" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 7, 2022

ထိုင်းပင်လယ်ပြင်အတွင်းမျောနေတဲ့ ရိုဟင်ဂျာတွေပါတဲ့စက် လှေ ကယ်ဆယ်သူမရှိသေး

B B C

ဘီဘီစီမြန်မာပိုင်း

7 December 2022 

ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာ ၁၆၀ လောက်တင်ဆောင်ထားတဲ့ စက်လှေတစ်စင်းဟာ ဒီဇင်ဘာလ ၇ ရက်၊ ဒီနေ့အထိ ထိုင်းနိုင်ငံအနီးက ပင်လယ်ပြင်ထဲမှာမျောနေပြီး အဲဒီထဲမှာ ‌အစာရေငတ်လို့ သေဆုံးသူတွေ လည်း ရှိနေတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာအကြံပေး အဖွဲ့၀င်တစ်ဦးဖြစ် သူ ဦးအောင်ကျော်မိုးက သူနဲ့အဆက်အသွယ် ရရှိထားချက်တွေကို ကိုးကားကာ ဘီဘီစီကိုပြောပြပါတယ်။

ဦးအောင်ကျော်မိုးပြောကြားချက်အရ အဲဒီစက်လှေဟာ စက်ချို့ယွင်းပြီး မျောနေတာက ၆ရက်လောက် ရှိပြီလို့ သိရပါတယ်။ 

"မလေးရှားသွားနေကြတာ၊ သေတဲ့သူ ၆ယောက်အထက်မှာရှိတယ်လို့သိရတယ်၊ အစာရေငတ်လို့၊ UNHCR နဲ့ အဆက်အသွယ်ရတယ်လို့ပြောတယ်။ လာမကယ်သေးဘူးတဲ့" လို့ ဦးအောင်ကျော်မိုးက ဒီဇင်ဘာ ၇ ရက်၊ ဒီက နေ့မနက်မှာ ဘီဘီစီကိုပြောပါတယ်။ 

စက်ပျက်ပြီးမျောနေတဲ့ စက်လှေပေါ် ပါသူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် စခန်းတွေကနေ ထွက်လာသူတွေ ဖြစ်တယ်လို့ ဦးအောင်ကျော်မိုးပြောပြချက်အရ သိရပါတယ်။

စက်လှေပေါ်က အခြေအနေတွေကိုတော့ စက်လှေပေါ်ပါသူအချို့နဲ့ ဖုန်းဆက်သွယ်မှုရရှိ၊ အသံဖိုင်တွေပို့လာတာ တွေကတဆင့် သိရှိရတာလို့လည်း သိရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */