" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, April 6, 2019

ကုလရဲ့လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ စစ်ဆေးခွင့် လက်ခံမှာမဟုတ်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-05
မဝေမာထွန်း
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရတဲ့ အမေရိကန် ရှေ့နေ Nicholas Koumjian ကို တွေ့ရစဉ်
 
ကုလသမဂ္ဂကဖွဲ့စည်းပေးလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ ဥက္ကဋ္ဌ အမေရိကန်နိုင်ငံက ရှေ့နေ Nicholas Koumjian နဲ့ အဖွဲ့ဝင်တွေကို မြန်မာပြည်တွင်း ဝင်ရောက်စုံစမ်း စစ်ဆေးခွင့် ပြုမှာမဟုတ်ဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။
ကုလသမဂ္ဂကဖွဲ့စည်းပေးလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ ဥက္ကဋ္ဌ အမေရိကန်နိုင်ငံက ရှေ့နေ Nicholas Koumjian နဲ့ အဖွဲ့ဝင်တွေကို မြန်မာပြည်တွင်းဝင်ရောက် စုံစမ်း စစ်ဆေးခွင့်ပြုမှာမဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ် ဦးချမ်းအေး က RFA ကို အတည်ပြုပြောပါတယ်။

"သူတို့ကိုယ်တိုင်ကတော့ ဘယ်လိုမှလာလို့မရဘူး။ ဒါကျနော်တို့ အချုပ်အခြာအာဏာနဲ့ ဆိုင်တယ်။ သူ တို့စပြီးတော့ လုပ်ကတည်းက ရည်ရွယ်ချက်နဲ့ ဘက်လိုက်မှုတွေနဲ့ ဦးတည်ချက်တွေကြောင့် သူတို့ကို လာ ခွင့်မပြုတာလေ။ ၂၀၁၈ စက်တင်ဘာလမှာ ဂျနီဗာမှာလုပ်တဲ့ လူ့အခွင့်အရေးကောင်စီမှာ ကျနော် တို့ က ကန့်ကွက်ပြီး လက်မခံဘူးဆိုပြီးတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတယ်"

အခုလ ၂ ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က မြန်မာနိုင်ငံဆိုင်ရာ လွတ် လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ ဥက္ကဋ္ဌအဖြစ် အမေရိကန်နိုင်ငံက ရှေ့နေ Nicholas Koumjian ကို တာဝန်ပေးကြောင်း ကြေညာခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး RFA က တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူး ချုပ် ဇော်မင်းထွန်း၊ အာဏာရပါတီ NLD က ဒေါက်တာမျိုးညွန့်နဲ့ အတိုက်အခံပါတီက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့်တို့ကို ဧပြီလ ၃ ရက်နေ့က မေးမြန်းခဲ့ရာမှာ ဒီအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို လက်မ ခံကြောင်းနဲ့ မြန် မာနိုင်ငံရေးအပေါ် အခုလို ဆောင်ရွက်တာအပေါ် သဘောမတူကြောင်း အသီးသီး ထုတ် ဖော်ပြောထားခဲ့ပြီးလည်း ဖြစ်ပါတယ်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့အနေနဲ့ ပြည်တွင်းကို ဝင်ခွင့်မရဘဲ မြန်မာနိုင်ငံ အတွင်းက လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရမှုကို တိကျတဲ့အချက်အလက်ရရှိဖို့ ဘယ်လိုစုံစမ်းမှုတွေ လုပ်ဆောင်နိုင်မလဲ ဆိုတဲ့အပေါ် ရခိုင်ပြည်အရေး လေ့လာသုံးသပ်သူ ဦးသာအေးက အခုလို ပြောပါတယ်။

"သူတို့ဝင်ခွင့်မပေးရင်လည်း ဒီအဖွဲ့အစည်းက သူတို့ဆီမှာလည်း ဒေတာအချက်အလက်တွေ ရနိုင်မယ့် နေရာတွေ အများကြီးရှိမှာပေါ့။ လူတွေက ဖြန့်ကျက်နေတာကို တစ်ကမ္ဘာလုံးမှာကို ဒီပြည်တွင်းမှာ ဝင်ခွင့် မပေးတာက ပြဿနာက ပိုပြီးတော့ ရှုတ်ထွေးနိုင်စေတာပေါ့။ အဲဒီလိုငြင်းဆိုနေတဲ့အတွက် နိုင်ငံတကာ က လည်း ပိုပြီးယုံကြည်မှုနည်းလာပြီးတော့မှ ဒီကိစ္စတွေပေါ်လာတယ်လို့ ကျနော်မြင်တယ်"

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးချမ်းအေးကလည်း ဒီအဖွဲ့အနေနဲ့ မြန်မာပြည်တွင်းကို ဝင်ရောက်လာနေတဲ့ တခြားကုလသမဂ္ဂအဖွဲ့တွေကနေ သူတို့စုံစမ်းသိလိုတဲ့ အကြောင်းအရာတွေကို သိ ရှိနိုင်တယ်လို့ ပြောပါတယ်။

"သူတို့တဖက်သတ် သူတို့ဘာသာ လုပ်သွားမှာပဲ။ မြန်မာနိုင်ငံရဲ့ တိုးတက်မှုတွေက သူတို့ဒီကို မလာ ပေမယ့်လည်း ဒီအပြင်လမ်းကြောင်းကနေ သူတို့သိနေတာပဲ။ ဒီအပြင်သတင်းအားလုံးက အင်တာနက် အိုင်တီခေတ်ကြီးထဲမှာ ကျနော်တို့ ဆောင်ရွက်နေတာတွေရှိတယ်။ တခြားနိုင်ငံတွေက ပြောနေတာတွေ လည်းရှိတယ်။ အဲနေရာတွေကို သူတို့မသွားပေမယ့်လည်း ကုလသမဂ္ဂ အထူးကိုယ်စား လှယ်အပါအဝင် သွားနေတဲ့သူတွေရှိတယ်။ အေဂျင်စီတွေက သွားနေတဲ့သူတွေရှိတယ်။ ကျနော်တို့ ခွင့်ပြုနေတာတွေရှိ တယ်။ ဒီလူတွေဆီရလည်း ရနိုင်တယ်"

ဒီအဖွဲ့ဟာ ၂၀၁၂ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို မြန်မာ့တပ်မ တော်က ဖိနှိပ်ခဲ့တာတွေနဲ့ တခြားတိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုတွေကို နိုင်ငံတ ကာရာဇဝတ်မှု တရားရုံးကို တင်ပြနိုင်ရေး ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဖွဲ့ ဥက္ကဋ္ဌ Mr. Koumjian ဟာ ၂၀၁၃ ခုနှစ်က ကမ္ဘောဒီးယား၊ ယူဂိုစလားဗီးယားနိုင်ငံဟောင်း၊ အရှေ့တီမော၊ Bosnia နဲ့ Herzegovina စတဲ့နိုင်ငံတွေရဲ့ ရာဇဝတ်မှုတွေ ဖော်ထုတ်တဲ့နေရာတွေမှာ အဓိက ပါဝင်ခဲ့တဲ့ အမှုလိုက်ရှေ့နေ တစ်ဦးဖြစ်ပါတယ်။

ဒါ့အပြင် ICC နိုင်ငံတကာရာ ရာဇဝတ်ခုံရုံးတရားစီရင်ရေးမှာ နှစ်ပေါင်း ၃၀ ကျော် အတွေ့အကြုံရှိသူ တစ် ယောက်လို့ သိရပါတယ်။

မြန်မာအစိုးရဘက်က ဒီအဖွဲ့ကို ဆက်လက်ကန့်ကွက်နေမယ်ဆိုရင် မြန်မာနိုင်ငံအတွက် အခွင့်အရေး ဆုံး ရှုံးနိုင်စရာရှိတယ်လို့ ညီမျှခြင်းမြန်မာအဖွဲ့ကို ဦးဆောင်သူ ဦးအောင်မျိုးမင်းက ပြောပါတယ်။

"အဲဒါနဲ့ ပတ်သက်လို့ သင်ခန်းစာတော့ ယူသင့်တယ်ဗျ။ အရင်တုန်းကရှိခဲ့တဲ့ FFM ဖြစ်ဖြစ် မစ္စရန်ဟီးလီ ပဲဖြစ်ဖြစ် အစိုးရက ပူးပေါင်းဆောင်ရွက်မှုမရှိပေမယ့် သူကိုကုလသမဂ္ဂက တာဝန်ပေးထားတဲ့အတိုင်း အချက်အလက်တွေ စုံစမ်းသွားတယ်။ စုံစမ်းတဲ့အခါမှာ ရတဲ့နေရာကို သွားပြီးယူရတဲ့အရာမျိုး ဘင်္ဂလား ဒေ့ရှ်နယ်စပ်ကိုသွားပြီး ယူရတဲ့ဟာမျိုးတွေ လုပ်လာတယ်။ အဲဒီအခါမှ ဘာဖြစ်လဲဆိုတဲ့အခါကျတော့ ရ တဲ့အချက်တွေကို မှားလားမှန်လားဆိုတာကို ဒီဘက်အစိုးရက စိစစ်ဝေဖန်နိုင်တဲ့ အရာမျိုးမရှိဘူး။ ကျ နော်တို့က ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ပြီးတော့ သက်သေပြနိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွား တာပေါ့ဗျာ"

ရခိုင်ပြည်နယ်အရေးအပါအဝင် တိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကိစ္စရပ် တွေကို မြန် မာအစိုးရက ကုလသမဂ္ဂအနေနဲ့ လက်တွဲဆောင်ရွက်မှုမရှိဘူးလို့ မြင်လာတာနဲ့အမျှ နိုင်ငံတကာ ဥပဒေ အရ အရေးယူဆောင်ရွက်နိုင်ရေး လှုပ်ရှားမှုတွေဟာ ပိုမိုပြင်းထန်လာတယ်လို့ လူ့အခွင့် အရေးလှုပ် ရှား သူတွေက သုံးသပ်ကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */