" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, September 25, 2022

မြန်မာ့အရေး ကုလ ကိုင်တွယ်ပုံ မလေးရှား စိတ်ပျက်

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၅ စက်တင်ဘာ၊ ၂၀၂၂ 

မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကြပ်အတည်းအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တုံ့ပြန် ကိုင် တွယ်မှုနဲ့ ပတ်သက်လို့ စိတ်ပျက်မိကြောင်း မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob က ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ဖော်ပြောကြားခဲပါတယ်။

 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာ့နိုင်ငံရေးအပေါ် အလေးထား လုပ်ဆောင်မှု နည်းနည်းလေးမှ မရှိခဲ့ကြောင်း နဲ့ တုံ့ပြန်ဖြေရှင်းမှုတွေကလည်း တော်တော်ကို ဝမ်းနည်းစရာဖြစ်ကြောင်း Ismail က ၇၇ ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမိန်းခွန်းထဲမှာ ပြောကြားသွားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ဒီကိစ္စ လက်ရှောင်နေပြီး ASEAN ကို လွှဲပြောင်းပေးနေတယ်လို့တောင် တချို့က မြင်နေကြတယ်လို့လည်း သူကပြောပါတယ်။

ဒါအပြင် ရိုဟင်ဂျာ အပါအဝင် ဒုက္ခသည် သန်းပေါင်းများစွာရဲ့ အခြေအနေတွေဟာ ပိုပြီး ဆိုးဝါးလာခဲ့တယ်လို့ သူကပြောပါတယ်။ မိမိတို့ မလေးရှားနိုင်ငံဟာ ဆိုရင် ရိုဟင်ဂျာ ဒုက္ခသည် ၂ သိန်းနီးပါးလောက် ရောက်ရှိ လက် ခံထားရတယ်လို့လည်း သူကပြောသွားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */