" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 22, 2019

ကုလသမဂ္ဂလူ့ခွင့်အရေး အစီရင်ခံစာ တစ်ဖက်သတ် ဖြစ်လို့ မြန်မာလက်မခံ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-22
မသီရိမင်းဇင်
  မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ကို တွေ့ရစဥ်

လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ အစီရင်ခံစာဟာ တစ်ဖက်သတ်ဖြစ်နေကြောင်းနဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို လက်မခံကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်က မနေ့က တုံ့ပြန်ပြောကြားလိုက်ပါတယ်။

တဆက်တည်းမှာပဲ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအတွက် နည်းပညာ ကူညီထောက် ပံ့မှုတွေ ပေးဖို့လည်း မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း က လူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီးကို တိုက်တွန်းလိုက်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ ကိုင် တွယ်ဖြေရှင်းဖို့ ဆန္ဒရှိသလို ဖြေရှင်းနိုင်စွမ်းလည်းရှိကြောင်း၊ အဲဒါကြောင့် နိုင်ငံတကာ တရားစီရင်ရေးကို ရောက်အောင်လုပ်ဆောင်နေတဲ့ ဘယ်လိုကြိုးပမ်းမှုမျိုးကိုမဆို ပြင်းထန်စွာ ပယ်ချကြောင်းလည်း ဦးကျော် မိုးထွန်းက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေရှိပေမယ့် မြန်မာနိုင်ငံကို ပစ်မှတ်ထားပြီး ကုလ သမဂ္ဂရဲ့ များပြားတဲ့ ယန္တရားတွေအောက်မှာ မျှတမှုမရှိတဲ့ စစ်ဆေးမှုတွေပြုလုပ်တာကို ခံနေရေ ကြောင်း လည်း ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့လိုက်တာပါ။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */