" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, May 1, 2019

ရိုဟင်ဂျာပြန်ရေး ယုံကြည်မှု မတည်ဆောက်နိုင်ဟု ကုလဝေဖန်

VOA
ဗွီအိုအေ (မြန်မာဌာန)
30 ဧပြီ၊ 2019
မဆုမွန်
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ မူဆလင်တွေ နေရပ်ရင်းပြန်နိုင်ရေးမှာ မြန်မာဘက်က ယုံကြည်မှုမ တည် ဆောက်နိုင်ဘူးလို့ ကုလအကြီးအကဲတဦး ပြောဆိုလိုက်ချိန်မှာပဲ၊ လတ်တလော ရခိုင်ပြည်နယ်တွင်းဖြစ်နေတဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ဒုက္ခသည်တွေနေရပ်ပြန်ရေးဟာ ပိုဝေးနေပါတယ်။ 

ဘင်္ဂလားဒေ့ရ်ှရောက် ဒုက္ခသည်တွေတွေတင်မက ရခိုင်မှာကျန်တဲ့ ရိုဟင်ဂျာတွေ အတွက်တောင် လုံခြုံရေး စိုးရိမ်စရာဖြစ်နေတယ်လို့ မောင်တောဒေသခံ ရိုဟင်ဂျာတွေက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် ပြောပြပေးပါ။

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာမူဆလင် ၇ သိန်းကျော် ဘင်္ဂလားဒေရှ့်နိုင်ငံဘက် ထွက်ပြေးသွားရတဲ့ အခြေခံအကြောင်းရင်း တွေကို ကိုင်တွယ်ဖြေရှင်းမှု တိုးတက်တာ မရှိသေးဘူးလို့ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ကုလသမဂ္ဂ အကြီးအကဲ Mark Lowcock ကပြောဆိုလိုက်ပါတယ်။ အဓိကကတော့ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ဒုက္ခသည်တွေ မူရင်းနေရာတွေကို ပြန်သွားဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို သွားပြီး ဒုက္ခသည်တွေနဲ့ တွေ့ခဲ့ပြီး သူစ ကားပြောခဲ့တဲ့ ဒုက္ခသည်တွေအားလုံးက သူတို့ပြန်ဖို့အတွက် လုံခြုံစိတ်ချရပြီလို့ မယူဆကြတဲ့အကြောင်းနဲ့ လွတ်လပ်စွာ သွားလာခွင့်ရပြီး ပညာရေး၊ အလုပ်အကိုင် စတဲ့အခွင့်အလမ်းတွေ ရှိမယ်ဆိုတဲ့ အာမခံချက်မျိုး လိုချင်ကြတဲ့အကြောင်းကုလ အကြီးအကဲကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေ အများဆုံးခိုလှုံနေထိုင်ရာ ကုတုပလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်ကလည်း ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်နိုင်ရေးအနေအထား ကို စောင့်ဆိုင်းနေကြပေမဲ့လို့ လုံခြုံရေး စိုးရိမ်မှုတွေရှိနေကြတုန်းပဲလို့ ပြောပါတယ်။

“ဟုတ်ကဲ့ပါ အခုလောလောဆည် ကျနော်တို့ကတော့ မြန်မာနိုင်ငံကိုသွားဖို့ ကျနော်တို့လည်း စောင့်မျှော်နေကြတယ် ဒါပေမယ့် မြန်မာအစိုးရစီကနေ တုံ့ပြန်လာတာမျိုးတွေ အခုအထိမရှိသေးပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုး ရ ကလည်း ပြောတယ် ကျနော်တို့လည်း အမြဲတမ်းပြောနေတယ်။ ကျနော်တို့က လက်မခံဘူး မြန် မာနိုင်ငံကိုပဲ ကျနော်တို့က သွားချင်တာပါဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးကို တုံ့ပြန်ခဲ့တာ ရှိပါတယ်။ အဓိက ကျနော်တို့က မြန်မာအစိုးရစီကနေ တောင်းဆိုချင်တာတခုကတော့ ကျနော်တို့ မြန်မာနိုင်ငံကို သွား ပြီးတော့ ကျနော်တို့ ကျန်ခဲ့တဲ့ ဥစ္စာပစ္စည်းတွေ ၊ ကျနော်တို့ နေခဲ့တဲ့ အိမ်ရာမြေ မူလနေရာ နဲ့ ကျနော်တို့ အဓိ က လုံခြုံရေးပေါ့ ၊ နိုင်ငံသားအခွင့်အရေးနဲ့ ကျနော်တို့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အကုန်လုံးအ ဆင်ပြေ အောင် လုပ်ပေးမယ်ဆိုရင် ကျနော်တို့ အကုန်လုံးသွားမှာပါ။

မေး။ ။ အဲဒီတော့ လောလောဆည် ဒုက္ခသည်စခန်းထဲမှာရော ပြန်ဖို့သွားဖို့ ကိစ္စ ဘာများသတင်းကြားတာရှိ ပါသလဲ။

ဖြေ။ ။ ပြန်လို့ရမယ်ဆိုပြီးတော့ လူတွေက အဲဒါကိုပဲ စောင့်နေကြတယ်။ အဲဒီစာရင်းပေးထားပြီးသား လူတွေ  ကတော့ လောလောဆည် ဒန်ဆူလီ ဒုက္ခသည်စခန်းမှာ နည်းနည်းရှိသေးတယ်၊ နောက် ဟူဆီဘာစခန်း ၂၂ မှာ ရှိတယ်။ ဒီမှာလည်း အစက ကျနော်တို့ Smart Card ကို လက်မခံခဲ့ဘူး၊ အခု Smart Card စောင့်နေ တာက ၂ လလောက်ရှိပြီ။ Smart Card ရဲ့ ဘိုင်အိုမှာ သူတို့က ရိုဟင်ဂျာလူမျိုးဆိုပြီးတော့ ရေးတာရှိတယ်။ အခုအကုန်လုံးလုပ်နေကြတယ် Smart Card ကို။”

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းပြန်လိုကြပေမဲ့လို့ စိုးရိမ်မှုတွေရှိနေကြသလို ရခိုင် ပြည်နယ်ထဲမှာပဲ တဘက်နိုင်ငံကိုမပြေးပဲ ကျန်ခဲ့တဲ့ ရိုဟင်ဂျာမူဆလင်တွေမှာလည်း လတ်တလော ရခိုင် တပ်နဲ့ အစိုးရတပ်တို့ကြား ရင်ဆိုင်တိုက်ပွဲတွေကြောင့် အသက်ဘေးစိုးရိမ်နေကြရတယ်လို့ မောင် တောမြို့ နယ် မြို့သူကြီးကျေးရွာသား ရိုဟင်ဂျာမူဆလင်တဦးဖြစ်တဲ့ ဦးလှထွန်းကလည်း ပြောပြပါတယ်။

“အားလုံးက ပြန်လာချင်နေကြတယ် ဒါပေမယ့် ဒီမှာ နေတယ်ဆိုတော့ ဒီက အခြေအနေတွေကို အကုန် သိတယ်။ ဆိုတော့ လုံခြုံရေးကစပြီးတော့ ဘာမှအဆင်မပြေဘူး။ ဟိုဘက်က လူတွေ ပြန်လာမယ် မလာ ဘူးဆိုတာလည်း ကျနော်တို့ ဒီနိုင်ငံက မြန်မာအစိုးရနဲ့ပဲ သက်ဆိုင်တယ်။ သူတို့က စေတနာရှိရှိ စီစဉ်ပေးရင် ပြန်လာလို့တော့ရတယ်။ ကျနော်တို့လူတွေ ပြန်လာနိုင်လောက်တဲ့အခြေအနေတခုကို ဟိုမှာ မရှိဘူး ကြာ လည်းကြာသွားပြီ အခုဘာမှ လုပ်ပေးတာ ကျနော်တို့ မတွေ့ရဘူး။ ဒါပေမယ့် အထူးသဖြင့် ဘူးသီးတောင် ဘက်မှာဆိုရင် လူတွေက တော်တော်ကို ဒုက္ခရောက်နေတယ် နောက်ပြီးတော့ နယ်ဘက်မှာက သူတို့ သိပ် ပြီးတော့ လုံခြုံတာမဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်ရွာ ကိုယ့်ပြည်ဆိုပြီးတော့ နေနေတာပေါ့နော်။”

လတ်တလောမှာတော့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လျာထားတဲ့ ရန်ပုံငွေ မရရှိသေးတဲ့အတွက် အဲ့ဒီ့ လိုအပ်တဲ့ရန်ပုံငွေကို မရဘူးဆိုရင် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလို ကိစ္စရပ်တွေမှာ ဆိုးရွား တဲ့အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့လည်း ကုလအကြီးအကဲ ကလည်း သတိပေးပြောဆိုသွားပါတယ်။

ကုတုပလောင်ဒုက္ခသည်စခန်းက ဦးမောင်မောင်ကလည်း သူကိုယ်တိုင် ကျန်းမာရေးမကောင်းတဲ့ အနေ အထားဖြစ်နေချိန် စခန်းတွင်း ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အခက်ခဲကြုံရတယ်လို့လည်း သူ့အတွေ့ အကြုံပြောပြပါတယ်။

“အခု ကြုံတွေ့ရတာက အဓိက ကျနော်တို့ ကျန်းမာရေး ကိစ္စပါ။ အခုလူတိုင်းမှာ အမျိုးမျိုးရောဂါဖြစ်နေကြ တာ။ ကျနော်တို့ ဒီမှာရှိတဲ့လူတွေ ဆေးရုံမှာ သွားမယ်ဆိုရင် သိပ်အဆင်မပြေဘူး။ ကျနော်တို့ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေတဲ့အခြေအနေမှာ ဒီဘက်ကနေ ဒါတွေလုပ်ပေးမယ်၊ ဟိုဟာလုပ်ပေးမယ် ဆိုရင် လက်ခံမယ်ဆိုရင်တော့ သူတို့ ပြန်ကြားပေးတယ်။”

အခုလိုကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက သုံးနှုန်းခေါ်ဆိုတဲ့ ရိုဟင်ဂျာဆိုတာကို မြန်မာအစိုးရက လက်မခံပါဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်တိမ်းရှောင်သွားတဲ့ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ကိစ္စကိုတော့ ဘင်္ဂ လားဒေ့ရှ်နိုင်ငံနဲ့သာမက ကုလသမဂ္ဂနဲ့ပါ ပူးပေါင်းဆောင်ရွက် နေတယ်လို့ မြန်မာအစိုးရတာဝန်ရှိသူတွေက ပြောထားပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */