" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကုလသမဂ္ဂ. Show all posts
Showing posts with label ကုလသမဂ္ဂ. Show all posts

Monday, May 13, 2019

ကုလ ကူညီရေးအရာရှိ စစ်တွေ ဒုက္ခသည်စခန်းသွား ရောက်

VOA
ဗွီအိုအေ (မြန်မာဌာန)
13 မေ၊ 2019 ၊ မေခ
ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Ursula Mueller ရဲ့ ရခိုင်ခရီးစဉ် (United Nations OCHA Myanmar)
 
လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်လည်းဖြစ် အရေးပေါ်ကယ်ဆယ် တုံ့ပြန်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးလည်းဖြစ်တဲ့ Ursula Mueller ဟာ မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်မှာ ရခိုင် ပြည်နယ်ကို သွားရောက်ခဲ့ပြီး သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံသလို ဒုက္ခသည်စခန်းတချို့ကိုလည်း သွားရောက်ခဲ့ပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ အေအေနဲ့ မြန်မာအစိုးရကြား မကြာသေးခင် ကတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေနဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားခဲ့ပေမဲ့ သူတို့နဲ့တော့ တွေ့ ခွင့်မရခဲ့ကြောင်း ပြောပါတယ်။ မစ္စစ်မူလာ ရဲ့ ရခိုင်ခရီးစဉ်အကြောင်း အပြည့်စုံကို မမေခက တင်ပြပေး ပါမယ်။

Friday, May 10, 2019

ကျောက်တန်းကျေးရွာက ဖမ်းဆီးခံ အရပ်သားတွေ အရေး ကုလစိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
10 မေ၊ 2019
ကိုဇော်ဝင်းလှိုင်
လူ့အခွင့်အရေး မဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Rupert Colville 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာမှာ ရခိုင့်တပ်မတော် AA နဲ့ ပတ်သက်နေတယ်ဆိုတဲ့ သံသ ယနဲ့ ရခိုင်အမျိုးသားနဲ့ လူငယ်တွေကို ဆက်လက် ဖမ်းဆီးထားတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ ထိန်းသိမ်း ထားစဉ် စစ်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးမှုတွေကို လွတ်လပ်တဲ့ စုံစမ်းမှုတွေနဲ့ ဖော်ထုတ်ဖို့ ကုလသမဂ္ဂကတိုက်တွန်း လိုက်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခအတွင်း အရပ်သားတွေကို အကာကွယ်ပေးဖို့လည်း ကုလသမဂ္ဂ လူ့အခွင့် အရေးကော်မရှင်နာမင်းကြီးရုံးက ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။

Thursday, May 9, 2019

မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် ကုလစိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
09 မေ၊ 2019
အင်ကြင်းနိုင်

မှတ်တမ်းဓာတ်ပုံ - သတင်းလွတ်လပ်ခွင့် အတွက် ဆန္ဒ ပြခဲ့ကြစဉ်။ 

ရိုက်တာ သတင်းထောက်နှစ်ဦးကို သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်ပေးမယ့် မြန်မာနိုင်ငံမှာ သ တင်းလွတ်လပ်ခွင့်နဲ့ဒီမိုကရေစီ အရေးဟာ အလွန်ကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ရှိနေသေး ကြောင်း ကု လသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေက ဗုဒ္ဓဟူးနေ့က သတိပေး ပြော ကြားလိုက်ပါတယ်။ နိုင်ငံတကာ ဖိအားကြောင့် ရိုက်တာ သတင်းထောက်နှစ်ဦး လွတ်လာတာ ဖြစ်ပြီး မြန် မာနိုင်ငံမှာ သတင်းသမားတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အစိုးရနဲ့ စစ်တပ်က တရားစွဲ ဖမ်းဆီးနေ ဆဲဖြစ်ကြောင်း HRW လူ့အခွင့် အရေး အဖွဲ့ကလည်း ဗွီအိုအေကို ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့် အစုံကို ဆက်လက်တင်ဆက်မှာပါ။
မေလ (၇) ရက်နေ့က သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ လွတ်မြောက်လာတာကို ကြိုဆိုပေမယ့် သူတို့နှစ်ဦး ပြစ်မှုကျူးလွန်ကြောင်း တရားရုံးရဲ့ စီရင်ချက်ဟာ ပျက်ပျယ်မသွားတဲ့အတွက် နိုင်ငံရဲ့ တရားစီရင်ရေး ကဏ္ဍ တည့်မတ်မှု မရှိသေးတဲ့ အခြေအနေကို စိုးရိမ်မ ကင်းဖြစ်မိကြောင်း ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်တွေက မေလ (၈) ရက်နေ့ က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Wednesday, May 1, 2019

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေ ဆိုင်ကလုံး Fani ဒဏ်ခံရမည်ကို ကုလစိုးရိမ်

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
 01 မေ၊ 2019
ဆိုင်ကလုံး Fani
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ဘက်ကို ဗဟိုပြုပြီး တနာရီမိုင် ၁၁၀ နှုန်း နီးပါးနဲ့ တိုက်ခတ်မယ့် လေပြင်းဆိုင်ကလုံးမုန်တိုင်း Fani ဟာ ဒီသီတင်းပတ်နှောင်းပိုင်းမှာ လူပေါင်း သန်း ၁၀၀ ကျော်နေထိုင်တဲ့ အိန္ဒိယ အရှေ့ပိုင်း Andra Pradesh ပြည်နယ်မြောက်ပိုင်းနဲ့ Odisha ပြည်နယ် တွေမှာ ဝင်ရောက်ဖို့ ရှိနေပါတယ်။ မုန်တိုင်းဝင်ရောက်ချိန်မှာ မိုးသက်လေပြင်းနဲ့အတူ မိုးရေချိန် ၁၂ လက်မအထိ ရွာသွန်း နိုင်တဲ့အတွက် ရေကြီးရေလှံျမယ့် အန္တရာယ်လည်း ရှိနေပါတယ်။

ရိုဟင်ဂျာပြန်ရေး ယုံကြည်မှု မတည်ဆောက်နိုင်ဟု ကုလဝေဖန်

VOA
ဗွီအိုအေ (မြန်မာဌာန)
30 ဧပြီ၊ 2019
မဆုမွန်
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ မူဆလင်တွေ နေရပ်ရင်းပြန်နိုင်ရေးမှာ မြန်မာဘက်က ယုံကြည်မှုမ တည် ဆောက်နိုင်ဘူးလို့ ကုလအကြီးအကဲတဦး ပြောဆိုလိုက်ချိန်မှာပဲ၊ လတ်တလော ရခိုင်ပြည်နယ်တွင်းဖြစ်နေတဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ဒုက္ခသည်တွေနေရပ်ပြန်ရေးဟာ ပိုဝေးနေပါတယ်။ 

Friday, April 26, 2019

ရိုဟင်ဂျာတွေအတွက် အကူအညီတွေလို အပ်နေ တယ်လို့ ကုလအကြီးအကဲတွေပြော

RFA 
လြတ္လပ္တဲ့ အာရွအသံ
2019-04-26
ကုလသမဂ္ဂအရာရှိ သုံးယောက်ရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ် သတင်းစာရှင်းလင်းပွဲ။
Photo: AFP

ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၂ သိန်း အတွက်အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ကုလသမဂ္ဂအကြီးအကဲ သုံးယောက်က မနေ့ကပြောလိုက်ပါတယ်။

Friday, April 12, 2019

ကုလသမဂ္ဂ သတင်းလွတ်လပ်ခွင့်ဆုကို ရိုက်တာသ တင်းထောက်နှစ်ဦး ရရှိ

Frontier
MYANMAR
ရဲမွန်
Thursday, April 11, 2019
ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ဖမ်းဆီးခံထားရသည်မှာ တစ်နှစ်ခွဲကျော်ရှိနေပြီဖြစ်သည်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ 

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်ကြောင်း စွပ်စွဲခံရမှုများနှင့်အတူ ထောင်ချခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သူ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ၂ဝ၁၉ ခုနှစ်အတွက် Guillermo Cano သတင်းလွတ်လပ်ခွင့်ဆုချီးမြှင့်ရန် ရွေးချယ်ကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ဧပြီ ၁ဝ ရက်တွင် ကြေညာသည်။

Saturday, April 6, 2019

ရခိုင်မှာ စစ်ရဟတ်ယာဉ်က ဗုံးကြဲခဲ့တဲ့ လုပ်ရပ်ကို ကုလသမဂ္ဂ ရှုတ်ချ

B B C
ဘီဘီစီ မြန်မာပိုင်း
ဧပြီလ ၆ ရက် ၂၀၁၉၊

ရခိုင်ပြည်နယ်တွင်း အရပ်သားတွေ ထိခိုက် သေဆုံးခဲ့ရတဲ့ အစိုးရစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်ထိ မြောက်နိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ရုံးက ရှုတ်ချ ပြောဆို လိုက်ပါတယ်။

ကုလရဲ့လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ စစ်ဆေးခွင့် လက်ခံမှာမဟုတ်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-05
မဝေမာထွန်း
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရတဲ့ အမေရိကန် ရှေ့နေ Nicholas Koumjian ကို တွေ့ရစဉ်
 
ကုလသမဂ္ဂကဖွဲ့စည်းပေးလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ ဥက္ကဋ္ဌ အမေရိကန်နိုင်ငံက ရှေ့နေ Nicholas Koumjian နဲ့ အဖွဲ့ဝင်တွေကို မြန်မာပြည်တွင်း ဝင်ရောက်စုံစမ်း စစ်ဆေးခွင့် ပြုမှာမဟုတ်ဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ မုတ်သုန်ဒဏ်ခံနိုင်ရေး ကုလ ကူညီ

VOA 
ဗွီအိုအေ (မြန်မာဌာန)
ကိုဉာဏ်ဝင်းအောင်၊နိုင်ငံတကာ
06 ဧပြီ၊ 2019
                                                                      UNHCR ပြောခွင့်ရပုဂ္ဂိုလ် Andrej Mahecic

မကြာခင်ကျရောက်လာတော့မယ့် မုတ်သုန်ရာသီ မတိုင်ခင် ဘင်္ဂလားဒေ့ရှ်နယ်စပ် Cox’s Bazar ဒုက္ခသည်စခန်း ထဲက ရိုဟင်ဂျာတွေကို မိုးလေဒဏ်ကနေ အကာကွယ်ပေးဖို့နဲ့ သဘာဝဘေးကို ဘယ်လို ကာကွယ် ရမလဲဆိုတဲ့ လေ့ကျင့်သင်ကြားမှုတွေကို ကုလသမဂ္ဂနဲ့ အခြား မဟာမိတ်အဖွဲ့တွေက ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က သော ကြာန့ ဂျနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ တုန်းက အဲဒီဒုက္ခသည်စခန်းမှာ ကြုံခဲ့ရတဲ့ အခြေအနေတွေပေါ် မူတည်ပြီး အခုလို ပြင်ဆင်မှုတွေ လုပ်လာတာလို့ ဆိုပါတယ်။

Wednesday, April 3, 2019

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရားအဖွဲ့ ဥက္ကဋ္ဌ ကုလခန့်အပ်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-03
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရတဲ့ အမေရိကန် ရှေ့နေ Nicholas Koumjian ကို တွေ့ရစဉ်

 
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ ဥက္ကဋ္ဌအဖြစ် အမေရိကန်နိုင်ငံက ရှေ့နေ Nicholas Koumjian ကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရက်စ် က ခန့်အပ်လိုက်ပါတယ်။
ဧပြီလ ၂ ရက်နေ့က ခန့်အပ်လိုက်တာဖြစ်ကြောင်း ကုလသမဂ္ဂက အတွင်းရေးမှူးချုပ်ရုံးက မနေ့က ကြေညာ လိုက်တာ ဖြစ်ပါတယ်။

Tuesday, March 26, 2019

ရိုဟင်ဂျာဒုက္ခသည်သိန်းချီ Bhasan Char ကျွန်းပို့ ရေးကူညီဖို့ ကုလစူးစမ်း

VOA
ဗွီအိုအေ (မြန်မာဌာန)
26 မတ်၊ 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေထဲက လူဦးရေတသိန်းကို လူမနေတဲ့ ကျွန်းတခု ဆီပြောင်း ရွှေ့ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကစီစဉ်နေတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဘက်က ဘယ်လိုကူ ညီနိုင်မလဲဆိုတာကို စုံစမ်းလေ့လာနေ ပါတယ်။

Sunday, March 24, 2019

မြန်မာ့လူ့အခွင့်အရေး စိုးရိမ်ကြောင်း ဆုံးဖြတ်ချက် ကုလလူ့အခွင့်အရေးကောင်စီ အတည်ပြု

VOA
ကိုအောင်လွင်ဦး
မြန်မာပိုင်း၊ 23 March'2019
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (မတ်၊ ၂၂၊ ၂၀၁၉)
 မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေအပေါ် စိုးရိမ်ကြောင်း ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မဲခွဲအတည်ပြုလိုက်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုး aဖာက်မှုတွေ ဆိုးဆိုးရွားရွား ရှိနေဆဲ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ် စား လှယ် တာဝန်ကိုလည်း ဆက်လက်သက်တမ်းတိုးဖို့ မနေ့တုန်းကပဲ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလ သမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ဆုံးဖြတ်လိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက ပြောပြ ပေးမှာ ဖြစ်ပါတယ်။

Friday, March 22, 2019

ကုလသမဂ္ဂလူ့ခွင့်အရေး အစီရင်ခံစာ တစ်ဖက်သတ် ဖြစ်လို့ မြန်မာလက်မခံ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-22
မသီရိမင်းဇင်
  မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ကို တွေ့ရစဥ်

လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ အစီရင်ခံစာဟာ တစ်ဖက်သတ်ဖြစ်နေကြောင်းနဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို လက်မခံကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်က မနေ့က တုံ့ပြန်ပြောကြားလိုက်ပါတယ်။

Thursday, March 21, 2019

ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာကို မြန်မာ ကန့်ကွက်

B  B  C 
ဘီဘီစီ မြန်မာပိုင်း
2019 March'21 
 
ဓာတ်ပုံ မူပိုင် Reuters

ဂျီနီဗာမြို့ ကုလသမဂ္ဂရုံးမှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်သွင်း ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာဟာ တဖက်သတ် ဖော်ပြထားချက်တွေ ဖြစ်တယ်လို့ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ထောက်ပြ ပြောကြားလိုက်ပါ တယ်။

Wednesday, March 20, 2019

မြောက်ဦးဒေသခံတွေ လုံခြုံရေး ပြည်ပရောက်ရခိုင် တွေစိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
20 မတ်၊ 2019
မသိင်္ဂီထိုက်
မြောက်ဦးမြို့တွင်း ပစ်ခတ်မှုက တဖက်သတ် မဟုတ်ဘဲ လက်နက်ကိုင်တပ် AA ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန် တာလို့ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေက ပြောဆိုပါတယ်။ တိုက်ပွဲတွေ ပစ်ခတ်မှုတွေ ခပ်စိပ်စိပ် ဖြစ်လာတဲ့ ရခိုင်ပြည်နယ်တွင်း အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ ရှေးဟောင်း အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ အပါအဝင် နိုင်ငံတ ကာ ဥပဒေတွေကို ပါဝင်ပတ်သက်သူတွေ အားလုံး တာဝန်ယူ တာဝန်ခံကြဖို့ ကုလသ မဂ္ဂက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် မကျေလည်မှုတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းကြဖို့လည်း ပြည်ပ ရောက် ရခိုင်တိုင်းရင်းသားတွေက တိုက်တွန်းလိုက်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

Saturday, March 16, 2019

AA နဲ့ ဖြစ်နေတဲ့ တိုက်ပွဲကိစ္စ ကုလစိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
16 မတ်၊ 2019
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric
 မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း မြန်မာအစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ကြား လက်ရှိဖြစ် ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး သောကြာနေ့ နေ့လည်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က အခုလိုပြောခဲ့ပါတယ်။

Friday, March 15, 2019

လူ့အခွင့်အရေးချိုးဖောက်မှုများ စုံစမ်းဖော်ထုတ်အရေး ယူဖို့ ကုလကော်မရှင် ခြေလှမ်းပြင်ဆင်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-15
မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး ၂ဝ၁၈ အောက်တိုဘာလ ၂၄ ရက်နေ့က လုံခြုံရေးကောင်စီတွင် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ မာဇူကီဒါရုစ်မန်း အစီရင်ခံတင်ပြစဉ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ လွတ်လပ်သော အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ FFM အနေနဲ့ ၂ဝ၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံက နိုင်ငံတကာရာဇဝတ်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုး aဖာက်မှုတွေ ကျူးလွန်ခဲ့ခြင်းရှိမရှိကို ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ဒီတွေ့ရှိချက်တွေကို ၂ဝ၁၉ စက်တင် ဘာလ လူ့အခွင့်အရေး ကောင်စီညီလာခံမှာ တင်ပြအစီအရင်ခံသွားမယ်လို့ FFM အဖွဲ့က မနေ့က ကြေညာ ချက် ထုတ်ပြန်ပါတယ်။

Thursday, March 14, 2019

ရိုဟင်ဂျာ နိုင်ငံမဲ့ အခြေအနေ ကူညီဖြေရှင်းဖို့ နိုင်ငံတ ကာကို ကုလတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုဉာဏ်ဝင်းအောင်
14 မတ်၊ 2019
ကုလသမဂ္ဂ လူနည်းစုဆိုင်ရာ အထူးစုံစမ်းရေးမှူး Mr. Fernand de Varennes (ဘယ်) အစီရင်ခံစာ တင်သွင်းစဉ်

ကမ္ဘာပေါ်က သန်းပေါင်းများစွာသော ပြည်သူတွေဟာ နိုင်ငံမဲ့ဖြစ်နေကြပြီး အဲဒီထဲမှာ ပါလက်စတိုင်း လူ မျိုးတွေပြီးရင် ရိုဟင်ဂျာ လူနည်းစုက ဒုတိယ အများဆုံးဖြစ်ပြီး အခြေအနေတွေဟာ စိုးရိမ်ရတယ်လို့ ကုလသမဂ္ဂလူ နည်း စုဆိုင်ရာ အထူးစုံစမ်းရေးမှူးက ဗုဒ္ဓဟူးနေ့ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီမှာ ပြောကြား လိုက်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ နိုင်ငံသား ခံယူခွင့်နဲ့ ပတ်သက်ပြီး အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု ဥပဒေအရ လိုက်နာဆောင်ရွက်ခွင့် ရှိတယ်လို့ မြန်မာကိုယ်စားလှယ်က တုန့်ပြန်ဆွေးနွေးခဲ့ပါတယ်။

Wednesday, March 13, 2019

လူ့အခွင့်အရေးကောင်စီ မြန်မာ့အရေး အစည်းအဝေး

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-12              
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကို တွေ့ရစဉ်
 

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ၂ဝ၁၉ မတ်လ ၁၁ ရက်နေ့ကကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန် အစည်းအဝေးမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအ နေတွေကို အစီရင်ခံစာတင်သွင်းခဲ့ပြီး မြန်မာ့အရေး ICC ကို လွှဲပြောင်းဖို့ လုံခြုံရေးကောင်စီကို တိုက် တွန်းခဲ့ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */