" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, May 9, 2019

မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် ကုလစိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
09 မေ၊ 2019
အင်ကြင်းနိုင်

မှတ်တမ်းဓာတ်ပုံ - သတင်းလွတ်လပ်ခွင့် အတွက် ဆန္ဒ ပြခဲ့ကြစဉ်။ 

ရိုက်တာ သတင်းထောက်နှစ်ဦးကို သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်ပေးမယ့် မြန်မာနိုင်ငံမှာ သ တင်းလွတ်လပ်ခွင့်နဲ့ဒီမိုကရေစီ အရေးဟာ အလွန်ကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ရှိနေသေး ကြောင်း ကု လသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေက ဗုဒ္ဓဟူးနေ့က သတိပေး ပြော ကြားလိုက်ပါတယ်။ နိုင်ငံတကာ ဖိအားကြောင့် ရိုက်တာ သတင်းထောက်နှစ်ဦး လွတ်လာတာ ဖြစ်ပြီး မြန် မာနိုင်ငံမှာ သတင်းသမားတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အစိုးရနဲ့ စစ်တပ်က တရားစွဲ ဖမ်းဆီးနေ ဆဲဖြစ်ကြောင်း HRW လူ့အခွင့် အရေး အဖွဲ့ကလည်း ဗွီအိုအေကို ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့် အစုံကို ဆက်လက်တင်ဆက်မှာပါ။
မေလ (၇) ရက်နေ့က သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ လွတ်မြောက်လာတာကို ကြိုဆိုပေမယ့် သူတို့နှစ်ဦး ပြစ်မှုကျူးလွန်ကြောင်း တရားရုံးရဲ့ စီရင်ချက်ဟာ ပျက်ပျယ်မသွားတဲ့အတွက် နိုင်ငံရဲ့ တရားစီရင်ရေး ကဏ္ဍ တည့်မတ်မှု မရှိသေးတဲ့ အခြေအနေကို စိုးရိမ်မ ကင်းဖြစ်မိကြောင်း ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်တွေက မေလ (၈) ရက်နေ့ က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်း အင်ဒင်းရွာမှာ ရိုဟင်ဂျာ အမျိုးသားနဲ့ ယောကျ်ားလေးတွေ အစုလိုက်vအပြုံလိုက် သတ်ဖြတ်ခံရမှုကို ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ စုံစမ်းဖေါ်ထုတ် သတင်းလိုက်နေစဉ် အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး ၁၉၂၃ ခုနှစ်က ပြဌာန်းခဲ့တဲ့ အစိုးရလျှို့ဝှက်ချက် ဥပဒေချိုးဖောက်မှုနဲ့ ထောင် ဒဏ် (၇)နှစ်စီ ချ မှတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို သူတို့နှစ်ဦး လွတ်လာပြီး မိသားစုနဲ့အတူ ပြန်လည်စုံဆည်ခွင့်ရတာ၊ ကျန်ရှိနေတဲ့ ထောင်ဒဏ်နှစ်သက် တမ်းကို ဆက်လက် ကျခံဖို့ မလိုတော့တာ တွေဟာ ကောင်းတဲ့ သတင်းဖြစ်ပေမယ့် သူတို့ကို အစိုးရ လျှို့ဝှက်ချက် ဥပဒေချိုးဖောက်မှုနဲ့ ပြစ်ဒဏ်ချမှတ်မှုကို တရားရုံးက ရုပ်သိမ်းခြင်းမရှိသေး သလို၊ အစက တည်းကိုက သူတို့ကို တရားစွဲဖို့ မသင့်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူအခွင့်အရေး အထူးကိုယ် စား လှယ် Yanghee Lee နဲ့ ကုလသမဂ္ဂ လွတ်လပ်စွာ ပြောဆိုထုတ်ဖေါ်ခွင့် ဆိုင်ရာ အထူးကိုယ်စားလှယ် David Kaye တို့ ရဲ့ ပူးတွဲကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အလားတူ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးကလည်း သူတို့နှစ်ဦး လွတ် မြောက်လာတာကို ကြိုဆိုပေမဲ့ ဒါဟာ နိုင်ငံတကာ ဖိအားကြောင့်သာ ဖြစ်ပြီး သတင်းလွတ်လပ်ခွင့် အခြေအနေဟာ မြန်မာနိုင်ငံမှာ အလွန်ဆိုးရွာနေကြောင်း HRW အာရှရေးရာ တာဝန်ခံ Brad Adams က ဗွီအိုအေကို ပြောပါတယ်။

“ ရိုက်တာ သတင်းထောက်နှစ်ဦး သူတို့ သတင်းအလုပ်ကို သူတို့လုပ်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရ သိကြောင်း အလွန်ထင်ရှားပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦး ဖမ်းဆီးပြီး ရက်ပေါင်း ၅၀၀ ကျော် ထောင်ထဲမှာ ထိမ်းသိမ်းခဲ့တာပါ။ သူတို့နှစ်ဦး လွှတ်ပေးလိုက်တဲ့အတွက် ကမ္ဘာတဝန်းက လူအတော်များ များကနေ သတင်းလွတ်လပ်ခွင့်အတွက် အခြေအနေကောင်း ဖြစ်လာပြီးလားလို့ အစောပိုင်းက မေးခွန်း ထုတ်ခဲ့ကြပါတယ်။ ကံမကောင်းစွာပဲ မဟုတ်ဘူးလို့ပဲ ဖြေရမှာပါ။”

တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်က သတင်းတွေကို ရေးသားခဲ့တဲ့ ဧရာဝတီ နဲ့ အခြား သတင်းဌာနတွေ၊ နောက် စစ်တပ်ကို ဝေဖန်သူတွေကို တရားစွဲထားတဲ့ အခြေအနေကိုလည်း သူတို့ စောင့်ကြည့်နေ ကြောင်း Brad Adams က အခုလိုပြောပါတယ်။

“ ဒီလို လွှတ်ပေးလိုက်တာဟာနိုင်ငံတကာရဲ့ ဖိအား ထိရောက်ခဲ့တယ်ဆိုတဲ့ လက္ခဏာပါ။ နောက်ဆုံးမှာ အစိုးရရော၊ စစ်တပ်ကပါ ရိုက်တာ သတင်းထောက်တွေနဲ့ ပတ်သက်လို့ အမြဲတုန့်ပြန် ပြောဆိုနေရတဲ့ အဖြစ် မျိုး မလိုလားတော့ဘူးဆိုတဲ့ အခြေအနေကို သဘောတူခဲ့ကြလို့ ဖြစ်ပါတယ်။ ဒါပေမယ့် အခြား သတင်းသမား အမြောက်အများဟာ သူတို့ သတင်းအလုပ်ကို သူတို့လုပ်တယ်ဆိုပေမယ့် ထောင်ဒဏ်၊ ပြစ်မှုကျူး လွန်မှု စွဲချက် စတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဧရာဝတီအပါအဝင် အခြား သတင်းဌာနတွေ၊ သတင်း သမား တဦးချင်းစီ အလိုက်တရား စွဲခံနေရပါတယ်။ တချို့ကို စစ်တပ်က တရားစွဲထားသလို၊ တချို့ကို NLD ပါတီအဖွဲ့ဝင်တွေကတောင် တရားစွဲထားတာတွေရှိပါတယ်။ Facebook မှာ ဝေဖန်ပြောဆိုခဲ့တဲ့အတွက် လူတွေကို ဖမ်းဆီး၊ တရားစွဲတာမျိုးလည်း တွေ့ရပါတယ်။ နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ မလိုလားတဲ့ စစ်တပ်ကို ဝေဖန်ပြောဆိုလို့ ဖမ်းဆီး ထိန်းသိမ်းတဲ့ ဖြစ်ရပ်တွေအပေါ် ကျနော်တို့ အံသြ သင့်မိ ပါတယ်။”

မနေ့က ထုတ်ပြန်တဲ့ Yanghee Lee နဲ့ David Kaye တို့ရဲ့ပူးတွဲကြေညာချက်မှာလည်း ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့ AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့နဲ့မြန်မာစစ်တပ်ကြား ပဋိပက္ခတွေ အကြောင်း သတင်းရေး သားမှုနဲ့ ပတ်သက်လို့ ဧရာဝတီ၊ RFA လွတ်လပ်တဲ့အာရှအသံနဲ့DMG ရခိုင်သတင်းဌာနက အယ်ဒီ တာတွေ ကို စစ်တပ်ကနေ မကြာသေးခင်က တရားစွဲထားတဲ့ အခြေအနေကို ထောက်ပြထားပါတယ်။

အခုလိုမျိုး ရခိုင်ပြည်နယ်က အခြေအနေတွေကို သတင်းရေးသားမှု အပေါ် တရားစွဲတာ၊ ရခိုင်မှာ ကျန်ရှိနေ တဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်း အပါအဝင် အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိူးဖောက်တဲ့ ပြစ်မှုကျူး လွန်မှု သ တင်းတွေ ရေးသားဖေါ်ထုတ်ဖို့ ကန့်သတ်ပိတ်ပင်တာ စတဲ့အခြေအနေတွေကိုလည်းကုလ အထူး ကိုယ်စားလှယ်တွေက ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဒါအပြင် လွတ်လပ်တဲ့ တရားစီရင်မှုနဲ့ လူ့အခွင့်အရေးကို လေးစားတဲ့ ဒီမိုကရေစီစနစ်ကို အစိုးရက အ ကောင် အထည် ဖေါ်ဆောင်ဖို့ သံဓိဌာန် ခိုင်မာမှု ရှိမရှိကို အရင်ကတည်းက စိုးရိမ်မှုတွေရှိခဲ့တယ်ဆိုတာ သူတို့အနေနဲ့ ထောက်ပြခဲ့ကြောင်းလည်း ဆိုပါတယ်။ ဒါကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီ ဖေါ်ဆောင်ရေးနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ ပြောင်းပြန်လှန်ပစ်ရေး အတွက် လိုအပ်တဲ့ ပြုပြောင်းလဲမှုတွေကို ဆောင်ရွက်ဖို့ မြန်မာ အစိုးရကို ထပ်မံတိုက် တွန်းကြောင်း ပူးတွဲကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနှစ်ကူးကို ကြိုဆိုတဲ့အနေနဲ့နှစ်စဉ် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့နိုင်ငံတဝှမ်းက အကျဉ်း ထောင် တွေ ကနေ ထောင်ပေါင်းများစွာသော အကျဉ်းသူ၊ အကျဉ်းသားတွေကို လွှတ်ပေးတဲ့နေရာမှာ အ များစုကို ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ဥပဒေတွေဟာ အရေးတကြီး ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေကြောင်းလည်း လူ့အခွင့် အရေးဆိုင်ရာ ကုလ စုံစမ်းရေးမှူးတွေက ပြောပါတယ်။ နိုင်ငံရေးလှုပ်ရှားကြောင့် ထောင်ချခံရ သူတချို့ လွတ်မြောက်လာပေမယ့် နိုင်ငံရေးအကျဉ်းသား အယောက် ၂၀လောက် အနည်းဆုံး ထောင်ထဲမှာ ရှိနေ သေးကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */