" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, March 24, 2019

မြန်မာ့လူ့အခွင့်အရေး စိုးရိမ်ကြောင်း ဆုံးဖြတ်ချက် ကုလလူ့အခွင့်အရေးကောင်စီ အတည်ပြု

VOA
ကိုအောင်လွင်ဦး
မြန်မာပိုင်း၊ 23 March'2019
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (မတ်၊ ၂၂၊ ၂၀၁၉)
 မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေအပေါ် စိုးရိမ်ကြောင်း ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မဲခွဲအတည်ပြုလိုက်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုး aဖာက်မှုတွေ ဆိုးဆိုးရွားရွား ရှိနေဆဲ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ် စား လှယ် တာဝန်ကိုလည်း ဆက်လက်သက်တမ်းတိုးဖို့ မနေ့တုန်းကပဲ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလ သမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ဆုံးဖြတ်လိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက ပြောပြ ပေးမှာ ဖြစ်ပါတယ်။
ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေ အပါအဝင် တိုင်းရင်းသား ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ အပါ အဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်နေတဲ့အပေါ် အလွန်အမင်း စိုးရိမ် ကြောင်း ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၃၇ မဲ၊ ကန့်ကွက်မဲ ၃ မဲနဲ့ အတည်ပြုလိုက်တာပါ။ နိုင်ငံ ၇ နိုင်ငံက မဲ မပေးဘဲ နေခဲ့တဲ့ ဆုံးဖြတ်ချက်ထဲမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲခံ ထားရတဲ့ မြန်မာလုံခြုံ ရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ချက်ခြင်းရပ်ဆိုင်းဖို့လည်း တိုက်တွန်းထားတာပါ။ မြန်မာနိုင်ငံက လူ့အခွင့် အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ စိုးရိမ်မှုတွေ ကိုတော့ ဥရောပသမဂ္ဂ (EU) ကိုယ်စား ရိုမေးနီးယားနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး Adrian Cosmin Vierita က ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းရာမှာ အလေးထား ပြောဆိုသွားပါတယ်။

“ဆုံးဖြတ်ချက်ကို အများဆန္ဒနဲ့ ချမှတ်တာဟာ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှုတွေ ရှိဖို့အတွက်သာမက နိုင်ငံ တကာ အသိုင်းအဝန်းကြားမှာ စိုးရိမ်စရာ ကိစ္စတခုအဖြစ် ရှိနေဆဲဖြစ်တဲ့ ရိုဟင်ဂျာတွေအပါအဝင် လူ့အခွင့်အ ရေး ချိုးဖောက်ခံရသူတွေကိုပါ အခိုင်အမာ အားပေးထောက်ခံတဲ့ သတင်းစကားပါးရာ ရောက်ပါတယ်။”

ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးခိုလှုံနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင် ငံကလည်း ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ပြောဆိုခဲ့သလို ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး တိုးတက်မှု မရှိသေးတာကိုလည်း အလေးထား ပြောကြားခဲ့တာပါ။ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားတဲ့ မြန်မာအစိုးရကတော့ ဆုံးဖြတ်ချက်ဟာ တဖက်သတ်ဆန်ပြီး ရခိုင်ပြည်နယ်က လူတစုကို သာ အ လေးထားနေတာ ထင်ရှားနေတယ်ဆိုပြီး ဆုံးဖြတ်ချက်ကို လက်မခံနိုင်တဲ့အကြောင်း ဂျနီဗာအခြေစိုက် ကုလ သမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တုံ့ပြန်ခဲ့ပါတယ်။

“မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ လိုသလိုကောက်ချက်ဆွဲပြီး နိုင်ငံရေး ရည်ရွယ်ချက်တွေလည်း ပါဝင်နေတဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအတွက် အထောက်အကူ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ ဆန္ဒရှိမယ်ဆိုရင် ဥရောပသမဂ္ဂနဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ပူးတွဲတင်သွင်းခဲ့ကြတဲ့ နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍတွေကနေ ပါဝင်နိုင်ကြမှာဖြစ်ပါတယ်။”

နိုင်ငံတနိုင်ငံ အပေါ် သီးခြားဆုံးဖြတ်ချက် ချမှတ်တာကိုလည်း မူအရလက်မခံနိုင်ကြောင်းနဲ့ မြန်မာနိုင်ငံကလက် မခံတဲ့ ဆုံးဖြတ်ချက် ဖြစ်တာကြောင့် လိုက်နာမှာ မဟုတ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ ဆုံးဖြတ်ချက် ကို ကန့် ကွက်ခဲ့တဲ့ တရုတ်နိုင်ငံက ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် Jiang Duan ကလည်း မြန်မာနိုင်ငံရဲ့ ရပ်တည် ချက် အပေါ် ထောက်ခံပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို နိုင်ငံတကာ အသိုင်းအဝန်းက လေးစားဖို့ လိုအပ်သလို၊ လူ့အခွင့်အရေး တိုးတက်မှု အခြေအနေတွေကိုလည်း ဘက်ပေါင်းစုံကနေ ထည့်သွင်းသုံးသပ်သင့်ပါတယ်။ ဒါမှသာ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကိုလည်း နားလည်သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။

 လူ့အခွင့်အရေး ကောင်စီ အနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ သာ ယာဝပြောရေးအတွက် ကြိုးပမ်းမှုတွေကို အာရုံစိုက်ပြီး အရှိန်မြှင့်နိုင်အောင် အားပေးသင့်ပါတယ်။”

လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာတော့ ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ (AA) တို့ကြား တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ တာတွေကိုလည်း ထောက်ပြထားပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေအရ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်ကို ဆက်လက် သက်တမ်းတိုးဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာအစိုးရက ဝင်ခွင့်မပေးပဲ တားမြစ်ထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားတာပါ။ တချိန်တည်းမှာပဲ အချေအတင် ဖြစ် စရာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီတရပ် ဖွဲ့စည်းပြီး ကြိုးပမ်းနေတာ၊ ပဋိပက္ခတွေအ တွင်း လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂကြား ဆက် သွယ် ကြိုးပမ်းလာတာတွေကိုတော့ တိုးတက်ဖြစ်ထွန်းမှု တချို့အဖြစ်နဲ့လည်း ထည့်သွင်းဖော်ပြထားပါ တယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေအပေါ် စိုးရိမ်ကြောင်း ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ လူ့အ ခွင့်အရေးကောင်စီက မဲခွဲအတည်ပြုလိုက်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ရှိနေဆဲ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ် စားလှယ် တာဝန်ကိုလည်း ဆက်လက်သက်တမ်းတိုးဖို့ မနေ့တုန်းကပဲ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ဆုံးဖြတ်လိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေ အပါအဝင် တိုင်းရင်းသား ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ အပါ အဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်နေတဲ့အပေါ် အလွန်အမင်း စိုးရိမ်ကြောင်း ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၃၇ မဲ၊ ကန့်ကွက်မဲ ၃ မဲနဲ့ အတည်ပြုလိုက်တာပါ။ နိုင်ငံ ၇ နိုင်ငံက မဲ မပေးဘဲနေခဲ့တဲ့ ဆုံးဖြတ်ချက်ထဲမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲခံ ထားရတဲ့ မြန်မာလုံခြုံ ရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ချက်ခြင်းရပ်ဆိုင်းဖို့လည်း တိုက်တွန်းထားတာ ပါ။ မြန်မာနိုင်ငံက လူ့အခွင့်အ ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ စိုးရိမ်မှုတွေ ကိုတော့ ဥရောပသမဂ္ဂ (EU) ကိုယ်စား ရိုမေးနီးယားနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး Adrian Cosmin Vierita က ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းရာမှာ အလေးထား ပြောဆိုသွားပါတယ်။

“ဆုံးဖြတ်ချက်ကို အများဆန္ဒနဲ့ ချမှတ်တာဟာ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှုတွေ ရှိဖို့အတွက်သာမက နိုင်ငံ တကာ အသိုင်းအဝန်းကြားမှာ စိုးရိမ်စရာ ကိစ္စတခုအဖြစ် ရှိနေဆဲဖြစ်တဲ့ ရိုဟင်ဂျာတွေအပါအဝင် လူ့အခွင့်အ ရေး ချိုးဖောက်ခံရသူတွေကိုပါ အခိုင်အမာ အားပေးထောက်ခံတဲ့ သတင်းစကားပါးရာ ရောက်ပါ တယ်။”

ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးခိုလှုံနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လည်း ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ပြောဆိုခဲ့သလို ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး တိုးတက်မှု မရှိသေးတာကိုလည်း အလေးထား ပြောကြားခဲ့တာပါ။ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမ ထားတဲ့ မြန်မာအစိုးရကတော့ ဆုံးဖြတ်ချက်ဟာ တဖက်သတ်ဆန်ပြီး ရခိုင်ပြည်နယ်က လူတစုကိုသာ အလေး ထားနေတာ ထင်ရှားနေတယ်ဆိုပြီး ဆုံးဖြတ်ချက်ကို လက်မခံနိုင်တဲ့အကြောင်း ဂျနီဗာအခြေ စိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တုံ့ပြန်ခဲ့ပါတယ်။

“မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ လိုသလိုကောက်ချက်ဆွဲပြီး နိုင်ငံရေး ရည်ရွယ်ချက်တွေလည်း ပါဝင်နေတဲ့ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအတွက် အထောက်အကူ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ ဆန္ဒရှိမယ်ဆိုရင် ဥရောပသမဂ္ဂနဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ပူးတွဲတင်သွင်းခဲ့ကြတဲ့ နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍတွေကနေ ပါဝင်နိုင်ကြမှာ ဖြစ်ပါတယ်။”

နိုင်ငံတနိုင်ငံ အပေါ် သီးခြားဆုံးဖြတ်ချက် ချမှတ်တာကိုလည်း မူအရလက်မခံနိုင်ကြောင်းနဲ့ မြန်မာနိုင်ငံကလက် မခံတဲ့ ဆုံးဖြတ်ချက် ဖြစ်တာကြောင့် လိုက်နာမှာ မဟုတ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ ဆုံးဖြတ်ချက်ကို ကန့် ကွက်ခဲ့တဲ့ တရုတ်နိုင်ငံက ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် Jiang Duan ကလည်း မြန်မာနိုင်ငံရဲ့ ရပ်တည် ချက်အပေါ် ထောက်ခံပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို နိုင်ငံတကာ အသိုင်းအဝန်းက လေးစားဖို့ လိုအပ်သလို၊ လူ့အခွင့်အရေး တိုးတက်မှု အခြေအနေတွေကိုလည်း ဘက်ပေါင်းစုံကနေ ထည့်သွင်းသုံးသပ်သင့်ပါတယ်။ ဒါမှသာ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကိုလည်း နားလည်သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။ လူ့အခွင့် အရေး ကောင်စီ အနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ သာယာ ဝပြောရေးအတွက် ကြိုးပမ်းမှုတွေကို အာရုံစိုက်ပြီး အရှိန်မြှင့်နိုင်အောင် အားပေးသင့်ပါတယ်။”

လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာတော့ ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ် ဖွဲ့ (AA) တို့ကြား တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ၊ အိုးအိမ်စွန့်ခွာ ထွက် ပြေးနေရတာတွေကိုလည်း ထောက်ပြထားပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေအရ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အ ထူးကိုယ်စားလှယ် တာဝန်ကို ဆက်လက် သက်တမ်းတိုးဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာအစိုးရက ဝင်ခွင့်မပေးပဲ တားမြစ်ထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားတာပါ။ တချိန်တည်းမှာပဲ အချေအ တင်ဖြစ် စရာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီတရပ် ဖွဲ့စည်းပြီး ကြိုးပမ်းနေတာ၊ ပဋိပက္ခတွေ အတွင်း လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂကြား ဆက် သွယ် ကြိုးပမ်းလာတာတွေကိုတော့ တိုးတက်ဖြစ်ထွန်းမှု တချို့အဖြစ်နဲ့လည်း ထည့်သွင်းဖော်ပြ ထား ပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */