" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, March 25, 2023

မလေးရှားသွားမယ့် ရိုဟင်ဂျာ ၁၅၀ သံဖြူဇရပ်မှာ အဖမ်းခံရ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၅ မတ်၊ ၂၀၂၃

(မှတ်တမ်း ပုံဟောင်း) - အင်ဒိုနီးရှားမှာ ထိန်းသိမ်း ခံထားရသည့် ရိုဟင်ဂျာဒုက္ခသည်များ။
 

မလေးရှားကို ထွက်ပြေးဖို့ ကြိုးစားတယ်လို့ယူဆရတဲ့ ရိုဟင်ဂျာ ၁၅၀ လောက်ကို မြန်မာအာဏာပိုင်တွေ ဖမ်းဆီး ထားကြောင်း တာဝန်ရှိသူတဦးရဲ့ သောကြာနေ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။

အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေ ပါဝင်တဲ့အဖွဲ့ကို သံဖြူဇရပ်မြို့နယ်မှာ ဖမ်းဆီးတာဖြစ်ကြောင်း မီဒီယာကို ပြောခွင့်မရှိတဲ့အတွက် အမည်မဖော်တဲ့ တာဝန်ရှိသူက AFP ကို ပြောပါတယ်။ ဒီလူတွေကို ဖမ်းဆီးရတဲ့ အ ကြောင်းရင်းကိုလည်း မပြောပါဘူး။ ရွာ ၂ ရွာကြားက တောထဲမှာ ပုန်းအောင်းနေကြတာ ဖြစ်ကြောင်း၊ သတင်း ပေး တိုင်ကြားချက် အရ ကြာသပတေးနေ့ ညနှောင်းပိုင်းကတည်းက စပြီး ဖမ်းဆီးခဲ့တာဖြစ်ကြောင်း လုံခြုံရေး သတင်းရင်းမြစ်က ပြောပါတယ်။


ကနဦး အစီရင်ခံချက်တွေအရတော့ ဒီအဖွဲ့ဟာ ရခိုင်ပြည်နယ် အနောက်ပိုင်းကနေ လှေနဲ့ ခရီးထွက်လာ ကြသူ တွေ ဖြစ်ပြီး ထိုင်းနိုင်ငံကို သွားဖို့ စီစဉ်ထားတာဖြစ်ကြောင်း၊ ထိုင်းကနေတဆင့် ကုန်းလမ်းကနေ မလေးရှားကို တဆင့်သွားဖို့ ဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ လူကုန်ကူးသူတွေလို့ ယူဆရတဲ့ ရိုဟင်ဂျာ မဟုတ်သူ တွေ ကိုလည်း ဖမ်းဆီးထားပြီး နောက်ထပ် လူ ၃၀ လောက်ကို ထပ်မံ ရှာဖွေနေတယ်လို့လည်း သတင်းရင်းမြစ်က ပြော ပါတယ်။

ဘင်္ဂလားဒေရှ့်ကနေ ဝင်ရောက်လာသူတွေလို့ အများအားဖြင့် အယူဆခံရတဲ့ ရိုဟင်ဂျာတွေကို မြန်မာစစ် ကောင်စီ ဘက်ကတော့ အသိမှတ်မပြုပဲ လွတ်လပ်စွာ သွားလာခွင့်တွေ အသက်မွေးခွင့်တွေကိုလည်း ကန့်သတ် ထိန်းချုပ် ထားပါတယ်။

ဘင်္ဂလားဒေရှ့် နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက တချို့ကို စမ်းသပ်အစီအစဉ် အဖြစ်နဲ့ ရှေ့လ ထဲ မှာ ဌာနေပြန်လည်ခေါ်ယူမယ့်အကြောင်း မြန်မာစစ်ကောင်စီက ပြောဆို စီစဉ်နေချိန်မှာဘဲ သံဖြူဇရပ်မှာ ရိုဟင်ဂျာတွေ ဖမ်းဆီးခံရတာပါ။

Link Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */