကတော့ စီမံကြီးကြီးလုပ်နေပြီလို့ သုံးသပ်ရတယ်"

ပြီးခဲ့လ ၂၀ရက်နေ့က ထိမ်းသိမ်းရေးစခန်းကနေ အစုလိုက် အပြုံလိုက် ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေထဲက လူ၁၀၀ကျော်ကို ပြန်ပြီး ဖမ်းမမီသေးတဲ့အတွက် ရိုဟင်ဂျာတွေ အစုအဝေးနဲ့ရှိတဲ့နေရာတွေကို လိုက်လံဖမ်းဆီးနေတာတွေလည်းရှိနေတာပါ။ အခုဆိုရင် ကလန်းမဲရူးဈေးကြီး တဝိုက်သာမက ရိုဟင်ဂျာတွေ အများစုနေထိုင်ရာ ဆာလာရမ်ပါစာဘိုရွန်းဈေးဝန်ကျင် မှာလည်း ဖမ်းဆီးမူတွေ ဆက်လုပ်သွားမှာဖြစ်ကြောင်း မလေးရှားပြည်တဲရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */